JQY Blog

မလှပသော စကားပုံများ

IMG_0084ဝေဖန်ပိုင်းခြား စဉ်းစား၍ စာရေးခြင်း ဖတ်ခြင်း ခေါ် RWCT စာသင်နည်းတွေကို ပြောဆို စည်းဝေးရာမှာ ဆရာတော်ကြီးတစ်ပါးက ထပြောတယ်။ မင်းတို့ ခုလို စာသင်နည်းကို သင်ကြားပေးရာမှာ မင်းတို့ စဉ်းစားပြီး သင်ပေးကြပေ့ါလို့ သြဝါဒပေးတော်မူတယ်။ ကိုယ်က ဘယ်နေရာမှာ မဆို ခေါင်းညိတ်တာ ဝါသနာပါတဲ့သူ။ ထငြင်းရမှာ ဝန်လေးတဲ့သူ။ ဆိုတော့ ခေါင်းညိတ်လိုက်တယ်။ ဒီလပိုင်း ၁ ရက်နေ့နဲ့ ၂ ရက်နေ့မှာ သင်တန်းသွားတက်တဲ့ ဆရာမတယောက်က ပြန်လာပြောတယ်။ တက်လာခဲ့သမျှ သင်တန်းထဲမှာ ဒီသင်တန်း စိတ်အပျက်ဆုံးပဲတဲ့။ ဘာကြောင့်ဆို မေးခွန်းထမေးလိုက်တိုင်း “မင်းတွေးခေါ်တာ မှားနေတယ်” လို့ အပိတ်ခံရလို့တဲ့။ သင်တန်းဆရာတွေကပဲ ပြောရတယ်ရှိသေးပေါ့လေ။ အဲလို ဝေဖန်ပိုင်းခြားရာမှာ ကိုယ်က မှန်တယ်လို့ ထင်ထားပေမယ့် ကိုယ့်ကို မှားတယ်လို့ ပြောဆို ခံရတာလောက် ခံရခက်တာ ရှိမယ် မထင်ဘူး။ ကိုယ့်စိတ်နဲ့ နှိုင်းတော့ ရိုင်းတယ်လား။ ကိုယ်ထင် ကုတင်ရွှေနနန်းလား။

သူငယ်ချင်းတယောက်ကို သူ့အင်တာဗျူးပါတဲ့ စာအုပ်ကို ပေးလိုက်တယ်။ သူ့ အင်တာဗျူးပါတဲ့ စာမျက်နှာကို သူတန်းလှန်ပါတယ်။ ပြီးတော့ သူပြောတယ်။ အုပ်စုလိုက် ဓာတ်ပုံကြည့်တာဖြစ်ဖြစ် ကိုယ့်စာပါတဲ့ စာအုပ်ကို ကောက်ကိုင်တာဖြစ်ဖြစ် လူတွေက ကိုယ့်ပုံ ကိုယ့်စာကို အရင်ရှာကြတယ်။ ဒါအတ္တပါပဲ တဲ့။ ကျွန်တော်နဲ့ ကျွန်တော့် သင်တန်းဆရာမတွေကြား တက်တဲ့ ပြဿနာက ဒီပြဿနာ ဖြစ်မယ် ထင်တယ်။ ကျွန်တော်က ကောင်းတယ်လို့ ထင်ပြီး ဆုံးဖြတ်ထားတဲ့ ကိစ္စကို သူတို့အာလိုက်ပုံက “ကိုယ့်အတွက်ချည်းပဲ စဉ်းစားတယ် အတ္တကြီးတယ်” တဲ့။ ကျွန်တော့်မှာ ဆင်ခြေလား အကြောင်းပြချက်လား။ အကုန် ရှိမယ် ထင်တယ်။ လျှော့ပေးခဲ့ပေမယ့် ဘယ်တော့မှလည်း အဆင်မပြေခဲ့ပါဘူး။ ဒီလိုနဲ့ အပြင် သင်တန်းသွားပေးဦးမယ်ဆိုတော့ အပြင်သင်တန်းသွားပေးတာ မှားနေလား မမှန်ဘူးလား စဉ်းစားကြရအောင်ပါတဲ့။ ကိုယ် အပြင်သင်တန်းသွားပေးမယ့် ရက်ကျမှ လာပြောတယ်။ မချစ်သော်လည်း အောင့်ကာနမ်း စကားပုံက တကယ်တမ်းကျတော့ မလှပါဘူးဗျာ။ IMG_9919

ကမ္ဘာပေါ်မှာ အစိုးရနောက်ကို လိုက်တဲ့ စာသင်ကျောင်း၊ အစိုးရနောက်ကို မလိုက်တဲ့ စာသင်ကျောင်း ဆိုပြီး ရှိတယ်။ ကိုယ် အစိုးရနဲ့ ခပ်ကင်းကင်းနေလို့ ရရဲ့သားနဲ့ မနေတာကို ဘယ်သူ့ကိုမှ ဘာမှ ပြောစရာ မလိုဘူး။ အကြံပေးတာ ပယ်မှာလား။ ငြင်းချက်ထုတ်မှာလား နှစ်မျိုးတည်း ရှိတဲ့ မေးခွန်းကို ခဏခဏ မဖြေချင်တော့ဘူး။ ဘယ်ကျောင်းက ဘယ်လို စာသင်နည်းနဲ့ စာသင်တာ ဘယ်လို ကောင်းတယ် လို့ ပြောကြမယ့်အစား ကိုယ့်ကျောင်းကို အရင်ပြောင်းလဲ ပြကြည့်ပါလားကွယ့်။ သိရက်သားနဲ့ မလုပ်တာကို ထန်းလက်နဲ့ ကာတယ်လို့ စွပ်စွဲကြည့်ချင်တယ်။ မသွားဘဲနဲ့ ရောက်ချင်နေကြတာလား။ ဒါမှမဟုတ် အမြင်နီးလျှက် ခရီးဝေးတာလား။

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  သာသနာကွယ်ကြောင်း

ပြောကြတယ်။ ပိုက်ဆံနောက် လိုက်ရင် ပိုက်ဆံက ပြေးတယ်။ ပိုက်ဆံနောက် မလိုက်တော့ရင်တော့ ပိုက်ဆံက ကိုယ့်နောက် လိုက်တယ်တဲ့။ မယုံပါဘူး။ ပိုက်ဆံကိုယ့်နောက် လိုက်ဖို့ သည်းခံရတဲ့  အပိုင်းကြီးက ဆေးခါးကြီးဆိုရင် ဘယ်လို သောက်မျို နေထိုင် မလဲ။ အများက ကျွဲဆိုပါမှ ကိုယ်က ဤ ဖတ်နေရတယ်။ ဘောင်ထဲကထွက်ဖို့ ဘောင်ထဲမှာ နေရတယ်။ အရင် ပအိုဝ်းမဂ္ဂဇင်း ကာတွန်းတွေမှာ ပါလေ့ရှိတယ်။ မိန်းကလေးတားတော့ ကားက ရပ်ပေးလိုက်တဲ့ ကာတွန်း။ အခြားမှာလည်း တွေ့ဖူးပါတယ်။ မလွန်ပါဘူး။ ဆုံးမ စကား တစ်ခွန်းကြားဖူးတယ်။ ကိုယ့်ဘယ်လို ပြောတယ်ဆိုတာကို ဘယ်သူမှ ဂရုမစိုက်ဘူး။ ကိုယ်ဘယ်လို နေသလဲ ဆိုတာကိုသာ သူများက ဂရုစိုက်တယ် ဆိုတာလေးလေ။ ပိဿာလေးနဲ့ ဘေးပစ်ကြည့်တာတွေပါ။

လူတွေ လူဖြစ်လာတာကိုက မှားနေတယ်။ ငြိမ်းချမ်းရေးရှိမယ်။ ပစ်နေတဲ့သူ ရှိမယ်။ အကြမ်းမဖက်ဖို့ ပြောနေတဲ့သူ ရှိမယ်။ လည်လှီးနေတဲ့ သူရှိမယ်။ အမျိုးသမီး အခွင့်အရေး ပြောနေတဲ့သူ ရှိမယ်။ အမျိုးသမီးအစေခံတွေ နိုင်ငံခြားကို တင်ပို့တာ ရှိမယ်။ ပညာရေး ကြိုးစားဖို့ ပြောတဲ့သူ ရှိမယ်။ သူများ အလုပ် မလုပ်ဖို့ ပြောတဲ့သူ ရှိမယ်။ ဘာသာရေး အစွန်း မရောက်ဖို့ ပြောတဲ့သူ ရှိမယ်။ ဘုရား တစ်ခါမှ ဝတ်မတက်ဖူးဘဲ ကိုယ့်ဘာသာအတွက် အသေခံမယ့်သူ ရှိမယ်။ လောကကြီးက ဘုန်းကြီးရူးနဲ့ လှေလူးလေလားပေါ့။

ငါသာ ကြိမ်စကြာကို ပိုင်သော စကြာဝတေး ဘုရင်ဖြစ်ပေချင်တော့သကိုး။