JQY Blog

နည်းနည်းကလေးပိုရမလား

သည်တခေါက် သင်တန်းဆရာဖြစ်သင်တန်းကို မွမ်းမံတဲ့ သင်တန်းတက်ခဲ့ရမှာတော့ ပြောခဲ့တဲ့ မျှော်လင့်ချက်က နည်းနည်းကလေးများ ပိုရမလားလို့ပါ။ သင်တန်းအပြီး ပြောချင်တာလေး ပြောဆိုတော့ အဲဒါလေးကို ပြန်ဖြေခဲ့တယ်။ “ပိုရပါတယ်” ပေါ့။ ဘယ်လိုများ ပိုရခဲ့ပါလိမ့်လဲ။

သင်တန်းတက်ရင်တော့ ထုံးစံအတိုင်း နာမည်မိတ်ဆက်တယ်။ အဖွဲ့အစည်း နေရပ်ကလေးတွေ မိတ်ဆက်တယ်။ ပြီးတော့ မျှော်လင့်ချက်မေးတယ်။ အဲဒါပြီးရင်တော့ သင်တန်းစတာပေါ့။ သင်တန်းစတော့ ဆရာက Critical Thinking “စဉ်းစားဆင်ခြင်ခြင်း” ဆိုတဲ့ စကားလုံးကို ကြားလိုက်တာနဲ့ ဘာကို သတိရသလဲ။ ဘာကို ပြေးမြင်သလဲ။ ဘာများပြောချင်သွားလဲဆိုပြီး မေးခွန်းမေးတယ်။ ဖြေကြတယ်ပေါ့။

ခွဲခြမ်းစိတ်ဖြာခြင်း၊ ဆက်စပ်တွေးခေါ်ခြင်း၊ အတွေးတခုအပေါ် နောက်ထပ်အတွေးတခု ထပ်ဆင့်ခြင်း၊ မှန်ကန်သော ဆုံးဖြတ်ချက်ချနိုင်ခြင်း၊ ကောင်းသောအရာကို ရှာဖွေခြင်းစသဖြင့်ပါပဲ။ ဒါကို ဒီမှာတင် ပြီးသွားမယ်မှတ်တာ။ မရဘူးဆရာက။

၁။ စဉ်းစားဆင်ခြင်ခြင်းဆိုတာဘာလဲ။

၂။ စဉ်းစားဆင်ခြင်ခြင်းဆိုတာ ဘယ်လိုလဲ။

၃။ ဘာကြောင့် စဉ်းစားဆင်ခြင်ခြင်းကို လိုအပ်သလဲ။ ဆိုပြီးတော့ အုပ်စုခွဲခိုင်းတော့တာပါပဲ။ အရင်သင်တန်းတုန်းကလည်း လေယာဉ်၊ ရဲသား၊ နွားနို့၊ ကိန္နရီ၊ နဂါး၊ ဓား စတာတွေကို တခါခွဲခိုင်းပြီးပြီ။ အခုလည်းခွဲပေါ့။ ကျွန်တော်က စဉ်းစားတယ်။ ဒါကို “အမည်နာမသက်သက်၊ တကယ့်စဉ်းစားဆင်ခြင်ခြင်းအပိုင်းနှင့် သက်ရောက်မှု” ဆိုပြီးသင်တန်းတွေမှာ ခွဲခိုင်းရင် ပိုအဆင်ပြေမလားပေါ့လေ။ အဲဒီနောက် စဉ်းစားဆင်ခြင်ခြင်းကို လက်တွေ့လုပ်ဖို့ issues “ ငြင်းခုန်ရန် အချက်အလက်” များကို လမ်းလျှောက်ရင်း မတူသောလူမျိုး နေရပ်နှင့် လိင်တို့ကို စုခိုင်းပြီး အဖွဲ့ခွဲ ဆွေးနွေးခိုင်းတယ်။ အဖြေတွေကတော့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု၊ စားသုံးသူအခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး၊ ကလေးအခွင့်အရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အရပ်ဖက်အဖွဲ့အစည်းများရပ်တည်မှု၊ မူးယစ်ဆေးဝါး၊ သဘာဝပတ်ဝန်းကျင်၊ လူ့အခွင့်အရေး၊ ဆင်းရဲခြင်းနှင့် NCA လက်မှတ်ထိုးခြင်းမထိုးခြင်းဆိုပြီး ထွက်လာတယ်။ အဲဒီမှာနောက်ဆုံး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို နောက်ဆုံးရွေးချယ်တယ်။ သူ့ကို Critical Thinking လုပ်ကြမယ်ပေါ့။ အဲဒါကို ဘယ်လို စဉ်းစားဆင်ခြင်ကြသလဲ။

ရင်းနှီးမြုပ်နှံမှုအပေါ် (၁) ဒေသခံအမြင်၊ (၂) ရင်းနှီးမြုပ်နှံသူအမြင် (၃) အလုပ်သမားအမြင် (၄) ပညာရှင်အမြင် (၅) အရပ်ဘက်အဖွဲ့အစည်းအမြင် (၆) ဘာသာရေးခေါင်းဆောင်အမြင် (၇) ဒေသခံစီးပွားရေးသမားအမြင်နှင့် (၈) အစိုးရအမြင် ဆိုပြီး ရှု့ထောင့်တွေကို အရင်လိုက်ရှာတယ်။ ပြီးတော့ သူတို့တွေ ဘယ်လိုမြင်ကြမလဲဆိုပြီး တနေရာချင်းစီမှာ ရပ်တည်ပြီး ရှုမြင်စေတယ်။ ဒီအပိုင်းကို တစ်ခုချင်းစီ ဖြည်းဖြည်းသွားပါတယ်။

အားလုံးပြီးသွားပြီးတဲ့နောက်မှာတော့ အဖွဲ့လိုက်အတိုင်းပဲ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့် ပတ်သက်ပြီး “အစိုးရ” ကိုဘာပြောချင်လဲ။ ဆိုပြီး နောက်ထပ်တဆင့် ထပ်ဆွေးနွေးခိုင်းတယ်။ အရင်က ဖွဲ့ခဲ့တဲ့အဖွဲ့ကိုပဲ အဖွဲ့နာမည်ပေးခိုင်းပြီးတော့ကို ဆွေးနွေးခိုင်းပါတယ်။ ဆွေးနွေးပြီး တင်ပြတယ်။

အဲဒီနောက် Story of Stuff ဆိုတဲ့ ဇာတ်ကားလေးပြတယ်။ အဲဒီဇာတ်ကားကို ကြည့်ရုံကြည့်ခိုင်းပြီး မောင်ဒေး ဘာသာပြန်ထားတဲ့ ကုန်ပစ္စည်းများ၏ ရာဇဝင်ဆိုသည့် စာအုပ်ကို ဖတ်ခိုင်းတယ်။ နောက်တနေ့မှာတော့

ဆွေးနွေးရန်အချက်များဆိုပြီး မနေ့ကအဖွဲ့လေးဖွဲ့ကို မေးခွန်းတွေ ပေးပါတော့တယ်။

၁။ စနစ်က ဘာကြောင့် အကျပ်အတည်းဖြစ်နေသလဲ။

၂။ အစိုးရ-ကော်ပိုရေးရှင်းတွေကြား ဆက်နွယ်မှု။

၃။ စနစ်ကြောင့် သဘာဝအရင်းအမြစ်များ၏ အခြေအနေ။

၄။ US -တတိယနိုင်ငံကြား ဆက်နွယ် ဆက်ဆံမှု သော့ချက်များ/တန်ဖိုးထားမှုများ။

၅။ ဘာကြောင့် တတိယနိုင်ငံသားများ တန်ဖိုးမရှိရတာလဲ။

၆။ မိခင်နို့နှင့် မော်ဒန်လူ့အဖွဲ့အစည်း။

၇။ တောကလူ မြို့တက်ဖို့ ဘာတွေက မောင်းနှင်သလဲ။

၈။ ကုမ္ပဏီကြီးတွေက ပစ္စည်းစျေးနှုန်းကို ဘယ်လိုချနေသလဲ။

၉။ US သမ္မတဘုခ်ျက 9/11 အပြီး နောက်ပိုင်း ဘာကြောင့်စျေးဝယ်ဖို့ ပြောရတာလဲ။

၁၀။ 99% ဝယ်ထားရတဲ့ ပစ္စည်း အမှိုက်ပုံထဲ ရောက်တဲ့ကိစ္စကို ဘယ်လိုမြင်လဲ။

၁၁။ များများဝယ်စနစ်က တရားဓမ္မစံနှုန်းတစ်ခုလို ဖြစ်နေတဲ့အကြောင်းရင်း။

၁၂။ TV များများ ကြည့်ဖြစ်တဲ့အခါ ဘာတွေဖြစ်လာတတ်သလဲ။ (တရက် ကို နာရီဝက်ခန့်ကြည့်ခြင်း)

၁၃။ ၁၉၅၀ နောက်ပိုင်း US မှာ ပျော်ရွင်မှုညွှန်းကိန်း ကျဆင်းရတဲ့အကြောင်းရင်း။

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  ကြာကလပ်နဲ့ ဆွမ်းတော်တင်ကြည့်ခြင်း

၁၄။ အလုပ်ကြိုးစား၊ စျေးဝယ် သံသရာကနေ လွတ်မြောက်ဖို့ ဘယ်လိုလုပ်မလဲ။

၁၅။ ပြန်ထွင်သုံး စနစ်က ဘာကြောင့် မလုံလောက်သလဲ။

၁၆။ အဖြေက ဘာလဲ။

အဖွဲ့အလိုက် မေးခွန်းတွေ မပေးခင် အားလုံးကိုယ့်အနီးမှာ ရှိတဲ့လူတွေနဲ့ အဖြေတွေကို စဉ်းစားခိုင်းသေးတယ်။ ပြီးမှ အဖွဲ့က လေးဖွဲ့။ မေးခွန်းက ၁၆ ခုဆိုတော့ တဖွဲ့ကို မေးခွန်းလေးခုစီပေးတယ်။ ဆွေးနွေးအပြီး တင်ပြချိန်မှာတော့ မေးခွန်းတစ်ခုချင်းစီကို အုပ်စုလိုက် ထပ်မံပြီးဆွေးနွေးတင်ပြကြရပြန်ပါတယ်။ နေ့လည်ခင်းမှာတော့ သံမှိုလမ်းလျှောက်ကစားနည်းကို ကစားတယ်။ အဲဒီကစားနည်းကို ခေါင်းဆောင်မှု။ ပြီးတော့ ကွန်ယက်ချိတ်ဆက်မှုနဲ့ သင်ခန်းစာထုတ်ပါတယ်။ နောက်ညမှာတော့ မောင်ဒေးရဲ့ ပန်းများအတွက် မျှော်လင့်ချက်ကို ဖတ်ခိုင်းပြန်တယ်။ အဲဒါကို ဖတ်ပြီး ကိုယ့်ရဲ့ ပုံဆောင်ခဲက ဘာလဲလို့မေးတယ်။ နောက် ကိုယ့်ရဲ့ လိပ်ပြာက ဘာဖြစ်မလဲလို့မေးတယ်။ ပြီးတော့ စကားလုံးတစ်လုံးတည်းနဲ့ ချုပ်စေတယ်။

ပြီးတော့ မိမိကိုယ်ကို ဆန်းစစ်ခြင်းအတွက်ရယ်။ လူမှုလောကကို ဆန်းစစ်ခြင်းရယ်အတွက် Tool ကလေးတွေ ပေးပါတယ်။

  1. SWOT
  2. သစ္စာလေးပါး
  3. ဘခြောက်လုံး
  4. Ice Burg

ဆိုတဲ့ နည်းကလေးတွေကို ပေးပါတယ်။ တချို့ကတော့ သစ္စာလေးပါးနဲ့ နည်းနည်းစိမ်းပြီး တချို့ကတော့ Ice Burg ကို အသစ်လို့ပြောကြပါတယ်။ ဒါတွေနဲ့ ပထမဆုံး လူမှုလောကကို နှစ်အလိုက် သင်တန်းသားကို စုခိုင်းပြီးတော့ ဆန်းစစ်စေပါတယ်။

သစ္စာလေးပါးက လူတိုင်းနဲ့ နည်းနည်းစိမ်းလို့ ၂၀၁၃ အဖွဲ့က လုပ်ထားတဲ့ ဥပမာလေးကို ထုတ်ပြပါမယ်။

ဒုက္ခသစ္စာ (ဖြစ်နေသည့်အဖြစ်အပျက်) = သဘာဝအရင်းအမြစ် ပြုန်းတီး။

သမုဒယသစ္စာ (ဖြစ်ရသည့်အကြောင်းရင်း) = အလွန်အကျွံထုတ်ယူသုံးစွဲ။

နိရောဓသစ္စာ (ဖြစ်ရမည့်အရာ) = ဂေဟစနစ်ပုံမှန်ပြန်လည်ပတ်။

မဂ္ဂသစ္စာ (ပြုလုပ်ရမည့်နည်းလမ်းများ) ဂေဟစနစ်ကို ထိခိုက်မှုနည်းသည့် နည်းလမ်းများအသုံးပြုခြင်း၊ အကန့်အသတ်နဲ့ ထုတ်ယူသုံးစွဲခြင်း၊ ပြန်လည်ပြုပြင်ထိန်းသိန်းခြင်း။

နောက်တခုက Ice Burg နည်းလမ်းကို အဖွဲ့တစ်ခုက တင်ပြတာက တဖက်ပါ ပုံအတိုင်းဖြစ်ပါတယ်။ မင်အနီနဲ့က ဆရာပရာချာထပ်ဖြည့်စွက်ပြထားတာပါ။

ဒါတွေပြီးတဲ့နောက် ဆရာ့ကို ရရှိတဲ့သင်ခန်းစာနဲ့အတူ ကျေးဇူးတင်စကားများ ပြောကြပါတယ်။ ပြီးတဲ့နောက် ဆရာမခေါန်လွန်းက ဆက်ပြီး သင်တန်းသားများကို Running Man ထဲကလို လေ့ကျင့်ခန်းလုပ်စေပါတယ်။

နေရာအသီးသီးမှာ ဓာတ်ပုံ ၁၂ ပုံစီကို စနစ်တကျဖွက်ထားတယ်။

စည်းကမ်းက

၁။ ကိုယ့်သက်ဆိုင်ရာ ဌာနမှာ ဓာတ်ပုံ ၁၂ ပုံကို သွားရှာရမှာ ဖြစ်တယ်။

၂။ ထိုရလာတဲ့ ဓာတ်ပုံများထဲမှာ မိမိတို့နှစ်က ဓာတ်ပုံများကို အခြားအဖွဲ့နှင့် လှဲလှယ်ရမှာ ဖြစ်တယ်။

၃။ အဲဒီဓာတ်ပုံ ၁၂ ပုံနှင့် ပြခန်းကလေးတစ်ခု ဖန်တီးပြရမှာ ဖြစ်ပါတယ်။

အဲဒါကို အမှတ်နဲ့မဟုတ်ပဲ နာမည်နဲ့ ဆုပေးပါတယ်။ မှတ်မိသမျှ ကျွန်တော်တို့ ရတဲ့ဆုက Queen of Natural ဖြစ်ပါတယ်။ ကျန်တဲ့အဖွဲ့များကိုလည်း နာမည်အသီးသီးပေးပါတယ်။ ဆုကတော့ဖြင့် ဂိမ်းကစားနည်းစာအုပ်နဲ့ ဒေါက်တာဝင်းထိန်ရဲ့ စာအုပ်ပါ။ အမှာစကားပါးလိုက်တာက ကိုယ့်နှစ်အလိုက် စာအုပ်ထဲကဖြစ်စေ စာအုပ်မထဲကဖြစ်စေ ဂိမ်းကလေးတွေ ဖတ်ထားပြီး နောက်နေ့မှာ ကစားပေးဖို့ ဖြစ်ပါတယ်။

သင်တန်းနောက်ဆုံးနေ့မှာတော့ဖြင့် ဆရာချန်ခဲ့တဲ့ Tool တွေနဲ့ Individual analysis လုပ်ကြရပါတယ်။ အဲဒါကလေး မလုပ်ခင် မိမိ ၂၀၁၃ အဖွဲ့အချင်းချင်း စသဖြင့် အမှတ်တရကလေးတွေ ပြောခိုင်းတယ်။ အဲဒီအမှတ်တရလေးကိုလည်း Role Play နဲ့ တင်ဆက်စေပါသေးတယ်။ ပြီးတော့ Individual analysis ကို နေ့လည်လောက်မှာ လုပ်ပါတယ်။ ၂၀၁၃ အဖွဲ့ကနေ Brain Gym ကစားပေးပြီး တစ်ဦးချင်းစီကို Video record လုပ်ပြီးတော့ကို ပြောခိုင်းတယ်။ အဆုံးသတ်မှာလည်း သင်တန်းမှာ ဘာရလိုက်သလဲ ပြောစေပါတယ်။ ကျေးဇူးတင်စကားတွေလည်း ပြောကြပါတယ်။

၂၀၁၇ T0T Refresher Course ကလေးတော့ဖြင့် ဒီတင်ပဲ နိဋ္ဌိတံ။

စာအုပ်ကလေးလို ရချင်ရင် ဒီမှာ Download လုပ်ပါလေ