• Home
  • Blog
  • Learning
  • Download
  • Instagram
  • NT Addons
  • Parame

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram
  • NT Addons
  • Parame

3 Box Analysis

သင်တန်းတွေမှာ အသုံးပြုတဲ့ Tool လေးတစ်ခု ရေးကြည့်ပါရစေဦး။ ဒီ tool ကိုတော့ ငြိမ်းချမ်းရေး သင်တန်းတွေမှာ သုံးတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကလျာဏမိတ္တ ဖောင်ဒေးရှင်းရဲ့ ၂၀၁၇-၂၀၁၉ ခုနှစ်အတွက် Stragetic Plan ဆွဲတဲ့ နေရာမှာ သိလာခဲ့ရတာပါ။ အသုံးပြုပုံပြုနည်းကို Stragetic Plan ဆွဲနေပုံနှင့်ပဲ ရေးပြသွားပါ့မယ်။

IMG_20160619_114703
ပထမဦးဆုံး မြန်မာနိုင်ငံ တဝန်းလုံးရဲ့ လက်ရှိ ဖြစ်ပျက်နေတဲ့ ပြဿနာများကို ဖော်ထုတ်ပါတယ်။ ဖော်ထုတ်ပုံကတော့ Column ၃ ခုပါတဲ့ ဇယားလေးတခု ဆွဲချလိုက်ပါတယ်။ အဲဒီကော်လံ သုံးခုထဲက ပထမတခုမှာ Factor of peace ဒုတိယတခုမှာ Factor of conflict တတိယတခုမှာ Actor ဆိုပြီး ပါပါတယ်။ Factor of peace မှာ တကယ့်ကို ငြိမ်းချမ်းစေတဲ့ အချက်အလက်တွေကို ရေးရမှာ ဖြစ်ပါတယ်။ အဲဒီအချက်အတွက် အဓိက ဖန်တီးခဲ့သူ အဖြစ် တတိယအကွက်မှာ ချရေးပေးရပါမယ်။ Factor of conflict မှာလည်း တကယ် ပြဿနာ ဖြစ်စေတဲ့ အချက်အလက်များကို ရေးရပါမယ်။ အဲဒီ ပြဿနာတွေကို ဘယ်သူ ဖန်တီးနေတာလဲ တကယ့်ပြဿနာကို ဖြစ်ပေါ်စေတဲ့ ဖန်တီးသူကို Actor အကွက်မှာ ချရေးရပါမယ်။ Actor တကွက်တည်း ဖြစ်နေတဲ့ ကိစ္စက နောက်ပိုင်းကျရင် ဘယ်သူ့ကို သွားကိုင်တွယ်ရမလဲဆိုတာ အလိုလို ပေါ်လာပါလိမ့်မယ်။ ပြီးတော့ Actor က တကယ့် Change ကို ဖြစ်စေနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ရပါမယ်။ ယေဘုယျ မဆန်ရပါဘူး။ ဥပမာ မီဒီယာ၊ စက်ရုံ စသဖြင့် မဖြစ်ရပါဘူး။ အချက်အလက်ကို တကယ်ဖြစ်ပေါ်အောင် ပြုလုပ်နေသူ ဖြစ်နေရပါမယ်။ Actor ဆိုပေမယ့်လည်း သူတို့ ထုတ်ပြခဲ့တဲ့ဥပမာကတော့ “ရဲများ၏ အပြုအမူ” နှင့် “တရားဥပဒေအထက်တွင် ရှိနေသော လူတစ်စု” ဆိုပြီး ဖြစ်ပြန်ပါတယ်။ ဆိုတော့ ကိုင်တွယ်ရန် သေချာတဲ့ အနေအထားကို ဆိုလိုတာလို့ ပြောလို့ရပါတယ်။ Actor က။ အောက်ပါအတိုင်း တခုခုကို ကိုယ်တိုင် ခွဲခြမ်းကြည့်ပါ။
First Column = Factor of Peace
Second Column = Factor of Conflict
Third Column = Actor
ဒီလို ထွက်လာပါတယ်။
IMG_20160619_154631
ဒုတိယအနေနဲ့ အထက်ပါ မိမိတို့ ချရေးထားသော Factor အားလုံးကို သင်တန်းပေးသူများ သိပြီးသား Tool ဖြစ်တဲ့ Mind Map Tool နှင့် Web Chart Tool လိုခပ်ဆင်ဆင် ပုံစံ တခုလုပ်ခိုင်းပါတယ်။ ဘာကြောင့် ဘာဖြစ်တယ် ဆိုတဲ့ ပုံစံပါ။ ဥပမာ ဆရာဘိုက ကိုလံဘီယာနိုင်ငံရဲ့ သံသရာကို ရှင်းပြပါတယ်။ ဥပဒေကို လိုက်နာစရာမလိုတဲ့ လူတစ်စု ရှိတယ်။ သူတို့ကနေ တဆင့် လာဘ်စားမှု ဖြစ်တယ်။ အဲကနေ လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်။ တဆင့် ကွာဟလွန်းတဲ့ လူ့အသိုင်းအဝိုင်းကြီးတရပ် ဖြစ်ပေါ်လာတယ်။ ဆင်းရဲတဲ့သူက အလွန်ဆင်းရဲပြီး ချမ်းသာတဲ့သူက အလွန်ချမ်းသာသွားတဲ့အနေအထား။ ဆိုတော့ နိုင်ငံရေး ပဋိပက္ခတွေက မြင့်လာတယ်။ အဲဒီကနေ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာတယ်။ အကြမ်းဖက်မှုက ဥပဒေကို လိုက်နာစရာမလိုတဲ့ လူတစ်စုကို ဖြစ်ပေါ်စေတယ်။ သူ့ကို ပထမသံသရာအဖြစ် သတ်မှတ်ယ်။ ဒုတိယ သံသရာကလည်း ဥပဒေကို လိုက်နာစရာမလိုတဲ့ လူတစ်စုကနေ စတာပါပဲ။ ဒီအခြေအနေကို စစ်တပ်က နိုင်ငံရေးထဲ ဝင်လာဖို့ ဖြစ်လာတယ်။ မူးယစ်ဆေးတွေနဲ့ လက်နက် မှောင်ခို ကုန်ကူးမှုတွေ ဖြစ်ပေါ်လာတယ်။ အဲကနေ လူသားချင်း မစာနာမှုတွေ ပေါ်ပေါက်လာတယ်။ တဆင့်တော့ လူလူချင်း ဂရုမစိုက်တော့ဘူး။ ကိုယ်ကျင့်တရားတွေ ပျက်စီးလာတယ်။ နေရင်းထိုင်ရင်းကကို ကြောက်လန့်နေရတယ်။ အဲကနေ ဥပဒေကို လိုက်နာစရာမလိုတဲ့ လူတစ်ခု ပေါ်ပေါက်တာတယ်လို့ ဒုတိယသံသရာအဖြစ် လည်ပြပါတယ်။ တကယ့် အဓိကကျတဲ့ အချက်အလက်ကိုတော့ ရှာရပါတယ်။ ဘယ်လို အဓိက အချက်ကြီးလဲလို့ ဆိုရင် အဲဒီ အချက်ကို ပြင်လိုက်တာနဲ့ တပြိုင်နက် ဒီဒုက္ခ သံသရာ (သို့မဟုတ်) ဒီအမှား သံသရာကြီးက ပျောက်သွားပြီ ဆိုတဲ့ အချက်မျိုး။ ဒါမှ မဟုတ် အခြား Factor များကိုလည်း ကုစားပြီး ဖြစ်သွားတယ်ဆိုတဲ့ အချက်မျိုး။ အဲလို အဓိကကျတဲ့အချက်တွေကို ရှာလို့ ပြီးတော့ အဲဒီ သံသရာဇယားကြီးရဲ့ အချက် အချက်တွေမှာ Actor ကို ပြန်ပြီး ထည့်ခိုင်းပါတယ်။ ဥပမာ သဘာဝသယံဇာတ အလွန်အကျွံ ထုတ်ယူသုံးစွဲနေမှု ရဲ့ အဓိက Actor က ဘယ်သူလဲ ပေါ့။ လူနည်းစု အတွက် ရည်ရွယ်ချက် ရှိရှိ ဥပဒေကို ထုတ်ထားခြင်း ဆိုသည့် Actorက ဘယ်သူလဲပေါ့။ တချို့နေရာမှာ Actor က ရှိခြင်မှ ရှိနေမယ်။ ဖြစ်စဉ်ကြီးအရ ဖြစ်နေရတာ။ တချို့နေရာကျပြန်တော့လည်း Actor တွေက များချင် များနေလိမ့်မယ်။
IMG_20160619_155523
ဒီနေရာမှာက တကယ်တော့ Factor of Conflict ကို ရှာခဲ့ကြတာ။ Factor of Peace က ဘယ်နေရာ ဘယ်အချက်တွေမှာ ပေါ်လာသလဲဆိုတော့ ဘယ်အချက်ကြောင့် ဘယ်နေရာက ဘာလေးတော့ ဖြစ်လာရှာတယ် ဆိုတဲ့ အနေအထားမှာပါ။

တတိယအနေနဲ့ ပြဿနာတွေကို ဆန်းစစ်ပြီးပြီ ဖြစ်လို့ ကိုယ်မြင်ချင်တဲ့ ပန်းတိုင် တခုကို ဖန်တီးသတ်မှတ်ရမှာ ဖြစ်ပါတယ်။ ပန်းတိုင်က SMART goals ဖြစ်ရမယ်လို့လည်း ဆိုပါတယ်။ (S=Specific, M=Measurable, A=Achievable, R=Realistic and T=Time-bound) ဆိုတဲ့ SMART ဖြစ်တဲ့ ပန်းတိုင်နဲ့ ကိုက်ညီတဲ့ Mission နှင့် Vision ကိုလည်း တပါတည်း သတ်မှတ်နိုင်တယ်။ ဒါပေမယ့် ဒါက တကယ့်လက်တွေ လုပ်ငန်းစဉ်ကြီးကို ဆွဲကြည့်တဲ့အခါ အခြေအနေအပေါ် မူတည်ပြီး ပြောင်းရင် ပြောင်းသွားနိုင်ပါသေးတယ်။

စတုတ္ထအနေနဲ့ Goal အရ ကျွန်တော်တို့တတွေ လုပ်သင့်တဲ့ သို့တည်းမဟုတ် ဗုဒ္ဓဘာသာလူငယ်တွေ အနေနဲ့ လုပ်သင့်ပါတယ်လို့ ယူဆရတဲ့ ပင်မအချက်အလက်ကြီးတွေကို ဆွဲထုတ်ပါတယ်။ ဥပမာ သဘာဝပတ်ဝန်းကျင်၊ ပညာရေး စသဖြင့်ပေါ့။ လက်တွေ့မှာကျွန်တော်က ပညာရေး ဆိုတဲ့ဘက်မှာ Goal ဆီကိုရောက်မယ့် Vision နှင့် Mission ကို သွားပြီး ချပါတယ်။ Vision နှင့် Mission နဲ့ ဆီကို တကယ်ရောက်နိုင်မယ့် Activities တွေကို ပြန်ဆွဲပါတယ်။ ကျွန်တော်နဲ့ အတူ တကယ်ဆွဲခဲ့တဲ့ သူတွေမှာတော့ ဘုန်းကြီးသုံးပါး၊ သီလရင်တပါးနှင့် မင်္ဂလာဆရာတဦး၊ ဘ/က ကဆရာမတယောက်ပဲ ပါဝင်ခဲ့တယ်။ ဆိုတော့ NNER တို့လုပ်သလို ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ ဘတ်ဂျက် ၂၀%ရရှိရေး စသဖြင့်တော့ မဟုတ်နိုင်တော့ပါဘူး။ Small is beautiful ဖြစ်တော့တာပါပဲ။ ကျွန်တော်တို့ အနေနဲ့ ပြောင်းလဲနိုင်စွမ်းကတော့ ကျွန်တော်တို့ လက်ရှိ သင်နေတဲ့ ကျောင်းမှာပဲ ဖြစ်နိုင်တော့တာမို့ Scope က ကျဉ်းကျဉ်း ကျဉ်းကျဉ်းပြီးတော့ သွားခဲ့ပါတယ်။ ရနိုင်သလောက် Activities တွေကို ဆွဲပါတယ်။ အခြားအဖွဲ့တွေကတော့ Activities တော်တော် ထွက်ပုံရပါတယ်။
IMG_20160621_072017
ပဥ္စမအနေနဲ့ ရလာတဲ့ Activities တွေကို RPP windows ထဲ ထည့်ပါတယ်။
(၁) လုပ်ဆောင်ချက်သည် ရေတွက်လို့ရတဲ့ လူတော်တော်များများကို ပြောင်းလဲသွားစေမှာလား။
(၂) အရေးပါတဲ့ တကယ့်ပုဂ္ဂိုလ်ကြီးကို ပြောင်းလဲသွားစေမှာလား။
(၃) လူ့အသိုင်းအဝိုင်းကြီးတခုလုံးက ပြောင်းလဲသွားစေမှာလား။
(၄) လူ့အသိုင်းအဝိုင်းကြီး တခုလုံးကို ပြောင်းလဲသွားစေနိုင်တဲ့ တကယ့်ပုဂ္ဂိုလ်ကို ပြောင်းသွားသွားစေမှာလား
ဆိုတဲ့ ပြတင်းပေါက်လေးပေါက်ထဲကို ထည့်ပြီး စိစစ်ပါတယ်။ ဒီမှာတော့ သင်တန်းဆရာက တင်ပြသွားတဲ့အချက်ကိုပဲ ဥပမာ အဖြစ် တင်ပေးလိုက်ပါတယ်။

အဲဒီနောက် ဒီလုပ်ဆောင်ချက်တွေက Vision နှင့် Mission ကို သွားထိသလား။ တကယ် ပြောင်းလဲသွားပြီးတဲ့နောက် တကယ်ကော ပန်းတိုင်ကို သွားထိသလား စသဖြင့် ပြန်လည်ဆန်းစစ်ပါတယ်။ ပြီးရင် လုပ်ဆောင်ရမယ့် လုပ်ဆောင်ချက်တွေကို ပြန်ဆန်းစစ်ပါတယ်။ နောက်ဆုံးမှာ ပန်းတိုင် (Goal) ၊ Vision နှင့် Mission ထွက်လာမယ်။ ပြီးတော့ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်ထွက်လာမယ်။

3 Box analysis ကတော့ ဒါလောက်ပဲ ထင်ပါတယ်။ စကားမစပ် Vision နှင့် Mission ကို မြန်မာလို ဘယ်လို ဘာသာပြန်လဲ။ ဘိုသံတွေထည့်ရတာ ဘယ်လိုကြီးမှန်း မသိဘူး။ ကိုယ်နှိုက်က ဘိုမတတ်တော့ ခက်တယ်ညယ်။ တံတွေးကိုစင်ရော။ အဲဒီမှာ မြင်မိသလေက် Forum Theater ကိုလည်း မြင်သလို ရေးကြည့်ပါဦးမယ်။ တကယ်လို့ မှားနေရင် အဲဒီတုန်းက ပေးထားတဲ့ ဖုန်းနံပါတ်ကို လှမ်းဆက်တော်မူကြပါခင်ဗျား။

သူများကိုပြောပြချင်လိုက်တာ

  • Click to share on Twitter (Opens in new window)
  • Click to share on Facebook (Opens in new window)
  • Click to print (Opens in new window)

Post navigation

3 Box Analysis
Forum Theater

Recent Posts

  • စျေးဝယ်ရင် အဖော်နဲ့ဝယ်ပါ
  • မြေနီမှုန်တို့ ဆားငံရေပြေးစိမ်ခြင်း
  • ငှက်ဆိုးထိုးသံ
  • မြန်မာသူငယ်ချင်းများနေ့
  • အောက်တန်းကျခြင်း အနုပညာ (၄)
  • ဒါမျိုးကျတော့ ခက်တယ် (၃)

RSS My Poems

  • အေးအေးလူလူကျန်ခဲ့သူနဲ့အေးအေးမြမြထွက်သွားသူ
  • ကမ္ဘာကြီးက မလှဘူးဒိုလာ
  • အချစ်=သေမင်းတမန်
  • ကလေးပုံပြင်
  • ပုပ်သိုးသွားတဲ့ အရွယ်
  • လြတ္လပ္မႈ

Download E-Book

Icon
Download

ပဋ္ဌာန်း ၃၆၅ kb 8 downloads

အဲဒီတုန်းက အဝိဇ္ဇာကြယ်တစ်ပွင့်...
Icon
Download

Challenge Game 1 MB 25 downloads

ပဝေသဏီက နောင်တောင်းမှာ...
Icon
Download

Self-Awareness (Thu Mg Soe) 1.9 MB 29 downloads

သည်စာအုပ်က Document လိုက်ရင်း...
Icon
Download

Nature-Cure-notes 685 kb 39 downloads

ထူးထူးခြားခြားရယ်တော့မဟုတ်ပါဘူး။...
Icon
Download

Advanced Self-Awareness 1091 kb 31 downloads

လွန်ခဲ့သော နှစ်ပေါင်းများစွာက...

Archives

Theme by Bloompixel. Proudly Powered by WordPress