JQY Blog

နောက်ဘဝမှာ သင်ဘာလူမျိုး ဘယ်ဘာသာဝင်ဖြစ်ချင်လဲ

တွေးချင်ရာ တွေးတယ်။ စိတ်ပါတာရေးတယ်။ ရေးချင်တဲ့ စာလေးတွေ ရှိနေတယ်။ စိတ်ကူးထဲမှာပဲ။ တခါခါတော့လည်း စိတ်ကူးထဲက စကားတွေ ပြောမိတာ ရှိတယ်။ တခါခါတော့လည်း မနေနိုင်တော့တာ ရှိတယ်။

“မင်း ကုလားအဖြစ်နဲ့များ မွေးလာရင် မင်းဘာဖြစ်နေမလဲ၊ ဘယ်လို ဖြစ်နေမလဲ”

အဘိုးက ကုလား၊ အဘွားက ကုလား။ နေလာတာကလည်း မြန်မာနိုင်ငံထဲမှာ ကြာပြီ။ အဖေကလည်း ကုလား။ အမေကလည်း ကုလား။ ဗမာစကားတွေ သို့တည်းမဟုတ် ဒေသိယစကားတွေ ကျွမ်းကျွမ်းကျင်ကျင်တောင် ပြောတတ်နေပြီဆိုရင် ဘယ်လို လုပ်မလဲ။ မမွေးခင် ရွေးခွင့်မှ မရှိတာ။ မွေးပြီးတော့လည်း ပုဗ္ဗာစရိယ မိနဲ့ဘ ဆိုတော့ ဘာများသွားပြောဦးတော့မလဲ။ မဖြစ်မနေ လက်ခံရတဲ့ ဘဝကနေ ဘာများရွေးချယ်ခွင့် ရှိဦးမလဲ။ ပတ်ဝန်းကျင်က ပြောနေတဲ့ စကားတွေ ကြားနေတဲ့ အသံတွေ မြင်နေရတဲ့ အမြင်တွေကို ဘယ်သူက လာပြောင်းပေးနိုင်လို့လဲ။ ဒါနဲ့ မြန်မာနိုင်ငံကို ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိရတဲ့ အဘိုးနဲ့ အဘွားတို့က အလိုလို အပြစ်ဖြစ်ရပြန်ရော့လား။ သမိုင်းမှန်သမျှ တဖက်စောင်းနင်းတွေချည်း ရေးကြတာဆိုတော့ ဘယ်သူ ပြောတာကို ယုံပြကြရမလဲ။

စာရေးဆရာမ သွေး (စစ်ကိုင်း) ရေးဖူးတဲ့ လူအုပ်ကြီးဆိုတဲ့ ဆောင်းပါး ဖတ်ဖူးတယ်။ တနေ့တော့ လူတယောက် တိုက်ပေါ်ကနေ ခုံချမလို့ လုပ်တယ်။ အစတော့ တားသေးတယ်။ နောက်ပိုင်းတော့ တယောက်ကနေ စပြီး ခုံချဖြင့်လည်း ခုံချလိုက်ပါလားလို့ ပြောရာကနေ လူအုပ်ကြီးက တိုက်ပေါ်ကလူကို ခုံချစေချင်တဲ့အသံတွေ ညံထွက်သွားတယ်တဲ့။

Mytel Mytel ဖုန်းလိုင်းသစ် ဖုန်းလိုင်းသစ် ဖုန်းလိုင်းသစ် Mytel

နောက် ရွှေဘိုဘက်က ဆရာတော်တပါးကတော့ စစ်အစိုးရကို ဆန့်ကျင်နေတဲ့ အုပ်စုချင်း မပူးပေါင်းကြရာကနေ ဖြစ်ပေါ်လာတဲ့ အကြောင်းကို ပြောဖူးတယ်။ ဥပမာ စစ်အစိုးရလက်ထက်မှာ အုပ်စုမဖွဲ့ရ ဆိုတဲ့ အမိန့်အောက်မှာ ဆွမ်းလောင်းအသင်းဆိုတာမျိုး၊ နာမှုကူညီရေးအသင်းဆိုတာမျိုး၊ လူမှုကူညီရေး အသင်းဆိုတာမျိုးပေါ်လာတယ်။ သူတို့အသင်းတွေဟာ တကယ်တော့ နိုင်ငံရေး အပြောင်းအလဲမှာ ပြောင်းလဲဖို့ အသင့်ဖြစ်နေတဲ့ အဖွဲ့တွေ ဖြစ်တယ်။ ဒီအသင်းတွေကို မဘသက ဆွဲခေါ်နိုင်ခဲ့တယ်။ ဒီနေရာမှာ NLD ဟာ အနောက်နိုင်ငံက ထည့်လိုက်တဲ့ ဂျင်းမိပြီး မဘသကို ဆန့်ကျင်လိုက်တာပါပဲ။ မသိချင်ယောင်ဆောင်နေရင် ဘာမှ မဖြစ်တဲ့ကိစ္စကို အကြီးအကျယ်လုပ်ပြလိုက်တယ်။ မဘသမှာ တချိန်က NLD အတွက် သွေးမြေကျခဲ့တဲ့ သံဃာတွေ ပါဝင်နေတယ်ဆိုတာကို NLD ဟာထည့်မတွက်ခဲ့ဘူး။ မိမိတို့အာဏာရလာတာကို ယုံကြည်မှုလွန်ကဲပြီး လုပ်ရင်ဖြစ်မယ်လို့ ထင်တဲ့အသိဆိုးတွေကြောင့် တလွဲတွေ ဖြစ်ကုန်တယ်။ မိမိကိုယ်ကို ကာကွယ်လိုဇောနဲ့ တဖက်သားကို အပြစ်တင်လိုဇောကြီးနေတဲ့ လော်ဘီတွေကို ပိုင်ဆိုင်ထားမိတာလည်း မြွေပွေးခါးပိုက်ပုံစံဖြစ်ခဲ့တာလည်း ပါချင်ပါမပေါ့။ (ကြားဖြတ် သတိရမိတာ ရှိတယ်။ သံဃာ့အဝန်းအဝိုင်းမှာ အခု ဓမ္မစကူးလ်ဆိုပြီး အဖွဲ့အစည်းကြီးက တဖြည်းဖြည်းကြီးမားလာနေတယ်။ အဲဒီအဖွဲ့အစည်းထဲကို ခုလက်ရှိစီးမျောဝင်နေတာကတော့ CSO အယောင်ဆောင်ထားတဲ့ INGO လက်အောက်က အဖွဲ့အစည်းတွေပဲ။ ဓမ္မစကူးလ် ဘာလဲ ဘယ်လဲ ဖြစ်လာနိုင်တယ်) [yikes-mailchimp form=”1″ description=”1″ submit=”Submit”]

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  ပြစ်မှုမြောက်သောနေ့

နောက်တခုက အကြောက်တရား။ စာသင်ခန်းတခုထဲမှာ ဆရာမက ဂက်စ်နံ့ရတယ်ဆိုတာကနေစပြီး တကျောင်းလုံးနီးပါး ဆေးရုံတင်လိုက်ရတယ်။ နောက်ကျောင်းကို စစ်ဆေးတယ်။ အဖြေကတော့ နိုး။ ဆိုတော့ အကြောက်တရားက ကြောက်စရာကောင်းလာတယ်။ အွယ်ပီးဆိုတဲ့ ဆရာကတော့ ပြောဖူးတယ်။ အဖွဲ့အစည်းဆိုတဲ့ ကျောက်ထောက်နောက်ခံ တခုခုရှိရင် အလုပ်လုပ်တဲ့အခါ ပိုယုံကြည်မှုရှိတယ်တဲ့။

ဒါတွေ ဘာကြောင့်လို့ တွေးမိလဲဆိုတော့ အခုတင်ထားတဲ့ ဓာတ်ပုံကြောင့်ပါ။ သူတို့ မူစလင် မိသားစုပါ။ သင်ဟာ ကံဇာတာမှားပြီး ယခုကျရောက်နေတဲ့ သားအမိနေရာမှာ သင့်မိသားစု ဖြစ်ခဲ့မယ်ဆိုရင် သင်ဘယ်လို ခံစားရမလဲ။ ဘယ်လိုလုပ်မလဲ။ ကံကောင်းသွားတာတခုက အကြမ်းဖက် အဖွဲ့အစည်းဟာ ဗုဒ္ဓဘာသာကို ခြေကုတ်မယူခဲ့တာပါပဲ။ ဆိုတော့ သင့်အတွေးထဲဝင်နေတဲ့ ဘယ်အယူအဆက ဘယ်အတိုင်းအတာထိ ရှိနေမယ်ဆိုတာ မသိပါဘူး။ အဲလိုပဲ ကျွန်တော် မြင်နေတဲ့အတွက် ကျွန်တော့်အတွေးထဲ ဝင်နေတဲ့ အယူအဆတွေက ဘယ်လိုနေမယ် မသိဘူး။ ကျွန်တော်တို့ အယူအဆတွေကပဲ ကျွန်တော်တို့ကို သွေးခွဲပြီးသား ဖြစ်တာမို့ အသုံးမကျတဲ့ အယူအဆတွေနဲ့ ကျွန်တော်တို့ ဆက်လက်သွေးကွဲကြဦးစို့။