JQY Blog

စီမံကိန်းအနီးတွင် နေထိုင်ခြင်း (၃)

လွန်ခဲ့တဲ့ ၇ နှစ်လောက်က ဇာတိရွာဖြစ်တဲ့ တောင်ကြီးမြို့နယ်၊ သံတဲ့အုပ်စုအမြောက်ဘက် မိုင်းသော်အုပ်စု ပန့်ပုံးရွာကို အလည်ပြန်တယ်။ မန္တလေးကနေ ရွှေညောင်မြို့မှာဆင်းတယ်။ အဲဒီကနေ ရွာကို ဆိုင်ကယ်ကယ်ရီငှါးပြန်တယ်။ လမ်းမှာဆိုင်ကယ်သမားနဲ့ စကားပြောဖြစ်တယ်။ ဖက်နံရွာနားလေး မရောက်ခင်မှာ အရက်ချက်စက်ရုံတစ်ရုံကို တွေ့တယ်။

“ဒီဒေသတိုးတက်လာပြီနော် စက်ရုံတွေ ဘာတွေပေါ်လာပြီ၊ နောက်ဆို ဒီ့ထက်တိုးတက်မှာ”

အဲဒီစကားကို ကြားတော့ စက်ရုံဟာ ဒေသကို တိုးတက်စေသလားဆိုတဲ့ အတွေးကို တွေးဖြစ်သွားတယ်။ တိုးတက်တယ်လို့ မြင်ရတာကတော့ လေကြေအရပ်မှာရှိတဲ့ ဖက်နံရွာမှာ လျှပ်စစ်မီးရသွားတယ်။ ဘယ်မှာလဲလို့ ပြလို့မရတာကတော့ လေကြေအရပ်ဖြစ်တဲ့အတွက် စက်ရုံက ထုတ်လွတ်လိုက်တဲ့ ချဉ်စူးစူးအနံ့ကို နေ့စဉ်နဲ့အမျ ရှူရှိုက်ရတယ်။ ဒါပေမယ့် အဲဒီမှာရှိတဲ့ လူတွေတော်တော်များများကတော့ လျှပ်စစ်မီးရတာကို ကျေနပ်တယ်။ လျှပ်စစ်မီးက သူတို့နှာခေါင်းကို ပိတ်လိုက်တယ်။ လေညာက သာသနာပုံးရွာတော့ လျှပ်စစ်မီး မရပါဘူး။

ကျောင်းနားမှာ အရမ်းရင်းနှီးတဲ့ လူတယောက်ရှိတယ်။ တနေ့တော့ သူနဲ့ ဟိုဟိုဒီဒီစကားပြောဖြစ်တော့ သူက ဒီနေရာကို စက်ရုံတွေသာ ရောက်မလာခဲ့ရင် ဘယ်လိုနေမယ်မသိဘူးနော်။ သူဆိုလိုတာက လမ်းလည်း ကောင်းမှာ မဟုတ်သလို လျှပ်စစ်မီးတွေလည်း ရမှာမဟုတ်ဘူးလို့ပါ။ ပါရဒိုင်းရှစ်က အုံလိုက်ကျင်းလိုက် ဖြစ်နေတာဆိုတော့ သည်ကိစ္စက တနိုင်ငံလုံးအတွက် ပါးပါးလေး ဖြစ်မယ်ထင်တယ်။ ခုထိလည်း လမ်းကတော့ မကောင်းပါဘူး။ သူဌေးဆိုတာက တစ်ကျပ်ကို နှစ်ကျပ်မှတ်လို့ ခွာတတ်တဲ့သူမျိုးတွေ ဆိုတော့ ဘာကိစ္စ ကုန်တင်ကားကြီးတွေ သွားလို့ လာလို့ ရနေသေးရင် ပြင်မလဲ ဒီလမ်းတွေကို။ ဘုတွေ ချိုင့်တွေကို မကြိုက်ရင် ရှောင်သွားကြပေါ့။ ရွာသားအသံလောက်နဲ့တော့ တက်မလာနဲ့ပဲ။ ဟောရင်းသာ ပျံလွန်တော်မူမယ်။ လမ်းကိုတော့ ကမ္ဘောဇဘိလပ်မြေစက်ရုံအနေနဲ့ ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။

Mytel Mytel ဖုန်းလိုင်းသစ် ဖုန်းလိုင်းသစ် ဖုန်းလိုင်းသစ် Mytel
စက်ရုံတွေရောက်လာတော့ ဘာခက်သွားလို့လဲလို့လည်း မေးစရာ ရှိပြန်တယ်။ တောင်ကြီးကနေ ဟိုပုံးဘက် ဆင်းလာရင် သံတောင် သံမဏိစက်ရုံဆိုတာ ရှိတယ်။ သံတောင်ဆိုတာကတော့ ဒေသခံတွေခေါ်တာများတယ်။ အများက မြင်ရင် ပင်းပက်သံမဏိစက်ရုံလို့ပဲ မြင်မယ်။ အမှတ် (၅) သံမဏိစက်ရုံလို့လည်း သိချင်သိနေမပေါ့။ အခုကျွန်တော့်ကျောင်းရှိတဲ့နေရာကို လာချင်ရင် အဲဒီပင်းပက်သံမဏိစက်ရုံလမ်းကနေ တောင်ဘက်ကို တန်းတန်းမတ်မတ်လာခဲ့ရင်လည်း ရောက်ပါတယ်။ သို့သော်ငြားလည်း စလိုးဒေါင်းက ဆယ်ခုကျော်ရမယ်။ မျက်နှာထားတင်းတင်းနဲ့ ဘယ်သွားမလဲလို့ အစစ်ခံရမယ်။ ကိုယ့်ကျောင်း ကိုယ်ပြန်တိုင်း ဘယ်သွားမလို့လဲ ခဏခဏ အစစ်ခံရတော့ သွားရတာ မပျော်ဘူး။ လွတ်လပ်တယ်လို့ မခံစားရဘူး။ အဲဒီ စစ်ဆေးရေးဂိတ်ကို ရောက်ရင် စိတ်က အလိုအလျောက် ကသိကအောက်ဖြစ်သွားတယ်။ စစ်ဆေးရေးဂိတ်က တစ်ခုကို ကျော်လာပြီးရင် စက်ရုံထဲ မှားဝင်မှာစိုးလို့ နောက်ထပ် စစ်ဆေးရေးဂိတ်တစ်ခု ထပ်တွေ့ရမယ်။ စစ်တပ်ရဲ ဆိုပါတော့ဗျာ။ အဲကနေ မှန်မှန်ကန်ကန် ဆက်သွားနိုင်ပြီဆိုရင် အထွက်မှာ နောက်ထပ် စစ်ဆေးရေး တစ်ဂိတ်ထပ်တွေ့မယ်။ စစ်ဆေးရေးဂိတ်များလှတဲ့ စက်ရုံဆိုတာက ဘယ်လိုစက်ရုံမျိုးလဲလို့ မေးချင်စရာ ဖြစ်လာပါတော့တယ်။ အထဲကို မှားဝင်ဖူးတယ်။ ဓာတ်ပုံမရိုက်ရ ဆိုတဲ့ ဆိုင်းပုဒ်ကြီးချိတ်ထားတယ်။ စက်ရုံကို ဓာတ်ပုံရိုက်ရင် ပြစ်မှုမြောက်သလားတော့ မသိဘူး။

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  အိပ်မက်

တနေ့တော့ ကျွန်တော့် ငယ်ဆရာလည်းဖြစ် အခု ရှမ်းပြည်နယ် သံဃနာယကဥက္ကဋ္ဌလည်းဖြစ်တဲ့ တောင်ကြီးမြို့ မင်းကွန်းဆရာတော် ကျောင်းကို မမျှော်လင့်ပဲ ရောက်ချလာတယ်။

“ကလေးဘယ်လောက်ရှိလဲ”

“၄၀ ပါဘုရား”

“ဒီမှာနေတာ ပျော်ကြရဲ့လား”

“ပျော်ကြပါတယ်ဘုရား”

“ကလေးဆိုတော့ ဘယ်မှာဖြစ်ဖြစ် ပျော်မှာပါပဲ။ စက်ရုံနဲ့နီးတော့ အဆင်ကောပြေလား”

ဆရာတော်က ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ မေးတာ ဖြစ်ပါတယ်။ စက်ရုံရဲ့အနံ့နဲ့ အသံကိုတော့ သစ်ပင်တွေက နည်းနည်းကာနိုင်တယ်။ ဖုန်မှုန့်ကိုလည်း နည်းနည်းကာနိုင်တယ်။ လောလောဆယ်တော့ Mytel ဖုန်းတိုင်ကတော့ မလုပ်ဖို့ အကြိမ်ကြိမ်စာပို့ဖူးပါရက်နဲ့တော့ ဘာစာမှ မပြန်ပဲ ပေလုပ်နေတာတော့ ရှိတယ်ဘုရားလို့ နည်းနည်းလေး လျှောက်လိုက်တယ်။

“ဘေးပတ်ဝန်းကျင်က ကန့်ကွက်သူရှိရင် လုပ်လို့မရပါဘူး”

နောက်ပိုစ့်များကို mail ကနေ အသိပေးစေချင်တယ်ဆိုရင် အောက်မှာ သင့် mail ကို ဖြည့်ခဲ့ပါ

ပြုံးပဲ ပြုံးပြလိုက်တယ်။ ကိုယ့်မှာလည်း ရွာကလူတွေ မသိအောင်ကန့်ကွက်ရတာကိုး။ ဒါကို Mytel ဖုန်းတိုင်က အခွင့်ကောင်းယူပြီး ငတေမာရင်ပြီးရော လုပ်တာကိုး။

ပြောရဦးမယ်။ ကျောင်းက စေတီကို အမီပြုပြီး ပေါ်လာတာ။ စေတီမှာက အင်္ဂတေတွေ ခင်းထားတာမဟုတ်ပဲ အုတ်ချပ်တွေ စီချထားတယ်။ အခါကြီးရက်ကြီးရောက်တိုင်း မြက်တွေနှုတ်ရပါတယ်။ အုတ်ကြားမှာပေါက်တဲ့ မြက်တွေဆိုတော့ နှုတ်ရ အတော်ကိုခက်သဗျာ။ Mytel ကုမ္ပဏီကလူတွေလည်း အုတ်ကြားမြက်တွေ နေမပေါ့။

နောက်ဆုံး ဖရန်စစ်ဘေကွန်ကိုပဲ စိတ်တိုရပါတော့မယ်။ သူထုတ်ခဲ့တဲ့ အဆိုအမိန့်တစ်ရပ်ကြောင့် ဒီလိုဖြစ်ကုန်တာ။