JQY Blog

Mytel Cell Phone Tower

ဘယ်လိုပဲ ကန့်ကွက်စာရေးရေး ဘယ်လိုပဲ ပို့ပို့ လုံးဝ နောက်မဆုတ်တဲ့ အဖြစ်ကို တွေ့လိုက်ရတဲ့ Mytel Cell phone tower နောက်မှာ ဘယ်သူတွေ ရှိနေမယ်တော့ မသိရဘူး။ စစ်အစိုးရလက်ထက် အုပ်ချုပ်ခဲ့စဉ်ကလိုမျိုး ဘယ်သူ ဘယ်ဝါကိုမှ ဂရုမစိုက်တဲ့ အထာကိုတော့ တွေ့နေရတာပဲ။

ဒီနေ့ ရှမ်းမြောက်က ဂေဟလူမှုဖွံ့ဖြိုးရေး ပညာပေးသင်တန်းသားတွေလာပြီး မြေအုတ်နင်းရင်း သူတို့က ပြောတယ်။ Cell Phone Tower ကထွက်လာမယ့် တုန်ခါမှုက ပတ်ဝန်းကျင်မှာရှိတဲ့ စာသင်ကျောင်းတွေ ကလေးတွေ ပျားတွေထိခိုက်လိမ့်မယ်။ ပျားတွေ မရှိခြင်းရဲ့ ဆိုးကျိုးကို လူတော်တော်များများ သိပြီးသားပါ။ ပြီးတော့ ပျားနဲ့အတူ အသံလိုင်းရဲ့အောက် တုန်ခါမှုကို မခံနိုင်တဲ့ ငှက်နဲ့အတူ အခြားသော တိရစ္ဆာန်လေးတွေလည်း ပျောက်ကွယ်လာလိမ့်မယ်။ လူတွေအတွေက် တရက်လည်းမဟုတ် နှစ်ရက်လည်းမဟုတ်တော့ ကြာရင် ကင်ဆာရောက်ဂါတော်တော်များများရဲ့ အခြေဖြစ်လာလိမ့်မယ်လို့ ပြောသွားတယ်။ ကိုယ့်မှာ ဖွံ့ဖြိုးရေးသင်တန်းတွေ ဘာတွေပေးရင်း ကိုယ့်ကျောင်းနား Mytel ဖုန်းတာဝါတိုင်ကြီး ရောက်လာတာကို ဘယ်လိုမှ မကန့်ကွက်နိုင်ဘူးဆိုတော့ မျက်နှာကို ဘယ်သွားထားရမှန်း မသိဘူး။ မိုင်ဝက်လောက်ထိဝေးတာတောင်မှ စိတ်ဖိစီးမှု အလိုလို ဖြစ်စေနိုင်တဲ့ အခြေအနေမှာ ရှိနေတဲ့ ဖုန်းတာဝါတိုင်က Mytel လုပ်လိုက်ပုံများ ကိုယ့်ကျောင်းနဲ့ လမ်းပဲ ခြားရတယ်လို့။

Mytel Mytel ဖုန်းလိုင်းသစ် ဖုန်းလိုင်းသစ် ဖုန်းလိုင်းသစ် Mytel
အရှေ့ဂျာမဏီက ဆရာဝန်တွေရဲ့ ဖုန်းတာဝါတိုင်ဆောက်ပြီးနောက် အနီးမှာ ရှိတဲ့ စာသင်ကျောင်းနဲ့ လူတွေကို သုတေသနလုပ်ကြည့်တာ စာမေးပွဲကျတဲ့ ကလေးတွေ တဝက်လောက်ဖြစ်လာတယ်။ ကင်ဆာဖြစ်သူ ဦးရေ တိုးလာတယ်တဲ့။ ဖုန်းတာဝါတိုင်နားနေတဲ့သူ တော်တော်များများဟာ လူတွေရဲ့ နာမည်ကို မေ့တာ၊ ဆက်ဆံရေး ညံ့လာတာမျိုးကိုလည်း တွေ့ရတယ်တဲ့။

အစ္စရေးမှာလည်း အဲလိုပဲ။ ဖုန်းတာဝါတိုင်နားမှာ နေကြတဲ့ ကျောင်းသားပေါင်း ၆၀၀ ကျော်ကို လေ့လာကြည့်တာ သူတို့ဟာ သည်းခံစိတ်တော်တော်လေး နည်းလာကြတာကို တွေ့ရတယ်။ ပြီးတော့ သူတို့ဆီမှာ ထူးဆန်းတဲ့ ကင်ဆာရောဂါ ရှစ်မျိုးတောင် တွေ့ရတယ်။ သုံးမျိုးက ရင်သားကင်ဆာ။ တမျိုးက သားအိမ်ကင်ဆာ။ အဆုပ်၊ အရိုး၊ ကျောက်ကပ်နှင့် အမည်တောင်တပ်လို့ မရတဲ့ ကင်ဆာတွေတဲ့။ ဒါတောင် သူတို့ဟာ ဖုန်းတာဝါတိုင်နဲ့ မိုင်ဝက်ကျော်ကျော်တောင် ဝေးတယ်လို့ ပြောပါတယ်။

နောက်ပိုစ့်များကို mail ကနေ အသိပေးစေချင်တယ်ဆိုရင် အောက်မှာ သင့် mail ကို ဖြည့်ခဲ့ပါ

ကြည့်ရတာ ငါတို့နားမှာ ကင်ဆာဆေးရုံတစ်ရုံလည်း ထပ်ဆောက်ဖို့ လိုနေလောက်ပြီ။ မြန်မာနိုင်ငံမှာ ကင်ဆာတွေ များနေတာ စည်းမရှိ ကမ်းမရှိ ဖုန်းတာဝါတိုင်တွေကြောင့်လည်း ပါမှာပဲ။ Mytel လို ကန့်ကွက်နေတာတောင် ခြံရှင်ကို ငွေပေးရင်ရတယ်ဆိုတဲ့ ကိုယ့်လုပ်ငန်းကိုသာ အဓိကထားတဲ့ ငို့ဘသမားတွေကြောင့်လည်း ပါချင်ပါမှာပဲ။

ဒီနေ့ ရှမ်းမြောက်က ကောင်မလေးတယောက် မြေသယ်ရင်း ငုပ်ကို နင်းမိပြီး ခြေထောက်ကို ငုပ်က တစ်လက်မကျော်ကျော်စူးသွားတယ်။ အဲဒီအတွက် အနီးက ကျန်းမာရေးမှူးကို ခေါ်လိုက်တာ အေးဆေးပဲ။ ပြီးတော့ လူပဲရောက်လာတယ်။ ဘာမှ ပါမလာဘူး။ သူ့ဆေးခန်းအထိ လိုက်သွားတော့ ဟိုမှာ ဘာမှ မရှိတာနဲ့ ဟိုပုံး ဆေးရုံကို သွားလိုက်ရတယ်။ ဆိုတော့ သူ့လိုလူမျိုး ကျန်းမာရေးမှူး ရှိနေရင် ခေါင်းကိုက်ရောက်ဂါတောင် ဆေးရုံပြရမယ့် အနေအထားမှာ ရှိတယ်။ Mytel ဖုန်းတာဝါတိုင်ကြောင့် ဖြစ်လာမယ့် ခေါင်းကိုက်ရောဂါ၊ ကိုယ်ခံအားနည်းတဲ့ရောဂါ၊ အာရုံကြောအားနည်းတဲ့ရောဂါ၊ ဦးရေပြားကင်ဆာရောဂါ၊ ကိုယ်ဝန်ဆောင် ကလေးများ ကိုယ်လက်အင်္ဂါမစုံလင်မှု၊ မျိုးဆက်ခြားပြဿနာ၊ မှတ်ဉာဏ်ချွတ်ယွင်းမှုရောဂါ၊ ဖိအားများမှု၊ မျက်စိမှုန်ရောဂါ၊ အတိတ်မေ့ရောဂါ၊ အမြင်ချို့ယွင်းမှု သုက်ပိုးခမ်းခြင်းနှင့် ကိုယ်ဝန်ပျက်ကြခြင်း စတဲ့ စတဲ့ များမှများတဲ့ ရောဂါတွေဖြစ်လာတော့မှာမို့ ဗစ်တိုးရီးယား၊ ပါရမီ၊ ဆာကူရာတွေတောင် လိုလာတော့မလားပဲ။

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  နေရာ

အီလက်ထရစ်နဲ့ ပတ်သက်တဲ့ မြန်မာနိုင်ငံက ဥပဒေက ဘာတွေလည်း မသိ။ “ပြည်သူနဲ့အတူ” ဆိုတာလည်း ဘာမှန်း မသိ။ EIA နဲ့ပတ်သက်ပြီးတော့လည်း လက်ရှိ အစိုးရလက်ထက်မှာတောင် ဘာမှ ဖြစ်မလာတာ ထောက်သောအားဖြင့်တော့ EIA ဆိုတာကြီးက အလကားကြီး ထင်ပ။ ဆေးလိပ်သောက်ခြင်းကြောင့် ဘာရောဂါ ညာရောဂါ ဖြစ်တာသာ ကြေငြာတာ၊ ဖုန်းတာဝါတိုင်ကြောင့် ကင်ဆာဖြစ်နိုင်ချေဟာ ဆေးလိပ်ထက်ပိုတယ်လို့ မကြေငြာတဲ့ အဖြစ်က ဘယ်သူ့ကိုမှလည်း အပြစ်တင်စရာမရှိဘူး။ အော်လီဂါခီတွေကိုလေ့နော့။ မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းရှင်များဟာ လူကို ဂရုစိုက်မယ့် သူများမဟုတ်လို့ တချိန်ကျရင် တောင်ကြီးမြို့နယ်၊ နမ့်ဆီးအုပ်စု၊ ဖောင်တော်ဆိုက်ရွာ၊ ပါရမီကျောင်းတိုက် အနီးအနားမှာရှိတဲ့ ဗီယက်နမ်နဲ့ မြန်မာပေါင်းလုပ်ပြီး တောင်ကြီးက လူကြီးတယောက်ရဲ့သား ဦးဆောင်တယ်ဆိုပြီး ဗမာဝန်ထမ်းတွေသာ ရှိတဲ့ ကန်ထရိုက်က တာဝန်ယူခဲ့တဲ့ Mytel ဖုန်းတိုင်ကြီးကို ကန့်ကွက်ခဲ့သော်လည်း မရကြောင်း သာဓကလေး ရှိခဲ့ဖူးဖို့ပါဗျား။

Mail ပို့တော့လည်း အကြောင်းမပြန်။ တလောက ကိုအိမောင် Facebook Wall မှာ ရေးထားတဲ့ ကာတွန်းလေး တကွက်ကိုတောင် ပြေးမြင်မိရဲ့။ ဘာလို့ mail တွေကို Filter မလုပ်တော့တာလည်းဟင် ဖေဖေလို့ သားကမေးတော့ အဖေဖြစ်သူက ပြန်ဖြေတယ်။ Mail ပို့တဲ့သူဆိုလို့ သူတို့ပဲ ရှိလို့ပါသားရယ်တဲ့။ Facebook group ကိုပို့တော့လည်း ဘယ်က ကလေကချေဖွင့်ထားတယ်မသိ။ ဘာမှ တာဝန်ယူမှု တာဝန်ခံမှုမရှိ။ Cele Cele Small ကတောင် ဟုတ်သော်ရှိ မဟုတ်သော်ရှိ စာြပန်သေးတယ်။ အော် ဖြစ်ရလေ။