JQY Blog

တောဘုန်းကြီးနှင့် တာဝါတိုင်

တနေ့တော့ ရှမ်းပြည်နယ်ထဲမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ခံရတဲ့ မြို့နယ်များထဲက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖြစ်တဲ့ ဟိုပုံးမြို့ကို ရောက်ခဲ့တယ်။ ဟိုပုံးမြို့ကို ရောက်တယ်ဆိုပင်ငြား ဘုန်းကြီးကျောင်းတကျောင်းကို ရောက်တာပါ။ ခုခေတ်က ဖုန်းဟာ လူတွေရဲ့ ဘဝတစ်စိတ်တပိုင်း ဖြစ်လာပြီ ဖြစ်တဲ့အတွက် ဆရာတော်နဲ့ အလ္လာပ သလ္လာပပြောရင်း ဖုန်းတွေအကြောင်း ရောက်သွားတာပါပဲ။ ဖုန်းတွေအကြောင်းရောက်တော့ ထုံးစံအတိုင်း တာဝါတိုင်ပေါ့။ ဟိုပုံးမြို့မှာ တရားစခန်း မကြာခဏဖွင့်တဲ့ ကျောင်းပါ။ ဆရာတော်မိန့်တာက သူ့ကျောင်းမှာလည်း တာဝါတိုင်နဲ့ ပတ်သက်လို့ မြေလာငှါးသွားတယ်တဲ့။ ဆရာတော်ကို ဖုန်းတာဝါတိုင်နဲ့ ပတ်သက်ပြီး နည်းနည်းပါးပါးလျှောက်ခဲ့မိသေးတယ်။ ဆရာတော်ကတော့ အင်းလို့ပဲ ပြန်မိန့်ပါတယ်။

တနေ့တော့ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်း ဘကကျောင်းတွေကို သုတေသနလုပ်ပြီးလို့ ကျန်နေတဲ့ ကယားပြည် ဘုန်းတော်ကြီးသင် ပညာကျောင်းတွေကို သုတေသန လုပ်ဖို့ ရောက်ခဲ့တယ်။ ဒီလိုနဲ့ ဒီးမော့ဆိုမြို့၊ မြို့မရပ်ကွက်ထဲက မြို့မ သာသနာပြု ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို တာဝန်အရ ရောက်ခဲ့ပါတယ်။ သုတေသနမေးခွန်းတွေထဲမှာ ဝင်ငွေ ထွက်ငွေ လုံလောက်မျှတမှု ရှိပါရဲ့လားနှင့် ဝင်ငွေတွေ အဓိကအားဖြင့် ဘယ်က ရလဲ၊ ဘယ်နှစ်ရာခိုင်နှုန်းလဲ ဆိုတဲ့ မေးခွန်းမှာ ဆရာတော် ဖြည့်စွက်ဖြေပေးလာတာကတော့ “ဖုန်းလိုင်းသစ်က ဖုန်းတိုင်ကို ကျောင်းထဲမှာ လာပြီးဆောက်မယ်၊ အဲဒီကနေ တစ်လ တစ်သိန်းခွဲလောက်တော့ ရစရာရှိတယ်” လို့ပြောပါတယ်။ ဒါနဲ့ ဒီးမော့ဆိုရဲ့ NGO အကြောင်းကို နည်းနည်းပါးပါး သိထားတော့ ဆက်မေးကြည့်တယ်။ “ကန့်ကွက်တဲ့သူ မရှိဘူးလား” လို့။ “ဘာကြောင့်လဲ မသိဘူးကွာ၊ ကန့်ကွက်သူတွေ များတယ်” တဲ့။ “တပည့်တော်အထင်တော့ ကန့်ကွက်သူများဦးမယ်ထင်ပါရဲ့ ဘုရား” လို့သာ လျှောက်ခဲ့ပြီး တာဝါတိုင်စိုက်မယ့်နေရာကို ပြခိုင်းတယ်။ စာသင်ဆောင်နဲ့ ပေငါးဆယ်လောက်ပဲ ကွာတာကိုး။ ပြီးတော့ အဲကျောင်းမှာက တက္ကသိုလ်ဝင်တန်းဖြေဆိုဖို့ နေထိုင်နေတဲ့ ကျောင်းသူပေါင်း ၈၀ ကျော်ရှိတယ်။

Mytel Mytel ဖုန်းလိုင်းသစ် ဖုန်းလိုင်းသစ် ဖုန်းလိုင်းသစ် Mytel
အထက်ပါ ကိစ္စတွေ ဘယ်နေ့ ဘယ်အချိန်မှာ ဘုန်းကြီးကျောင်းတွေကို ဦးတည်ပြီး ဖုန်းလိုင်းသစ်ဟာ တာဝါတိုင် စိုက်ဖို့ လုပ်ခဲ့တယ် မသိပေမယ့် ပါရမီကျောင်းကိုတော့ ဇွန်လ ၁၄ ရက်နေ့ ညနေပိုင်းလောက်မှာ ရောက်လာခဲ့တာပါ။ ခေတ်စကားနဲ့ ပြောရရင် ခပ်ချေ့ချေ့ကို ပြောသွားတာ။ အရင်ခေတ်စကားနဲ့ ပြောရရင် မျက်ခွက်က မေ့စရာ အကြောင်းမရှိဘူး ဆိုသလိုကိုးဗျ။ အကတော့ viettel မှာနေတာ။ နောက်မှ Myel မှန်းသိတယ်။

ဆိုတော့ Mytel ဘာလဲ၊ ဘယ်လဲ။ ကိုယ်သိလိုက်တဲ့ တာဝါတိုင်တိုင်းသည် ဘုန်းကြီးကျောင်းမှာချည်း ဖြစ်နေတယ်။ ဘုန်းကြီးတွေ ရိုးတာကို အခွင့်ကောင်းယူတာလား။ သို့တည်းမဟုတ် ပေါချောင်ကောင်း ရလို့လား။ သို့တည်းမဟုတ် သက်သက်မဲ့တိုက်ခိုက်တာလား။ သည်အစိုးရခေတ်မှာ သည်ကိစ္စကတော့ ပြောလို့မရတဲ့ ကိစ္စတစ်ခု ဖြစ်တယ်။ ဖြစ်နိုင်ချေလည်း ရှိတယ်။ ဒီနှစ်မှာ တနိုင်ငံလုံးသံဃာ့အရေအတွက်က သုံးသိန်းလောက်ပဲ ရှိတော့တဲ့အချိန် အမည်မဖော်နိုင်သော ရောဂါများ စိတ်ဖိစီးမှုများနဲ့ ထပ်ထပ်သံဃာများလျော့အောင် လုပ်နေတာလည်း ဖြစ်နိုင်တယ်။

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  တောဘုန်းကြီးနှင့် ကုမ္ပဏီများ

ဖုန်းတာဝါတိုင် အနီးမှာ နေထိုင်သူများသည် မကြာခဏ ကျန်းမာရေးချို့ယွင်းကြတယ်။ သို့သော်လည်း ပုဂ္ဂလဓိဋ္ဌာန်ကျကျ သည်သူကတော့ဖြင့် သည်ဖုန်းတိုင်ကြောင့် သည်လိုဖြစ်၏လို့ ပြောဖို့ရန် ခက်တယ်။ ဖုန်းတိုင်အနီးမှာ ရှိတဲ့ လူတွေရဲ့ ဦးနှောက်ဟာ အမြဲတမ်း ပူနေတယ်။ သို့သော်လည်း ဦးနှောက်ထဲကို ဝင်ရောက်နေတဲ့ လျှပ်စစ်ဝပ်က ၁ ရာခိုင်နှုန်းပဲမို့ အချိန်တော်တော်ကြာကြာ မသိနိုင်ဘူး။ ဖုန်းတိုင်အနီးမှာ ရှိတဲ့ လူတွေရဲ့ ဦးနှောက်ကို အမြဲတမ်း ကားတာရာများ ကားလမ်းပေါ် ပွတ်ကျိတ်လိုက်တဲ့ အသံမျိုး အမြဲကြားရတယ်။ သို့သော်လည်း အချိုရည်ဗူးထဲ အရက်ကလေး တစ်ပက်လောက်ထည့်ထားလိုက်ရင် ဘာမှ မသိသာသလိုမျိုး သိပ်မသိသာလှဘူး။

ပြီးတော့ ဖုန်းတာဝါတိုင်တွေဟာ ရေဒီယိုတာဝါတိုင်၊ ရုပ်မြင်သံကြားတာဝါတိုင်တွေထက် ရေဒီယိုသတ္တိကြွကြိမ်နှုန်း 700 MHz ပိုများပါတယ်။ ဒါကြောင့် အန္တရာယ်ရှိတယ်လို့ ပြောနိုင်တယ်။

တောဘုန်းကြီးတွေ ဒါတွေ သိမှာမဟုတ်ဘူးလို့ ယူဆလို့ တာဝါတိုင်ကို ဘုန်းကြီးကျောင်းတွေနား လိုက်ထူတာလဲ ဖြစ်နိုင်တာပါပဲ။ ဒါတွေကိုတော့ တိုးတက်မှုနောက် လိုက်နေတဲ့ လူငယ်တွေတောင် မဖြစ်နိုင်ဘူးလို့ ယူဆကြတာဆိုတော့ သိပ်ပြီးတော့လည်း မထူးလှပါဘူး။ လောဘနဲ့ ရက်လုပ်တဲ့ ဦးနှောက်တွေမှာတော့ နဂိုကတည်းက မွဲခြောက်ခြောက်မို့ ဘယ်ဉာဏ်မှ စွဲထင်ရန် မရှိတာလည်း ဖြစ်နိုင်ပေ့လေ။ မြန်မာနိုင်ငံမှာ EMF ကောင်းကောင်း အလုပ်လုပ်ရင်ကောင်းမှာပဲ။ ကမ္ဘာပေါ်မှာ သိပ်အလုပ်မလုပ်ခဲ့ရင်တောင်မှပေါ့။ သို့ငြားလည်း ဘယ်ဥပဒေမဆို လူတစ်စုက လူတစ်စု ကောင်းစားရေးအတွက် ဆွဲကြတာချည်းပဲဆိုတော့။ ဟာသ လူရွှင်တော်မော့စ်ရဲ့ ဟာသလို “အမလေး” လို့တောင် မအော်နိုင်တဲ့ဘဝပါခင်ဗျာရယ်လို့။