• Home
  • Blog
  • Learning
  • Download
  • Instagram
  • NT Addons
  • Parame

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram
  • NT Addons
  • Parame

ဘဝစက်ဝိုင်း (၂)

အရင်ပတ်တုန်းက ဘဝစက်ဝိုင်းက နည်းနည်းအစပျိုးပြီး ရေးပေးလိုက်တယ်။ နည်းနည်းလေးလောက် ချဲ့ရေးရင် ပိုကောင်းမယ်ဆိုတာနဲ့ ကျန်တဲ့အပိုင်းလေး ငါးပိုင်းကို နည်းနည်းလေး ချဲ့ရေးကြည့်မယ်။

ဘဝစက်ဝိုင်းမှာ နံပါတ်လေးကတော့ Success and Development ဆိုတဲ့အပိုင်းလေး ဖြစ်ပါတယ်။ လူတစ်ယောက်ရယ်လို့ ဖြစ်လာရင် ဘဝမှာ အောင်မြင်မှုတစ်ခုခုကို ပိုင်ဆိုင်ထားသင့်သလို ကိုယ့်ကိုယ်ကို အမြဲတိုးတက်နေအောင်လည်း ကြံဆောင်နေရပါမယ်။ အားလုံးပြောကြတဲ့အတိုင်း ဒီနေ့ငါနဲ့ မနက်ဖန်ငါ မတူစေရဘူးဆိုတာမျိုးပေါ့။ မြတ်စွာဘုရား ဟောထားတာလည်းရှိတယ်။ လူတစ်ယောက်ဟာ တစ်ရက်မှာ ကုသိုလ် ဥစ္စာ ပညာတစ်ခုခုကတော့ တိုးပွားမြဲတိုးပွားနေရပါမယ်။ ရပ်တန့်နေရင် ဆုတ်ယုတ်နေရင် အဲဒီနေ့က လူဖြစ်ရှုံးပါသတဲ့။ အဲလိုမဖြစ်အောင် ဘယ်လိုများ ကြံဆောင်မလဲ။ ဖတ်လိုက်တဲ့ စာအုပ်မှာ ရေးထားတာကို ဆန့်ကျင်ဘက်လေး ရေးပြရရင် ဒီလို။ ရည်မှန်းချက်ထားရှိနေရပါမည်။ ပညာတစ်ခုခုရဖို့အခွင့်အရေး အမြဲရှာနေရမယ်။ စိုးရိမ်စိတ်တွေဖျောက်ရမယ်။ စည်းစနစ်ထားရမယ်။ ကျန်းမာရေးကို အမြဲဂရုစိုက်ရမယ်။ လုပ်ကိုင်တဲ့အလုပ်တွေမှာ ကိုယ့်သက်မွေးအလုပ်မှာ ကိုယ့်ဝါသနာနဲ့ကိုက်ညီပြီး ပျော်ရွှင်နေရပါမယ်။ အသုံးအစွဲတွေ ဆင်ခြင်မယ်။ ကိုယ့်ကိုယ်ကို နိမ့်ချမယ်။ မိတ်ဆွေကောင်းရှာရမယ်။ လုပ်ဖော်ကိုင်ဖက်ကောင်း ရှာရမယ်။ အလုပ်တိုင်းကို စဉ်းစားချင့်ချိန်ပြီးမှလုပ်မယ်။ တစ်ခုကိုရဖို့ တစ်ခုကို ပေးဆပ်ရမယ်ဆိုတာ သိထားရမယ်။ အကြောင်းပြချက်တွေ ရှောင်ရမယ်။ ပတိရူပအရပ်မှာနေရမယ်။ အလုပ်တစ်ခုခုကို စမိပြီဆိုရင် ပြီးအောင် လုပ်နိုင်စွမ်းရှိရမယ်။ ပြောင်းလဲခြင်းကို လက်ခံရဲရမယ်။ နောက်တစ်ချက် အခက်အခဲကြားများထဲမှ အောင်မြင်သွားတဲ့သူတွေအကြောင်းကို ပြောဆိုတတ်ရမယ်။

နောက် နံပါတ်ငါးအခန်းကဏ္ဍကတော့ Knowledge & spiritual ဆိုတဲ့အပိုင်းပဲဖြစ်ပါတယ်။ spiritual ဆိုတဲ့အပိုင်းက အတော်ကျယ်ပြန့်တယ်။ သင်တန်းတက်ဖူးသောသူတော်တော်များများဟာ ဒီအပိုင်းကိုပဲ ထပ်ခါ ထပ်ခါ အသင်ခံရတာကို တွေ့ရပါလိမ့်မယ်။ Knowledge & spiritual အတွက်ဆိုရင် Paradigm Shift အကြောင်းကို ကောင်းကောင်းပြောတတ်ရင် ပိုကောင်းမယ်။ နောက်တစ်ချက်က Learning Theory တွေအကြောင်းပေါ့။ ဉာဏ်ပညာပိုင်းနဲ့ နာမ်ပိုင်းဆိုင်ရာဆိုတော့က ကာလာမသုတ်တို့လိုမျိုးကိုလည်း ပြောနိုင်ရမယ်။ ပြီးရင် Thinking လေးမျိုးအကြောင်းပေါ့။ ဒါက RWCT မှာလည်း ပါပြီးသားပဲလေ။ Life Long Learning တို့၊ Religion rule right တို့၊ ဗြဟ္မစိုရ်တရားတို့နှင့်အတူ IQ, EQ, SQ တို့ကို ရောသမသင်ကြားပါလေ။ သို့တည်းမဟုတ် ညွှန်းပါလေပေါ့။ သင်ထားပြီးသား ဆွေးနွေးထားပြီးသားဆိုရင် ဒီအချက်တွေဟာ အဲဒီ Knowledge & spiritual ကိုရည်ရွယ်ကြောင်းပြောပေါ့။
နံပါတ် ခြောက်ဖြစ်တဲ့ Love & Family ကဖြင့် Challenge Game များ၊ ဘဝမြစ်ပြင်ကျယ်များ၊ group ဖွဲ့၍ တူညီသော အလုပ်ကို လုပ်စေခြင်း၊ ဥပမာ သတင်းကြော်ငြာတာ၊ ပြန်လည်တင်ပြတာစသဖြင့်လုပ်တာတွေ အားလုံးဟာ Love & Family အတွက်ရည်ညွှန်းပါတယ်။ အထူးအားဖြင့် မိမိတို့ မိသားစုသာလျင် ပို၍ အရေးကြီးကြောင်း ထိုထက် မိမိဘဝတိုးတက်ရေးတွင် တခြားသူ၏ ဘဝများကို ချမနင်းမိဖို့လိုကြောင်းလည်း ပြောပေးရမှာပေါ့။ Globalization သင်ခန်းစာမှာပါတဲ့ ပညာတတ်ကြီးများရဲ့ သဘာဝပတ်ဝန်းကျင် ကိုအနိုင်ယူနိုင်သော လက်နက်တီထွင်လာပုံ၊ သူတို့၏ အဆိုအမိန့်များ သူတို့၏ စကားများကြောင့် လူများသည် တိရစ္ဆာန်နှင့်တကွ သဘာဝပတ်ဝန်းကျင်ကို အနိုင်ယူလာပုံတို့ကလည်း Love & Family နဲ့ဆက်စပ်တာပါပဲ။ စကားတစ်ခွန်းလည်းရှိတယ်။ “မင်းဘာသာမင်း ဘယ်သူ့ကိုကယ်ကယ် ကမ္ဘာကြီးကိုပဲကယ်ကယ် မင်းကိုမင်း မကယ်ရင်တော့ အလကားပဲ” ဆိုသည့်အဆိုအမိန့်မျိုးများနှင့် ငါးပါးသီလစသည်တို့၏ သင်ခန်းစာများ၌ မညဉ်းဆဲခြင်းသည် ချစ်ခြင်းကိုသာလျှင် အခြေခံ၍ ဖြစ်လာ၏ စတဲ့သင်ခန်းစာမျိုးနဲ့ ချိတ်ဆက်သင်ကြားပေးနိုင်ပါတယ်။

နံပါတ်ခုနှစ်ဖြစ်တဲ့ အခန်းမှာတော့ Health & Physical ဖြစ်ပါတယ်။ သင်တန်းစစချင်း Bio Clock သင်တယ်ဟုတ်။ Yoga လုပ်တယ်ဟုတ်။ တရားလည်းထိုင်တယ်ဟုတ်။ Mini Game လေးတွေ ကစားတယ်ဟုတ်။ Brain gym လေးတွေတောင် ပါသေးတယ်ဟုတ်။ ကျန်းမာရေးနှင့် ခန္ဓာကိုယ်သန်စွမ်းမှုအပိုင်းကြောင့်မဟုတ်ရင် အဲဒါကို ဘာလို့သင်ပေးနေကြမှာလဲလေ။ နောက် Consumerism သင်ခန်းစာအားလုံးဟာ ဒါကိုပဲ ရည်ရွယ်တယ်မဟုတ်ပါလား။ ဘဝဆိုတာ (3h) ပါပဲတဲ့။ သူ့ (3h) က Hope Health Happy တဲ့။ နောက် (3L) တဲ့။ live long living ပါတဲ့။ နောက်တစ်ခုက 4Q ကိုသင်တဲ့အခါ Physical Quotient ကိုလည်းသင်တယ်လေ။ အဲဒီမှာ ကျန်းမာအောင် ဘယ်လိုနေထိုင်ရမယ်ဆိုတဲ့အချက်လေးတွေလည်း အများကြီးပါတယ်။ ဘဝဟာ လုံခြုံတယ်လို့ ခံစားနေရပါမယ်လေ။ အမြဲတမ်းမဟုတ်ရင်တောင် နွေးထွေးတဲ့ အသိုက်အဝန်းလေးတော့ဖြစ် ရှိရမယ်မဟုတ်လား။ ကဲ ဒီလောက်ဆိုရင် နံပါတ်ခုနှစ်အခန်းကဏ္ဍကို နည်းနည်းပါးပါး Refresh လုပ်လို့ရပြီထင်ပ။

ကဲ ဖတ်ချင်ချင် မချင်ချင် နောက်ဆုံးတစ်ခုကိုတော့ဖြင့် ရောက်လာပြီ။ သူကတော့ Recreation & Happiness ဖြစ်ပါတယ်။ ဓမ္မစကူးလ်သင်ခန်းစာမှာပါတဲ့ သင်ခန်းစာလား ၃၈ ဖြာမင်္ဂလာမှာပါတဲ့ သင်ခန်းစာလား မမှတ်မိတော့ဘူး။ လူတစ်ယောက်ပုံကိုဆွဲတယ်။ အဲဒီနောက် လူတစ်ယောက်ရဲ့ ခေါင်းမှ ဆိုးသော အတွေး မျက်နှာမှ ဆိုးသောအမူအရာ လက်မှ ဆိုးသောအပြုအမူကို ခြေစခေါင်းဆုံး ရေးတယ်။ ပြီးတော့ နောက် တကြိမ်ထပ်ဆွဲတဲ့အချိန်ကျတော့ ခြေစခေါင်းဆုံးပဲ ကောင်းတဲ့အတွေး ကောင်းတဲ့အမူရာ ကောင်းတဲ့အပြော စတာတွေကို တစ်နေရာချင်းစီ တစ်ချက်ဆိုလည်း တစ်ချက် နှစ်ချက်ဆိုလည်း နှစ်ချက် ရသမျရေးခိုင်းတာ ရှိတယ်လေ။ ဒါဟာ လူကို ပျော်ရွှင်အောင် မပျော်ရွှင်အောင်လုပ်တဲ့အချက်တွေပါပဲ။ ပြီးရင် NVC သင်ခန်းစာမှာပါတဲ့ ရှေ့တစ်လှမ်းတိုး နောက်တလှမ်းဆုတ် တွေးသော ပြောသော သင်ခန်းစာတွေက Recreation & Happiness ကိုညွှန်းဆိုပါတယ်လေ။ ဒါပေမယ့် ဘဝကို အမြဲပျော်ရွှင်နေရမယ်၊ အမြဲအသစ်အသစ်တွေ ဖန်တီးနေရမယ်လို့ မဆိုလိုဘူး။ စိတ်ညစ်ရင် စိတ်ညစ်ခွင့်ပေးရတယ်။ မဖန်တီးနိုင်ရင်လည်း ကိုယ့်ကိုယ်ကို နားလည်ပေးရတယ်။ ဒါမှ ပျော်ရွှင်တဲ့ဘဝလို့ ဆိုပါတယ်။ နောက်ဆုံးကတော့ retreat လုပ်တာ ဖြစ်ပါတယ်။ ဒါတွေကတော့ Recreation & Happiness အတွက် သင်ခန်းစာတွေပါ။

သင်ဖို့တော့ နည်းနည်းခက်မယ်ထင်ပါတယ်။ နောက်ဆုံးအချုပ်မှာ ထည့်ပေးတာမျိုး ဒါမှမဟုတ် Reflection ပြန်တာမှာ ထည့်သုံးတာမျိုး၊ Evaluation လုပ်တာမျိုးမှာ သုံးရင် အဆင်ပြေမလားပါပဲ။ အပေါ်မှာ ပါတဲ့ တချို့သင်ခန်းစာတွေက ကိုယ့်လုပ်ဖော်ကိုင်ဖက်လေးတွေ အားလုံးသိပြီး တတ်ပြီးသားတွေမို့ ချဲ့ကား မရေးတော့ပါဘူး။ 4 Q ဆိုတာလေးကိုတော့ဖြင့် အဆင်သင့်ရင် ရေးကြည့်မယ်။ အဆင်သင့်မှနော်။

သူများကိုပြောပြချင်လိုက်တာ

  • Click to share on Twitter (Opens in new window)
  • Click to share on Facebook (Opens in new window)
  • Click to print (Opens in new window)

Post navigation

ဘဝစက်ဝိုင်း (၁)
ကြောင်

Leave a Reply

avatar
This comment form is under antispam protection
avatar
This comment form is under antispam protection
  Subscribe  
Notify of

Recent Posts

  • စျေးဝယ်ရင် အဖော်နဲ့ဝယ်ပါ
  • မြေနီမှုန်တို့ ဆားငံရေပြေးစိမ်ခြင်း
  • ငှက်ဆိုးထိုးသံ
  • မြန်မာသူငယ်ချင်းများနေ့
  • အောက်တန်းကျခြင်း အနုပညာ (၄)
  • ဒါမျိုးကျတော့ ခက်တယ် (၃)

RSS My Poems

  • အေးအေးလူလူကျန်ခဲ့သူနဲ့အေးအေးမြမြထွက်သွားသူ
  • ကမ္ဘာကြီးက မလှဘူးဒိုလာ
  • အချစ်=သေမင်းတမန်
  • ကလေးပုံပြင်
  • ပုပ်သိုးသွားတဲ့ အရွယ်
  • လြတ္လပ္မႈ

Download E-Book

Icon
Download

ပဋ္ဌာန်း ၃၆၅ kb 8 downloads

အဲဒီတုန်းက အဝိဇ္ဇာကြယ်တစ်ပွင့်...
Icon
Download

Challenge Game 1 MB 25 downloads

ပဝေသဏီက နောင်တောင်းမှာ...
Icon
Download

Self-Awareness (Thu Mg Soe) 1.9 MB 29 downloads

သည်စာအုပ်က Document လိုက်ရင်း...
Icon
Download

Nature-Cure-notes 685 kb 39 downloads

ထူးထူးခြားခြားရယ်တော့မဟုတ်ပါဘူး။...
Icon
Download

Advanced Self-Awareness 1091 kb 31 downloads

လွန်ခဲ့သော နှစ်ပေါင်းများစွာက...

Archives

Theme by Bloompixel. Proudly Powered by WordPress
wpDiscuz