JQY Blog

Mytel Telecom

ကျောင်းရဲ့ အနီးအနားလေးကို တိတ်ဆိတ်တဲ့ အနှောင့်အယှက်ကြီးကို သူတို့ဌာနကို စာခဏခဏ ပို့ခဲ့တဲ့ကြားက မသိကျိုးကျွံပြုပြီး ယူလာခဲ့တဲ့ Mytel Telecom ရဲ့ ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုဆိုတဲ့ မျက်နှာထားတွေ အထာတွေနဲ့ လာခဲ့တော့မှပဲ မုံရွာနားက လက်ပန်းတောင်းတောင် ဒေသခံတွေကို စာနာမိသွားတယ်။ အာဏာရှိသူတွေကို နောက်ခံထားတဲ့ လုပ်ငန်းရှင်တွေရဲ့ လုပ်ရပ်တိုင်းဟာ လူ၊ သဘာဝပတ်ဝန်းကျင်နှင့် ထိခိုက်မှုများစွာကို ဂရုမစိုက်တတ်သူတွေ ဖြစ်နေတတ်ပါတယ်။ ကိုယ်ရယ် ကိုယ့်ပတ်ဝန်းကျင်ရယ်နဲ့ ကိုယ့်ရဲ့ စာသင်နေတဲ့ ကလေးအပြင် နောင်လုပ်မယ့် လူမှုဖွံ့ဖြိုးရေးသင်တန်းအတွက်ပါ မဟာတံတိုင်းကြီး လာလုပ်သွားတဲ့ Mytel Telecom တို့လိုပဲ ငွေရှင် ကြေးရှင် ဓနရှင်တွေဟာ စစ်တပ်တို့လို လက်ရှိ အာဏာပိုင်အစိုးရတို့လို လူတွေကို ငှါးနိုင်သကိုး။

ဖုန်းတာဝါတိုင်တွေကြောင့် ဖုန်းလိုင်းကောင်းချင်မှ ကောင်းပါလိမ့်မယ်။ သေချာတာကတော့ လူနေမှုဧရိယာထဲမှာ လာဆောက်တဲ့ အခြားသော တာဝါတိုင် သို့တည်းမဟုတ် ကျုပ်ကျောင်းဘေးကို မလုပ်နဲ့လို့ တားတဲ့ကြားက ခပ်တည်တည်လာလုပ်တဲ့ Mytel Telecom တို့လို ဖုန်းတာဝါတိုင်တွေကတော့ဖြင့် လူတွေကို တိတ်ဆိတ်စွာ အနှောင့်အယှက်ပေးတော့ပါပဲ။ လျှပ်စစ်အသံလိုင်းဆိုတာ မမြင်ရ မကြားရပေမယ့် ထို့အတူ ယုံကြည်ဖို့ ခဲယဉ်ပေးမယ့် တကယ်တော့ ကျန်းမာရေးနှင့် လူမှုရေး ထိခိုက်မှုကို အမြဲများတာပါပဲ။ ဖွံ့ဖြိုးပြီး နိုင်ငံများတော့ဖြင့် သည်ကိစ္စကိုသိလို့ တာဝါတိုင်များကို ဟိုးလွန်ခဲ့တဲ့ ၁၉၉၆ လောက်ကတည်းက လူနဲ့ ဝေးတဲ့ နေရာတွေမှာ သူတို့အဆို မြို့ရဲ့ မြို့ရိုးလောက်ဝေးတဲ့နေရာလောက်ကသာ ဆောက်ခွင့်ပြုခဲ့သတဲ့။ ငါတို့ မြန်မာနိုင်ငံလို ဒီမိုကရေစီ ရခါစ နိုင်ငံများဟာဖြင့် တိုးတက်မှုကို အံ့သြဘနန်းဖြစ်နေတုန်း ဖြစ်တဲ့အတွက် တာဝါတိုင်ကြီး ငါတို့ဆီရောက်လာသဟ ဆိုတာမျိုးကို အခွင့်ကောင်းယူပြီး လုပ်ငန်းရှင်တွေဟာ သူတို့ တာဝါတိုင်တွေကို အနှောင့်အယှက်ကင်းအောင် လူတွေနဲ့ နီးနီး လုပ်လေ့ရှိသတဲ့။ ပြီးတော့ လုပ်ငန်းရှင်တွေဟာ ပတ်ဝန်းကျင်ထိခိုက်မှုကို တာဝန်ယူတာမျိုး လုံးဝမရှိဘဲနေကြသတဲ့။ မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ ဖွံ့ဖြိုးမှုကို ခုံမင်နေကြတဲ့ လူငယ်တွေ သို့မဟုတ် လူတွေအားလုံးဟာ ခုထိ ဖွံ့ဖြိုးမှုနောက်ကွယ်က အန္တရာယ်ကို မမြင်ကြသေးပါဘူး။

Mytel Mytel ဖုန်းလိုင်းသစ် ဖုန်းလိုင်းသစ် ဖုန်းလိုင်းသစ် Mytel
ပြင်သစ်မှာ cell phone tower ၃၀၀ လောက်နားက လူတွေကို သုတေသန လုပ်ကြည့်ရာမှာ သိသာထင်ရှားတဲ့ ကျန်းမာရေး ထိခိုက်မှုပေါင်းများစွာကို တွေ့ခဲ့ရတယ်။ အိပ်မပျော်သည့်ရောဂါ၊ အရေပြားရောဂါ၊ မူးဝေခြင်း၊ နာကျင်မောပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အာရုံစူးစိုက်၍ မရခြင်း၊ စိတ်ကျရောဂါ၊ မှတ်ဉာဏ်ချွတ်ယွင်းမှု၊ ယားယံခြင်းနှင့်အတူ နှလုံးသွေးကြောဆိုင်ရာ ပြဿနာတွေဖြစ်ပေါ်စေခဲ့တဲ့။ ဒါက ၂၀၀၃ ခုနှစ်လောက်က လုပ်ခဲ့တဲ့ သုတေသနစာတမ်းမှာ ဖော်ြပထားတာ။ ဒါကို http://electromagnetichealth.org/ ဝက်ဆိုက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ သူတို့ကတော့ ပိုသေချာတယ်။ ဓာတ်ကင်ရတဲ့ ဌာနတွေကို ရောက်လာတဲ့ လူတွေကို စစ်ဆေးလိုက်တိုင်း တာဝါတိုင်အနီးမှာ ရှိနေတဲ့ လူတွေက ပိုများတယ်လို့ ဆိုထားတယ်။

Naila ကျောင်းသားတွေ လုပ်ထားတဲ့ သုတေသန စာတမ်းမှာလည်း ဖုန်းတာဝါတိုင် အနီးမှာ နေထိုင်တဲ့သူတွေဟာ ငါးနှစ်အတွင်း ကင်ဆာရောဂါ အမျိုးမျိုးနှင့် ရင်ဆိုင်ကြရတာကိုတွေ့ရသတဲ့။ ဒါကိုတော့ http://www.virginmedia.com/ ဝက်ဆိုက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

Kempton ကျောင်းသား ၂၅ ယောက်လုပ်ထားတဲ့ ဖုန်းတာဝါတိုင် အနီးမှာ နေထိုင်တဲ့ မိသားစုများကို လေ့လာတဲ့ စာတမ်းမှာ ဖုန်းတိုင်နဲ့ နီးတွေ မိသားစုတိုင်းမှာ မလိုလားအပ်တဲ့ ပြဿနာပေါင်းစုံတွေ အလိုအလျောက် ဖြစ်နေတာကို တွေ့ခဲ့ရပါသတဲ့။ သူတို့က ၂၀၀၈ ခုနှစ်လောက်မှာ ဒီစာတမ်းကို ပြုစုခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ http://weepnews.blogspot.co.uk/ ဆိုတဲ့ ဘလော့မှာ တင်ခဲ့ပါတယ်။ ဒီဘလော့မှာတော့ ဒီထက်ပိုတဲ့အခြေအနေတွေကို သေသေချာချာ စေ့စေ့စပ်စပ် ရေးထားတာ တွေ့ပါတယ်။

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  နောက်ဆုံး လက်ကျန်များ (၂)

Mytel Telecom ကြီး အနီးရောက်လာတော့ လုံးဝကြောက်စရာ အနေအထားမှာ သို့တည်းမဟုတ် အမြဲစိုးရိမ်ရတဲ့ အနေအထားမှာ အလိုအလျောက် ရောက်ရှိခဲ့တဲ့ ငါ့ကျောင်းလေးကတော့ဖြင့် သနားစရာ ဖြစ်သွားတော့တာပါပဲ။

ဖုန်းတာဝါတိုင်နဲ့ ပတ်သက်ရင်တော့ အမြဲတမ်း အငြင်းပွားစရာ ဖြစ်နေတတ်တယ်။ တချို့က အဲလောက်ကြီးလည်း မဟုတ်ပါဘူး။ တချို့က လူတွေအားလုံးလည်း ခံစားနေရတာပဲ။ တချို့က မြို့တွေက တချို့တွေဆို အိမ်ပေါ်တောင် တင်ထားတာပဲ စသဖြင့် ပြောပြီး တာဝါတိုင်ကြောင့် ကျန်းမာရေး ထိခိုက်တာ မှန်သော်ငြား ကျန်းမာရေးဌာနကတွေ ပြောနေသလောက်လည်း မဆိုးပြန်ပါဘူးလို့ ဆိုကြပြန်ပါတယ်။ ဝုန်းဒိုင်းဆိုပြီး ရောက်လာတဲ့ အခြေအနေမျိုးမဟုတ်ပဲ တဖြည်းဖြည်းမျဉ်းတဲ့ အခြေအနေဆိုတာကို သဘောပေါက်ထားဖို့လိုပါတယ်။

အခြေခံအားဖြင့် ကိုယ့်ကျန်းမာရေးကို တရစပ်တိုက်ခိုက်နေမယ့် Mytel telecom ကြီးက ဘေးနားမှာ ရှိနေပြီဆိုတော့ကာ အရေပြား ယားယံလာမယ်ဆိုပါစို့။ ရေမသန့်လို့။ ရေမချိုးလို့ စသဖြင့် တခြားကို လွဲချနိုင်တယ်။ ခေါင်းကိုက်ရောဂါ ဖြစ်လာတယ်ဆိုပါစို့။ အိပ်ရေးဝဝမှ မအိပ်တာကိုးလို့ ဆိုလို့ရတယ်။ အာရုံစူးစိုက်လို့မရရင်ဖြစ်ဖြစ် အိပ်မပျော်တာဖြစ်ဖြစ် မှတ်ဉာဏ်ချွတ်ယွင်းတာဖြစ်ဖြစ် တခြားအကြောင်းအရာကို လက်ညိုးထိုးပစ်လို့ရတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ ဒါဟာ အနီးမှာ Mytel တာဝါတိုင်ရှိနေလို့သာ ဖြစ်ပါတယ်။

နောက်ပိုစ့်များကို mail ကနေ အသိပေးစေချင်တယ်ဆိုရင် အောက်မှာ သင့် mail ကို ဖြည့်ခဲ့ပါ

အွန်လိုင်းမှာရော အပြင်မှာပါ ခင်တဲ့ AIDS ဝေဒနာသည် Ba La ဆိုတဲ့ သူငယ်ချင်းရှိတယ်။ သူ့မှာ ရှိတာက AIDS။ ဒါပေမယ့် သူရှောင်ရတာတွေက များသွားတယ်။ သာမာန်လူတယောက်လို နေထိုင်ခွင့် ဆုံးရှုံးရတယ်။ အခု ကျောင်းနားရောက်လာတဲ့ Mytel telecom ရဲ့ ဆိုးမွေဟာလည်း အဲလိုပဲ။ သူတို့သူဌေး ပိုက်ဆံရမယ်။ အခု လက်ရှိ လုပ်နေတဲ့ ဝန်ထမ်းတွေ ပိုက်ဆံရမယ်။ ဒါပေမယ့် အမြဲနေထိုင်ရမယ့် ကိုယ့်ကျောင်းက ဦးပဇင်း၊ ကိုရင်၊ ဆရာနှင့် ကျောင်းသားကျောင်းသူတွေဟာ ရောဂါတခုခုကို မလွဲမသွေ လက်ခံနေရတော့မှာ ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ ဖိတ်ခေါ်ချင်တာကတော့ အသက်ကလေးများ တိုချင်ရင်ဖြင့် တောင်ကြီးမြို့နယ်၊ နမ့်ဆီးအုပ်စု၊ ဖောင်တော်ဆိုက်ရွာ၊ ပါရမီကျောင်းမှာ လာနေကြပါလို့။