JQY Blog

သံဃံ သရဏံ ဂစ္ဆာမိ

ကျောင်းဆရာ တစ်ယောက် ရောက်လာတော့ ပညာရေးနှင့် ပတ်သက်ပြီး ဟိုအကြောင်း ဒီအကြောင်း ပြောဖြစ်တယ်။ “ပညာရေး အခြေအနေက ကောင်းတော့မလိုလိုနဲ့ ဆွေးနွေးနေကြရင်း ပျောက်သွားတယ်နော်” ဆိုတဲ့ မှတ်ချက်လေး ထွက်လာတယ်။ လက်ပံတန်းသပိတ် ဖြိုခွင်းမှု နောက်ပိုင်း ပညာရေး ဆိုတဲ့ စကားလုံး ပျောက်သွားပြီး မဘသ ဆိုတဲ့ စကားလုံးက ထင်းခနဲ ဖြစ်လာတယ်။ ဥပဒေ ရေးဆွဲနိုင်လို့ အောင်ပွဲခံတာမျိုး ကမ္ဘာပေါ်မှာ ရှိလား မရှိလားတော့ မသိဖူးဘူး။ မြန်မာနိုင်ငံမှာတော့ မရှိဖူးဘူးလို့ ထင်ရတာပဲ။ ခုတော့ သမိုင်းမှာ မှားသည် ဖြစ်စေ၊ မှန်သည်ဖြစ်စေ မှတ်တမ်းတော့ ဝင်သွားပြီ။ နောက်သက္ကရဇာ် ၂၀၂၀ လောက်မှာ ငါတို့ ဘာတွေ ပြောနေမလဲ။ ငါတို့ သာသနာမျိုးဆက်သစ်လေးတွေ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်မလား။ ဦးသိန်းစိန်ကို အပြစ်တင်မလား။ ဒါမှမဟုတ် ဆန့်ကျင်ခဲ့သူတွေက ခေါင်းညိတ်ရမလား။ ရေးဆွဲခဲ့သူတွေ ခေါင်းညိတ်ရမလား။ ပေါ်ပင် နိုင်ငံရေး ကစားကွက်တွေကတော့ အများသားဆိုတော့ ဒီလိုပဲ အခွံချည်းကျန်ခဲ့မလား။ သို့တည်းမဟုတ် ၂၀၂၁ အစိုးရက အဲဒါကို ဖြုတ်ထုတ်မလား။ ဒီတိုင်းပဲ ဆက်ထားမလား။ ပုံရိပ်တွေကို ပြောမယ်ဆိုရင်တော့ အစ္စလာမ်ပုံရိပ်တွေက ကြမ်းတယ်။ ဒါကို လိုက်တုလာတဲ့ ဗုဒ္ဓရဲ့ ရဟန်းတော် ပုံရိပ်တွေက (ယခင် အနေအထားရဆိုရင် ခုက) ကြမ်းလာတယ်။

သံဃာအား ဘုရားမလွန်ဆန်နိုင် ဆိုတဲ့ စကားပုံလေး ရှိတယ်။ စာအုပ်လည်း ရှိတယ်။ ဖတ်တော့ ဖတ်ဖူးဘူး။ ဘာတွေ ရေးထားမယ်တော့ မသိဘူး။ တကယ်တမ်းတော့ သံဃာဆိုတာ ပါဠိစကားကြီးပဲ။ ခေတ် စကားနဲ့ ပြောရရင် လူထုကြီး သို့မဟုတ် အုပ်စုကြီးပဲ။ အုပ်စုကြီးလိုက် ဖြစ်လာတဲ့အခါ တစ်ဦးတယောက်ဟာ လိုက်လျောပေးရတယ်။ သို့တည်းမဟုတ် အုပ်စုကြီး ဆိုတဲ့ အာဏာကလည်း မသေးပါဘဲ။ ကိုယ်က ဘေးကနေ နေနေလို့သာ “ဒီလူတွေ” လို့ မြင်ပေမယ့် ကိုယ်ကိုယ်တိုင် အုပ်စုထဲ ဝင်ပါသွားရတဲ့အခါ အုပ်စုကြီးအပေါ် စိုးမိုးနေတဲ့ စိတ်ထားတွေအကုန်လုံး ကိုယ့်အပေါ် စိုးမိုးတော့တာပါပဲ။ ဥပမာ ခရီးတစ်ခုကို တယောက်တည်းသွားခဲ့တဲ့ အချိန်နဲ့ သူငယ်ချင်း အပေါင်းအပါနဲ့ သွားခဲ့တဲ့ အချိန်တွေကို စဉ်းစားကြည့်ပေါ့။ ဆိုတော့ အုပ်စုထဲ ကိုယ်ရောက်လိုက်တာနဲ့ ကိုယ်ကိုယ်တိုင် အုပ်စုတစ်စုလုံးရဲ့ စိတ်ဓာတ်ဝင်သွားတယ်။ နောက်တစ်ခုက ယူနီဖောင်းစိတ်ဓာတ်။ သာမာန် ကိုယ့်အရပ်ဝတ် အရပ်စားနဲ့ နေတာထက် ယူနီဖောင်းဝတ်လိုက်ရင် စိတ်က ကြွသွားတယ်။ ဒီလိုဝတ်စုံမျိုးနဲ့ ပုံစံတူတွေ ရှိနေတယ် ဆိုတဲ့ အသိက အားဖြစ်စေတယ်။ အဲဒီအားတွေဟာ ငါလုပ်ရင် ဘာမဆို ဖြစ်တယ်ဆိုတဲ့ အတွေးလေးလည်း ဝင်စေပါတယ်။ ယူနီဖောင်းတွေ အုပ်စုဖွဲ့လာတဲ့အခါ တယောက်ယောက်ရဲ့ အဆိုတင်သွင်းမှုကို သင့်လျော်သည် ဖြစ်စေ မသင့်လျော်သည် ဖြစ်စေ လက်ခံတတ် တုန့်ပြန်တတ်ကြပါတော့တယ်။

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  နတ်ကိုးကွယ်သူများ

Facebook တွေမှာလို ပျောကျိကျိယေ၊ စိတ်ထဲပေါ့သွားတာပေါ့ စသဖြင့် status လေးတွေတင်ပြီး စကားလေး ပြောကြည့်ချင်တယ်။ ကိုယ်ကြည်ညိုတဲ့ ဆရာတော်ကြီးတွေ အများကြီးပါဝင်တာဆိုတော့ ဘယ်လိုပြောရမလဲကို မသိတော့ဘူး။ ကိုယ်သိထားတာ ကိုယ်နားလည်ထားတာနဲ့ လွဲနေမလားလို့တော့ တွေးနေရင်းနဲ့ ရေးကြည့်ဖြစ်တယ်။ ခုတော့ အစစ်ရယ် အတုရယ်လို့ ခွဲရခက်တဲ့ အထဲမှာ မသဘရဲ့ ကြေငြာချက် တော်တော်များများဟာ နိုင်ငံရေးထဲ ကျွံကျွံဝင်လာတယ်။ ဘောလုံးစည်းကမ်းနဲ့ကိုင်ရင်တော့ ဒါဟာ လူကျွံဘောပဲ။ နိုင်ငံအတွင်း သာသနာနဲ့ ပတ်သက်လို့ သီးသန့်ရပ်တည်နေတဲ့အသင်းတစ်သင်းအဖြစ် ထင်ရှားပြလိုက်တာပဲ။ နိုင်ငံအတွင်း ဖြစ်ပျက်တဲ့ကိစ္စမှန်သမျှ ငါတို့နဲ့ ဆိုင်တယ်လို့ ပြလိုက်တာပဲ။ သာသနာနဲ့ လူမှုရေးတို့ ညှိသွားတဲ့အချိန်တိုင်း သာသနာဘက်က မှန်ခဲ့တာတွေ ရှိသလား။ ရေမြုပ်ဗုံးကစ္စ ကနောင်မင်းသား မှားခဲ့သလား။ ဥရောပနိုင်ငံတွေရဲ့ အုပ်ချုပ်ရေးပိုင်းတွေမှာ သာသနာဝင်စွက်ခဲ့ကြတဲ့အခါ ဘယ်လိုတွေ ဖြစ်ခဲ့ဖူးသလဲ။ အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတဲ့ အာရပ်ကမ္ဘာက ဘာသာရေးစွက်နေတဲ့ အုပ်ချုပ်ရေးမှာ တိုင်းပြည်တွေ ရင်အေးနေရပါသလား။ လူတွေ ကြောက်လို့ ကိုးကွယ်ကြတဲ့ ဒီဘာသာရေးက လူကို ထပ်ခြောက်လှန့်နေသလား။ ဒါတွေကပဲ ကိုးကွယ်ရာ ဆိုတာလား။ မြန်မာ့သမိုင်းမှာကော ဘာသာရေးဟာ ဘယ်လိုဘက်ကနေ ရပ်တည်ခဲ့သလဲ။ ကုသိုလ် အကုသိုလ်ရဲ့ အဖွင့်တွေ၊ ကံ ကံရဲ့ အကျိုးအဖွင့်တွေ၊ ယောနိသော မနသိကာရတွေက အရေးပါနေသေးလား။ အဲဒါတွေကို ငဲ့သေးလား။ တရားတွေ ပျောက်လာသလားလို့ ရေးကြည့်ကြည့်တာပါ။ တကယ့်ပညာရှင်ကြီးတွေ အစမှာ ဒီလိုမြင် ဒီလိုပြောခဲ့တယ်။ ရှေ့အနာဂတ်ပေါ်သူတို့အမြင် ဘယ်လိုရှိနေပြီဆိုတာ မသိပေမယ့် ငါ့လို ဦးနှောက်ပေါက်စနက ဇဝေဇဝါဖြစ်လွန်းလို့ ပိကျိပိကျိ လုပ်ကြည့်ကြည့်တာ။