JQY Blog
  • ထီနောင်ရေကန်

    လွန်ခဲ့တဲ့ရက်က ကျွန်တော်ရွာပြန်တော့ ရွာအတောင်ဘက်မှာ ဟိုးအရင်က ရေစီးသန်ခဲ့ပြီး ချောင်းကြီးတစင်း ဖြစ်ခဲ့တဲ့ ရေချောင်းလေးဟာ ခုတော့ ရေမစီးတဲ့အပြင် ချောင်းအရာလေးပါ ပျောက်လုနီးသွားပါပြီ။ ချောင်းနာမည်တောင် လူတွေ မေ့တေ့တေ့ဖြစ်ကုန်ပေါ့။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းက အဲဒီချောင်းကို အမီပြုပြီးတော့ ရေအားလျှပ်စစ်တောင်ထုတ်ခဲ့သေးတယ်။ ခုတော့ မိုးတွင်းတောင် ရေမစီးတော့ဘူးတဲ။ နောက်ဆက်ပြန်တော့

  • သွေး

    ပအိုဝ်းကောင်းကလေးတယောက် ဆေးရုံကိုသွားပြီး သွေးလှူတယ်။ သူနာပြုက မေးတယ်။ “မောင်လေး ဘာသွေးလဲ” “ပအိုဝ်းသွေး” သည်ဟာသလေးကိုဖြင့် ပအိုဝ်းတွေ ခဏခဏပြောလို့ ခဏခဏကြားဖြစ်တဲ့ သွေးနဲ့ပတ်သက်တဲ့ ဟာသလေးပါ။ ဗမာ့သွေးဆိုတဲ့နာမည်နဲ့ အွန်လိုင်းမှာတော့ အကောင့်တွေ တွေ့ဖူးတယ်။ ဗမာ့သွေးဆိုတဲ့ စာအုပ်လား သီချင်းလား ရှိတယ်ထင်ပါတယ်။ သွေးဟာ ပအိုဝ်းသွေး ဗမာသွေးလို့

  • သီချင်းများနဲ့အိမ်

    ကျွန်တော်ငယ်ငယ်က တယ်ဖတ်ခဲ့တဲ့ ဝတ္ထုဆိုလို့ သိုင်းဝတ္ထုရယ်၊ အချစ်ဝတ္ထုရယ်ပဲ ရှိတယ်။ အဲဒီအရှိန်တွေရယ်ကြောင့်လားတော့မသိ။ စိတ်ထဲစွဲနေတဲ့ အိမ်ကလေးက ခမ်းခမ်းနားနား သိပ်မရှိလှဘူး။ ပြီးတော့ လူတွေနဲ့ ဝေးရာမှာ အမြဲဖြစ်လေ့ရှိတယ်။ စိတ်ကူးထဲ အိမ်ကလေးက စိုက်ခင်းတွေရဲ့ အလယ်မှာ ရောက်နေတတ်တယ်။ တောထဲမှာရှိနေပေမယ့် သတ်မှတ်တဲ့အနေနဲ့ စည်းရိုးကိုလည်း သစ်ကိုင်းလေးတွေ ဖြတ်ပြီး

  • နေရာ

    “လာမယ် မလာဘူးကတော့ မင်းရဲ့ သဘောပါ၊ မင်းအတွက် တနေရာ ကိုယ်ရှင်းလင်းထားပါတယ်” ဆိုလား “ဦးထားပါတယ်” ဆိုလား။ ဗဒင်သီချင်းလေး။ ဘယ်သူ့မှ ကိုယ့်ကို နေရာမဦးထားပါဘူး။ ကိုယ်ကိုယ်တိုင် မသွားဘဲနဲ့ ရောက်ရတာပါ။ အဲလို ရောက်ကြရင်း နေရာမှားကြသူများ အကြောင်းပါ။ အသွားမတော်ရင် တစ်လှမ်းပါ။ မသွားဘဲနဲ့ ရောက်ခဲ့တဲ့နေရာတွေလည်း

  • လူပီသခြင်း

    တနေ့သ၌ ကျွန်ုပ်မှာ မျှော်လင့်မထားဘဲ လူဖြစ်လာ၏။ ကျွန်ုပ်ကား ထိုအဖြစ်ကို မသိ။ လူဖြစ်လာရခြင်းသည် လူဖြစ်လာရခြင်းကြောင့်ဟု ထင်၏။ လူဖြစ်လာသဖြင့် လူဖြစ်လာ၏။ လူဖြစ်လာခြင်းကြောင့် ကျွန်ုပ်မှာ ကြောင်တောင်တောင်ဖြစ်ခြင်း ဇဝေဇဝါဖြစ်ချင်း အလျဉ်းမရှိ လူဖြစ်လာသည်ကို အံ့သြရကောင်းမှန်းမသိဘဲ လူဖြစ်လာ၏။ ဤအရာသည် အဖြူဟုဆိုသဖြင့် ကျွန်ုပ်မှာ ‘အော် အဖြူတဲ့ဟ’

  • ပြစ်မှုမြောက်သောနေ့

    မနက်ခင်းထောင်ထားသော နာရီက လေးနာရီခွဲတွင် သွင်းထားသော ခပ်ညိမ့်ညိမ့်သီချင်းသံဖြင့် မြည်လာသည်။ ခပ်လှမ်းလှမ်းတွင်ရောက်နေသော ဖုန်းဆီကို အိမ်မှုန်စုံမွှားဖြင့် စမ်းပြီး ပိတ်ရန်ဖြစ်ကြောင်းခလုတ်ကို ဘေးသို့ တချက်ခတ်လိုက်၏။ ပြီးလျှင် ဆက်အိပ်လိုက်သည်။ အပြင်မှ တံခါးဖွင့်သံကြားရသည်။ ကိုရင်များ၏ ခြေသံတရှပ်ရှပ်ကြားရသည်။ ကိုရင်များ အိပ်ယာက ထလာကြလေပြီ။ “သောက်တော်ရေလှဲလေ” အပြစ်တင်သံဖြင့် ကိုရင်တစ်ပါးနှင့်တစ်ပါး

  • သင်ဘယ်သူလဲ

    မိမိကိုယ်ကို သိရှိခြင်း ခေါင်းစဉ်နဲ့ သင်တန်းပေးရင် ဒီခေါင်းစဉ်နဲ့ သင်ခန်းစာလေး တစ်ခုပါတယ်။ ကြောက်စရာ ကောင်းတဲ့ သင်ခန်းစာလို့ မြင်မိတယ်။ ဒါပေမယ့်လည်း ဒီသင်ခန်းစာက မိမိကိုယ်ကို သိရှိဖို့ တော်တော် အထော်ကအကူဖြစ်ပါတယ်။ သင်ဘယ်သူလဲ ဆိုတဲ့ မေးခွန်းကို လူတယောက်တည်းကိုပဲ မေးတဲ့ သင်ခန်းစာ ဖြစ်ပါတယ်။ သင်တန်းသား

  • Before I fall

    သည် Before I fall ဇာတ်ကားလေး အကြောင်း မရေးရ မနေနိုင်လို့ ရေးကြည့်လိုက်တာပါခင်ဗျား။ ကောင်းတယ် မကောင်းဘူးက တကယ်တမ်းတော့ ကြည့်တဲ့သူနဲ့သာ ဆိုင်သလို သူ့ရဲ့ ခံစားချက်အခံနဲ့လည်း ဆိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ပထမ ကျွန်တော် review ကလေးရေးခဲ့တဲ့ What happened Monday

  • နောက်ဘဝမှာ သင်ဘာလူမျိုး ဘယ်ဘာသာဝင်ဖြစ်ချင်လဲ

    တွေးချင်ရာ တွေးတယ်။ စိတ်ပါတာရေးတယ်။ ရေးချင်တဲ့ စာလေးတွေ ရှိနေတယ်။ စိတ်ကူးထဲမှာပဲ။ တခါခါတော့လည်း စိတ်ကူးထဲက စကားတွေ ပြောမိတာ ရှိတယ်။ တခါခါတော့လည်း မနေနိုင်တော့တာ ရှိတယ်။ “မင်း ကုလားအဖြစ်နဲ့များ မွေးလာရင် မင်းဘာဖြစ်နေမလဲ၊ ဘယ်လို ဖြစ်နေမလဲ” အဘိုးက ကုလား၊ အဘွားက ကုလား။

  • What Happened Monday

    ဟက်ကာသည် ကွန်ပျူတာခလုတ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ နှိပ်နေသည်။ မကြာမီ သူ့မျက်နှာမှ ဝမ်းသာသည့် အရိပ်တချက် ဖြတ်ပြေးသွားသည်။ အစိုးရဌာနမှ သူတို့ သတင်းထဲ ခိုးဝင်သူ တယောက်ယောက်ရှိနေကြောင်း သိလိုက်သည်။ ချက်ချင်းပင် ခိုးဝင်သူ၏ တည်နေရာကို လိုက်ရှာသည်။ မြို့ထဲတွင် ရဲကားများစွာ၏ အော်သံကြားလိုက်ရသည်။ ဟက်ကာသည်လည်း ကားတစ်စီးပေါ်တက်ကာ မြို့ထဲတွင်

  • Unicodeရဲ့ အားနည်းချက်

    အားသာချက်တွေ နင်းကန်ရေးနေလို့ အားနည်းချက်ကလေး ရေးကြည့်တာပါ။ ကျနော်က သာမန်အသုံးပြုသူတယောက်ပါ။ ရုပ်ရှင်တွေထဲမှာ ထူးထူးဆန်းဆန်းတွေ့ရင် ကွန်ပျူတာနဲ့ လုပ်ထားတာကြီးဟ လို့ပြောတတ်တဲ့ သူတယောက်မျှလည်း ဖြစ်ပါတယ်။ နောက် သူတို့ပြောပြောနေတဲ့ encoding ဆိုတာတွေနဲ့ Standard ဆိုတာတွေကို  ဘာမျန်း မသိပါဘူး။ တခုတော့ရှိတယ်။ အဲဒါကတော့ Unicode ဆိုတာကို

  • နောင်တောင်း (၁)

    ကျွန်တော် နေမယ်လို့ရည်ရွယ်ပြီး နောင်တောင်းကို ရောက်ခဲ့တဲ့ရက်က ၂၀၁၁ သြဂုတ်လ ၁၄ ရက် စနေနေ့ပေါ့။ နောင်တောင်းဆိုတာက ဘုန်းတော်ကြီးကျောင်းကို အခြေခံထားတဲ့ စာသင်ကျောင်း။ အားလုံးနားလည်တဲ့ အခေါ်နဲ့ဆို ဘုန်းတော်ကြီးသင် ပညာရေးကျောင်း။ တည်နေရာက ရှမ်းပြည်နယ်ထဲမှာ။ အရင်အစိုးရလက်ထက်က စကားနဲ့ပြောရင်တော့ ရှမ်းပြည်တောင်ပိုင်း။ တောင်ပိုင်းလို့ ပြောပြော ရှမ်းပြည်လို့

  • တောဘုန်းကြီးနှင့် နတ်ဒေဝါများ

    “အရှင်ဘုရားတို့ ဘုန်းကြီးတွေက အလုပ်မရှိတော့ တရားထိုင်သင့်တယ် ဘုရား” “ဟင်” ဆိုပြီး စိတ်ထဲ တော်တော်ခုသွားတယ်။ အေးလေ ထားပါတော့ဆိုပြီး အောင့်အီးနားထောင်တယ်။ ဘယ့်နှယ် ကိုယ့်မှာ နေရင်းထိုင်ရင်း အလုပ်လက်မဲ့ ဘဝရောက်ရတယ်လို့။ အများကလည်း အဲလို မြင်နေကျဆိုတော့ ခုပေမယ့်လည်း ခုရုံပဲမို့ ခုခုနဲ့ပဲ သည်းခံလိုက်တယ်။ သည်းမခံလို့မှ

  • ကြာကလပ်နဲ့ ဆွမ်းတော်တင်ကြည့်ခြင်း

    ကိုယ့်ကဗျာကိုယ်ပြန်ဖတ်ရင်းနဲ့ ဒီကဗျာလေးတွေ့တယ်။ “အယုတ်များကြားမှ အရုပ်များ” ဆိုတဲ့ ကဗျာလေး။ လက်သီးနဲ့ မေရိုးကို ခပ်ပြင်းပြင်းထိုးလိုက်လည်း သူ့မေးရိုးနာရုံပဲ ရှိမှာပါပဲ ရှေးရိုးတွေ ဆေးထိုးမှားသလိုလို အမှန်တော့ နဂိုကတည်းက ပိုလီယိုရယ် သူလို ငါလို မှားတတ်နေကျထဲက ငါနည်းနည်းပိုမှားပြမယ်ဆိုပြီး ထော့နဲ့ ထော့နဲ့ လောက်ထွက်လာတယ်လို့ ဆိုရင် အနာရှိသူကို

  • တြိဇုန်

    လွန်ခဲ့တဲ့ ရက်များက ပြင်ဦးလွင်က ဆရာပီတာ နောင်တောင်းမှာ သင်တန်းလာပေးတယ်။ သူက ခဏနားလိုက်တိုင်း စာရေးရေးဖြစ်တယ်လို့ ပြောတယ်။ ဒါနဲ့ သူ့ကို ပလေတို ပြောတဲ့ စာရေးတဲ့ နတ်နိုးထလာပြီပေါ့လို့ ပြောလိုက်သေးတယ်။ ကိုယ်က အခု စာရေးချင်နေတာ။ စာရေးတဲ့နတ်က မနိုးဘူး။ ရေးလိုက်တိုင်း ပြန်ပြန်ဖျက်လိုက်တယ်။ ကိုယ်ရေးတဲ့

  • RWCT ထဲက စာဖတ်နည်း

     ငယ်ငယ်တုန်းက ဦးရွှေအောင်ရဲ့ စာဖတ်နည်းကို ပထမဦးဆုံး သိခဲ့ရတယ်။ ဘဝအကျဉ်းသား ဆိုတဲ့ စာအုပ်ထဲမှာ ပါတယ်။ ၁။ ခေတ်အခြေအနေ (Situation) ၂။ စာရေးသူဦးတည်ချက် (Intention) ၃။ အကြောင်းအရာ (Matter) ၄။ ချဉ်းကပ်နည်း (Approach) ၅။ ရှေ့နောက် ညီညွှတ်မှု ရှိ

  • Quotient တွေကို ဘယ်လိုသင်မလဲ

    မိမိကိုယ်ကို သိရှိခြင်း သင်တန်းတွေမှာ သင်လေ့သင်ထရှိတဲ့ Quotient လေးတွေကို သည်လိုကလေး သင်ရင် မကောင်းဘူးလားလို့ တွေးကြည့်တာပါ။ ပရိုတိုကောအရတော့ စဦးဆုံး A4 ကို ခါးကနေ ဖြတ်ထားတဲ့ စာရွက်ကလေးတွေ ဝေမယ်။ စာရက်ကလေးကို ထက်ပိုင်း လေးခေါက်ခေါက်ခေါက်ခိုင်းမယ်။ ပြီးတော့ စာရွက်သားဘက်နားလေးမှာ လက်သည်းကလေးနဲ့ ၂

  • ပရမ်းပတာကြီးတွေပါကွာ

    သိပ်မကြာသေးတဲ့ ရက်ဖြစ်တဲ့ ဒီ ၂၀၁၇ ခုနှစ် မတ်လ ၁၀ ရက်မှာ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် ဘန်းပြင်ကျေးရွာအုပ်စုဘက် အလည်ရောက်ခဲ့တယ်။ ညောင်ရွှေမြို့နယ်ဆိုတာ အင်းလေး လောက်ပဲ ရှိတယ်လို့ထင်ခဲ့တယ်။ အနောက်ဘက်တောင်ကြောရယ် အရှေ့ဘက်တောင်ကြောရယ် အဲဒီတောင်ကြားတွေထဲကရယ် ဆိုရင် တော်တော့ကို ကျယ်တဲ့ မြို့နယ်လို့ ဆိုရမှာပဲ။ အစက

  • ဘေးကပ်ရက်ခုံလေးများ

    လူတွေဟာ ဆင်းသွားလိုက် တက်လာလိုက်နဲ့ ဘေးကပ်ရက်ခုံလေးမှာ လူတွေ အမျိုးမျိုး လာရောက်ပြီး ထိုင်ခဲ့ကြပါတယ်။ တပည့်လိုလူတွေ ပါသလို ဆရာလိုလူတွေလည်း ပါတယ်။ စာကို ဖတ်ကောင်းအောင် ရေးရရင် သူစိမ်းတွေ ပါသလဲ ဆွေမျိုးတွေလည်းပါတယ်။ ကိုယ့်ထက် မြင့်မြတ်သူတွေ ပါသလို နိမ့်ကျသူတွေလည်း ပါခဲ့တယ်။ ဒါက စာဖတ်မယ့်သူတွေအတွက်

  • ရှေ့သို့လှမ်းချီ

    ၂၀၁၅ ခုနှစ် ဒီဇင်ဘာလောက်တုန်းက ကယားပြည်နယ် ကန်ခုနှစ်ဆင့်ဘက်ကို ရောက်သွားတယ်။ ကယားပြည်နယ်ဘက်က ခင်တဲ့ ဖြူနှင်းဖွေးဆိုတဲ့ ကလေးမလေးက ခဏခဏ ပြောသကိုး။ လာခဲ့ပါ။ ကန်ခုနှစ်ဆင့်လိုက်ပို့မယ်။ ထီးပွင့်ကန်လိုက်ပို့မယ်။ ငွေတောင်ဆည်လိုက်ပို့မယ်။ နောင်ယားကန်လည်း လှတယ်။ လောပိတကိုလည်း ရောက်ဖူးသင့်တယ် အမြဲပြောသကိုး။ သူကတော့ဖြင့် တခါပဲ ပို့ဖူးတယ်။ ၂၀၁၂

နတ်ကိုးကွယ်သူများ

တနေ့က တင်တဲ့ status လေးကိုတော့ဖြင့် အကျယ်ချဲ့လို့ ရေးချင်သေးရဲ့။ ကျောင်းစ ပြောင်းလာတော့ ပထမဆုံး တွေ့တာက စေတီမှာ နဂါးရုပ်။ ကိုယ်က မသိပါဘူး။ ရှေးတုန်းက ထုထားတဲ့အရုပ်မှတ်တာ။ နောက်မှ စေတီပြင်တဲ့သူက

စွမ်းရည်

ဒီကနေ့ မနက် အိပ်ယာထပြီး အောက်ကို ခဏဆင်း။ ပြီးတော့ မီတာ တစ်ရာလောက်ရှိတဲ့ ကိုယ့်တောင် အမြင့်ကို ပြန်တက်လာ။ အဲမှာ မောတာပဲ။ ဟောဟဲ ဟောဟဲ နဲ့ကို မောတာ။ ဆိုတော့

မြေမှာကပ်ပေါက်တဲ့ အပင်များ

ဆိုပိမ့်မညှာ စေ့စေ့နာလော့ ဂင်္ဂါသမြျှ ပွင့်ကုန်ကြသား ဘုရားသာသနာ ခေါက်အခါတွင် လူရွာနတ်၌ နင်ကြုံကြိုက်လည်း အမိုက်မချွေ အလိုက်နေ၍ အခြေမကြီး အချည်းနှီးလျှင် တီးတီးယောင်ယောင် ခုတိုင်အောင့်တည့်၊ သန်းခေါင်လကွယ် တောအုပ်လယ်၌ ရှစ်နယ်ပတ်ကုန်း အပြည့်ဖုန်းသည်

Forum Theater

ခပ်တည်တည်ပဲ။ ရေးကြည့်ဦးမယ်။ သူတို့ပြောကြတာကတော့ ဒီ ပြဇာတ်ပုံစံမျိုးက မြန်မာနိုင်ငံနဲ့ အများကြီး မသင့်လျော်သေးဘူး ဆိုပဲ။ ဟုတ်မှာပါလေ။ ကျွန်တော် ကြည့်ဖူးတဲ့ အနေအထားမှာတုန်းက စင်ပေါ်တက်ချင်နေတဲ့ ကိုယ်မိုက်ခဲတွေတောင် ငြိမ်နေရတာဆိုတော့။ ဒါပေမယ့် သုံးမယ့်သူများ

3 Box Analysis

သင်တန်းတွေမှာ အသုံးပြုတဲ့ Tool လေးတစ်ခု ရေးကြည့်ပါရစေဦး။ ဒီ tool ကိုတော့ ငြိမ်းချမ်းရေး သင်တန်းတွေမှာ သုံးတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကလျာဏမိတ္တ ဖောင်ဒေးရှင်းရဲ့ ၂၀၁၇-၂၀၁၉ ခုနှစ်အတွက်

ကျွန်တော် ဆယ်လီ

လူဆိုတာ ကိုယ့်ကိုယ်ကို သိပ် ပစားပေးတတ်ကြတာ သဘာဝပဲ။ ကိုယ်တွေးတာမှန်။ ကိုယ်လုပ်တာမှန် စသဖြင့် ကိုယ့်ကိုယ်ကို ပစားပေးတာကိုး။ အဲ ဖြစ်လာပြီ ဆိုရင်လည်း ကိုယ့်ဒုက္ခ သိပ်ကြီးတာပဲ။ ကိုယ့်ဒုက္ခလောက် ကြီးကျယ်တဲ့ ဒုက္ခ

အသစ်လေးများ

ဟိုအရင်တုန်းကလို မှတ်တမ်းလေးရေးဖြစ်ခဲ့မယ်ဆို ဒီနေ့မှတ်တမ်းလေးဟာ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်၊ ၁၃၇၇ ခုနှစ်၊ တပို့တွဲလဆန်း (၁၄) ရက် တနင်္လာနေ့ ဆိုတဲ့ ရက်စွဲကြီးပါပေမပေါ့။ ဒီနေ့ဟာ အဲဒီနေ့ပေါ့ကွယ်။

ဘေးကပ်ရက်ခုံလေးများ

တရက်က ဘေးကပ်ရက် ခုံလေးများကို ရေးဖြစ်ခဲ့တယ်။ တကယ့်လို့ ဒါဟာ အဲဒီပိုစ့်ရဲ့ အဆက်ဆိုရင်တော့ (၁) တွေ (၂) တွေပေါ့။ ဒါမှ မဟုတ် (၀) ကနေ စတယ်ဆိုရင် ဒီပိုစ့်ဟာ

ဘေးကပ်ရက်ခုံလေးများ

တနေ့တော့ တရားတစ်ပုဒ် နာလိုက်ရတယ်။ လူ့ဘဝဆိုတာ ကားလက်မှတ်ဖြတ်ပြီး ကားတက်စီးတာလေးလောက်ပါပဲ။ ကားပေါ်မှာတော့ ကပ်ရက်ခုံက လူနဲ့တွေ့ရမယ်။ ကားပေါ်ပါတဲ့ လူတွေနဲ့ တွေ့ရမယ်။ ဒရိုင်ဘာ စပယ်ယာနဲ့တွေ့ရမယ်။ ဒါပါပဲ…တဲ့။ ကျွန်တော်နဲ့ ကပ်ရက်ခုံမှာ ထိုင်ဖြစ်ခဲ့တဲ့

မအောင်မြင်သူရဲ့ မှတ်စုများ (၂)

ဆက်ဖတ်ကြည့်မယ်ဆိုရင်တော့ မှားမှာပဲ။ ငါ့မှတ်စု တခုလုံး အဆိုအမိန့်လိုလို ဆုံးမစာလိုလိုတွေနဲ့ ပြည့်နေတာ။ အကြီးအကျယ် အောင်မြင်ထမြောက်သွားခြင်းရဲ့ အစမှာလည်း စိတ်ကူးဉာဏ်၊ စိတ်ကူးဉာဏ်ရဲ့ သတ္တိ၊ စိတ်ကူးဉာဏ်ရဲ့ တန်ဖိုးကို ဆုံးဖြတ်ချက် ချခြင်းမျှသာ ဖြစ်တယ်တဲ့။