JQY Blog

စိတ်ပြေလက်ပျောက်

နောင်တောင်းပရဟိတ
ဟိုပုံး မွေတော်ဘုရားရောက် နောင်တောင်းပရဟိတ သင်တန်းသား/သူများ

ပြောချင်တာတွေ လျှောက်ပြောမှ ဖြစ်ပါတယ်။ ကျနော့် ဘလော့ ခေါင်းစီးလို Metanarrative တစ်ခုပဲ ဖြစ်သွားမှာပါ။ ဘယ်သူမှ မဖတ်ဘူးဆိုတော့ ဒါမျိုးတွေ လွတ်လွတ်လပ်လပ်နဲ့ ရေးအား ရှိတာပေါ့ဗျာ။ မဟုတ်ဘူးလား။ ဒီလိုပါ။ ဒီနှစ် ဂျူလိုင်လ (၆) ရက်နေ့ကတည်းက စခဲ့တဲ့ သင်တန်းတစ်ခုဟာ လာမယ့် (၂၅) ရက်မှာ ပြီးမှာ ဖြစ်ပါတယ်။ ကိုယ် ခေါင်းဆောင် လုပ်လိုက်ရတဲ့ လူတွေက ကိုယ်ထက် အတွေ့အကြုံများပေမယ့် စာမဖတ်ကြတဲ့သူတွေ ဖြစ်နေတယ်။ ကိုယ်သင်တဲ့ သင်ခန်းစာကို တစ်ခါမှ ကြိုဖတ်မလာကြတဲ့သူတွေဖြစ်နေတယ်။ “သင်တန်းပေးနေတာလေ” ဆိုပြီး ဂုဏ်တဝင့်ဝင့်ပြောတတ်ပေမယ့် သင်တန်းပျက်ဖို့ အကြောင်းပြချက် များစွာနဲ့ သင်တန်းအချိန်မမှန်ခဲ့သူတွေ ဖြစ်နေတယ်။ သင်တန်းအစည်းအဝေးကို မတက်နိုင်ကြပေမယ့် “အစည်းအဝေး ရှိလို့” ဆိုပြီး Section ပေါင်းများစွာကို မတက်ခဲ့တဲ့သူတွေ ဖြစ်နေတယ်။ အားလုံး သဘောတူခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို အထက်ကအာဏာနဲ့ အလွယ်တကူ ပယ်ချခိုင်းတတ်တဲ့ သူတွေ ဖြစ်နေတယ်။ သင်တန်း Frame တွေကို မလေ့လာခဲ့ကြသူတွေ ဖြစ်နေတယ်။ Consoling လုပ်နေတာကို လုပ်မှန်း မသိဘဲ ပြဿနာ အသစ်ထပ်ရှာတတ်သူတွေ အကင်းမပါးတတ်သူတွေ ဖြစ်နေတယ်။ ရန်ကုန်မှာ ဒီလိုလုပ်တာ၊ သူများတွေ ဒီလိုလုပ်တာ ဆိုပြီး သင်တန်းသား အခြေအနေနဲ့ ကိုယ့်နည်း ကိုယ့်ဟန်ကို ထုတ်သုံးရမှန်း မသိသူတွေ ဖြစ်နေတယ်။ သင်တန်းသား/သူတွေကို ဖုန်းမသုံးဖို့ ပြောပေမယ့် အချိန်ပြည့် ဖုန်းနဲ့ အင်တာနက်မှာ တက်ကြူနေကြသူတွေ ဖြစ်နေတယ်။ consumerism တွေ သင်ခဲ့ပေမယ့် လက်သည်းနီ အဆိုးမပျက်၊ Junk food တွေ အစားမပျက်ခဲ့ကြသူတွေလည်း ဖြစ်နေတယ်။ Trainer နာမည်ခံကြပေမယ့် certification level တွေနဲ့ လုပ်စားပြီး figure head ကောင်းတယောက် မဖြစ်ကြတာတော့ အဆိုးဆုံးပါပဲ။ သင်တန်းလုပ်နေရင်း SEMS က အွယ်ပီးကို သတိရမိတာလည်း အချိန်နဲ့ အမျှပါပဲ။ အွယ်ပီးပြောတဲ့ သူ့ Trainer တွေကို သူမယုံဘူးဆိုတဲ့ စကားကို ခုမှ ကောင်းကောင်း နားလည်တော့တယ်။

စာမဖတ်တာတွေကို စာဖတ်ဖို့ ပြောပေမယ့် ဘယ်စာဖတ်ရမလဲ မမေး၊ E-book တွေ မတောင်း၊ စာအုပ်တွေ မရှာတဲ့သူတွေ၊ သင်တန်းက ပေးလိုက်တဲ့ စာအုပ်ထဲမှာတောင် ဘာပါမှန်း မသိတဲ့သူတွေဆိုတော့ သူတို့ကို ဘယ်က စပြောရမလဲ။ သင်ခန်းစာကို ကြိုဖတ်မလာကြတဲ့ ကိစ္စကလည်း တော်တော်ဆိုးပါတယ်။ The Cone of Learning မှာ I see I forget ကို “ငါသိတယ် ငါမေ့တယ်” ကနေ စမှားလိုက်တာ အဆုံးအထိပဲ။ သင်တန်းမှာ ပညာရေးကိစ္စကို ကောင်းကောင်း မဆွေးနွေးနိုင်ကြတာ တော်တော်ဆိုးသလို နိုင်ငံရေးကိုလည်း ယောင်ယောင်ဝါးဝါး သိကြတာက ဆိုးပါတယ်။ သင်တန်း ဘယ်လောက် လစ်သလဲ ဆိုရင် သင်တန်းမှာ လာသွားတဲ့ ဆရာတွေကိုတောင် စုံအောင် မသိကြာတွေ ဖြစ်နေတယ်။ ဆိုးတာက အထက်ကို အကြောင်းပြချက်ပေးပြီး ကိုယ် မသိလိုက်တဲ့ သင်တန်းပျက်ကွက်မှုတွေ ပါပဲ။ သင်တန်းသားတွေကို ပစ်ထားရက်ကြတဲ့ စိတ်ထားတွေကလည်း အံ့မခန်းပါပဲ။ ပြောရင် စိတ်တိုဖို့ စိတ်ဆိုးဖို့ စိတ်ကောက်ပြီး အိပ်ပစ်ကြဖို့ ဝန်မလေးကြဘူးဆိုတော့ သည်းခံရတယ်။ သည်းခံရတယ်ခင်ဗျ။ နောက်ဆုံး ဘယ်လိုမှ အဆင်မပြေတဲ့ သင်တန်းသားတွေ ၂၀ လောက်သာ သင်ကြားလို့ ကောင်းတယ်။ ၂၅ ကျော်လာရင် မဆွေးနွေးတဲ့သူတွေ ကိုယ်နဲ့ မဆိုင်သလို နေတဲ့သူတွေ တော်တော်လေး ဖြစ်ပေါ်နေတဲ့ ကြားက သင်တန်းသား ၉၀ လောက်ကို သင်လို့ ဖြစ်ပါတယ်လို့ အတင်းငြင်းကြတာပဲ။ သင်တန်းသား ၉၀ မှာ ဖုန်းအဆော့ မပျက်သူတွေ ဆွေးနွေးတာကို စိတ်ဝင်စားဖို့ နေနေသာသာ လှည့်တောင် မကြည့်သူတွေ ပါနေပေမယ့် သိတောင် မသိလိုက်တာတွေ ဖြစ်နေတယ်။ ဖုန်းကို လက်က မချဘဲ အချိန်ပြည့် ဖုန်းပြောတာ၊ ဖုန်းပွတ်နေတာ၊ Online ဖြစ်နေတာ၊ ပြောလိုက်ပေမယ့် ခံငြင်းတာ၊ IT ဆိုပြီး သတင်းတစ်ပုဒ်မှ ကောင်းကောင်း မသိတာ၊ Critical Thinking သင်ပြီး ကိုယ်တိုင် မစဉ်းစား မဝေဖန်တာ။ ကိုယ့်စကား ကိုယ် တာဝန်မယူဘဲ အလွယ်ပြောကြတာ စသဖြင့် သင်တန်းမှာ ကိုယ့် သင်တန်းဆရာတွေကို သည်းခံရတယ်။ သည်းခံခဲ့ရတယ် ခင်ဗျ။ Lesson Learn တွေပြော paraxis တွေပြောပြီး တကယ်မယူကြသူတွေဆိုတော့ ဘယ်လို ပြင်ပေးရမှန်း မသိပါဘူး။

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  ပရမ်းပတာကြီးတွေပါကွာ

သင်တန်း Frame တွေကို မသိတာကလည်း သင်တန်းဆရာတွေရဲ့ အားနည်းချက်တွေပါပဲ။ အပိုစကားတွေနဲ့ ကိုယ့်အကြောင်း ကြွားတာ အသားလွှတ်ထည့်ပြောတာမျိုး ဖောဖောသီသီသုံးပြီး သင်ကြားတဲ့ ဘာသာရပ်ရဲ့ ရည်ရွယ်ချက်ကို မရောက်တာကလည်း မသိသားဆိုးဝါးမှုပါပဲ။ ခြေသည်း လက်သည်း အရှည်ကြီးတွေထား အနက်ရောင်တောက်တောက်တွေ ဆိုး၊ နှုတ်ခမ်းနီကို တတောင့်လုံးမြိုချထားမတတ်ဆိုး၊ တလက်လက်ထနေတဲ့ မိတ်ကပ်အပြည့်နဲ့ မျက်နှာ၊ ငါးရာဖိုး သုံးထုတ်ရတဲ့ မုန့်တွေ ဝယ်စားပြီး Consumerism တွေသင်ကြ။ သဘာဝပတ်ဝန်းကျင်ကို ကယ်တင်ဖို့ ပြောပြီး လမ်းသွားရင်း အမှိုက်ပစ်ချကြတဲ့ သင်တန်းဆရာတွေကို သည်းညည်းခံနိုင်ခဲ့တယ်ခင်ဗျာ။ ဒါက အလယ်အလတ် ခေါင်းဆောင်ရဲ့ ဒုက္ခပါပဲ။ အထက်က ခေါင်းဆောင်ကလည်း ဒီစကားပဲ ပြောတာကို သူရို့ပြောမှသာ အရောင်ပြောင်းတာဆိုတော့ ကိုယ်က ဝစီပိတ်ကျင့်ရတယ်ခင်ဗျ။ ဒါတွေကို ဘယ်လိုပြင်ကြမလဲ။ ဘယ်လို နည်းလမ်းရှာရမလဲ။
၁။ စာမဖတ်ခြင်း
၂။ သင်ခန်းစာများကို ကြိုတင် လေ့လာ မထားခြင်း
၃။ သင်တန်းသားများကို မလေးစားခြင်း
၄။ အတွေ့အကြံုအားဖြင့် မသင်ယူခြင်း
၅။ အထက်အာဏာကို ယူသုံးခြင်း
၆။ ဖုန်းကို တချိန်လုံး ပွတ်နေခြင်း
၇။ စံပြမဖြစ်ခြင်း
၈။ သင်တန်းကို မလေ့လာခြင်း
၉။ သင်တန်းပျက်ဖို့ ဝန်မလေးခြင်း
၁၀။ ပြောလိုက်ရင် စိတ်ဆိုး စိတ်ကောက်လွယ်ခြင်း
စတာတွေကို ကောင်းကောင်း ကိုင်တွယ်ချင်တယ်ဗျာ။ တခါက ဆရာတစ်ယောက်ဟာ ကျောက်ခဲလေး တလုံးကိုင်ပြီး မေးတယ်။ ကျောက်ခဲက လေးလား မလေးလားပေါ့။ ကျောက်ခဲက သေးသေးလေးဆိုတော့ မလေးဘူးပေါ့။ ဒါပေမယ့် ဆရာက “ဒီတိုင်း ကြာကြာ ဆက်ကိုင်ထားရင်ရော” လို့ မေးလိုက်တယ်။ ခုလည်း အဲဒီအဖြေပါပဲခင်ဗျာ။ နည်းနည်းလေးလာတော့ လက်မောင်းတောင့်ပြီး လက်ကြောတွေ အောင့်လာလို့ပါ။ ဘယ်သူမှ ဖတ်မိမှာ မဟုတ်တော့ ရေးအားရှိတယ်ခင်ဗျ။ ငဲငဲ လို့တောင် ရယ်လိုက်ချင်သေးတယ်။ ငဲငဲ

ဆိုတော့ ဒါတွေနဲ့ ပတ်သက်ပြီး ဆုံးမစာတွေ လိုက်ဖတ်ရတယ်ခင်ဗျ။ သူများ ချီးမွှမ်းမှာထက် ကိုယ်ဘယ်လောက် လုပ်လိုက်သလဲဆိုပြီး ကိုယ့်ကိုယ်ကို ဂုဏ်ယူလိုက်ပါ ဆိုတာမျိုးတို့၊ ကိုယ်လုပ်မှသာလျှင် ဒီခေတ်မှာ ကိုယ်ကျန်မနေခဲ့မှာ ဆိုတာမျိုး၊ ဘယ်လောက်ပဲ လွယ်လွယ် လွယ်လို့ဆိုပြီး အလွယ်တကူလုပ်သမျှ တစ်ရာမှာ တစ်ခါသာလျှင် မှန်တယ်ဆိုတာမျိုး ကိုယ့်ရဲ့ အတွေးက ကိုယ့်ကို ပိုပင်ပန်းစေတယ် ဆိုတာမျိုး ပျော်ဖို့ထက် တော်ဖို့ ကြိုးစားရတယ် ဆိုတာမျိုး စသဖြင့်ပေါ့ဗျာ…