JQY Blog

သာသနာကွယ်ကြောင်း

တွေးကြည့်မယ်ဆိုရင် ရင်လေးစရာပဲ။ ခုလက်ရှိ ထိုင်နေတဲ့ကျောင်းကို ၂၀၊ ၃၊ ၂၀၁၅ သောကြာနေ့မှာ မြို့နယ်သံဃနာယက အတွင်းရေးမှူးဆရာတော် ဦးဂုဏဝံသာလင်္ကာရ (စူဠာမုနိပရိယတ္တိစာသင်တိုက်၊ တောင်ကြီးမြို့)၊ ပအိုဝ်းပိဋကတ် ဘာသာပြန်ဆရာတော် ဦးစန္ဒာဝရနှင့် ဟိုပုံးမြို့နယ်၊ နောင်တောင်းကျေးရွာ၊ နောင်တောင်းပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက် ဆရာတော် ဦးရာဇိန္ဒသိရီတို့က ဝိုင်းအပ်လို့ ရက္ခိတဂေါပိတ အဖြစ် သို့မဟုတ် ကျောင်းထိုင်အဖြစ်နဲ့ တောင်ကြီးမြို့၊ ပအိုဝ်းလို ဖောင်တော်ဆိုက်ကျေးရွာအုပ်စု၊ နိုင်ငံတော်လို နမ့်ဆီးအုပ်စု ဖောင်တော်ဆိုက်ရွာ၊ ဘုရားကိုးဆူတောင်တော်နှင့် ပင်းတယစေတီတော် အနီးရှိ တောရဓမ္မာရုံကျောင်းဆိုတာလေးမှာ ကျောင်းထိုင် ဖြစ်ခဲ့တယ်။ ကျောင်းထိုင်ချင်တယ်ရယ်လို့လည်း တခါမှ မဟဖူးပါဘူး။ ထိုင်ရမယ်လို့လည်း စိတ်မကူးပါဘူး။ စိတ်ကူးထဲမှာက သင်တန်းကျောင်းလေး ဆောက်ချင်တယ်။ ဒါလောက်ပါပဲ။ ဒါပေမယ့် ရောက်လာခဲ့တယ်။

အနီးဆုံးရှိနေတာက အမုန်းဆုံးဆိုတဲ့ စက်ရုံကြီး။ နိုင်ငံတကာနဲ့ စာရင် အငယ်စားပေမယ့် မြန်မာနိုင်ငံနဲ့ စာရင်တော့ ကြီးတဲ့ ကမ္ဘောဇ ဘိလပ်မြေ စက်ရုံကြီး။ ဆရာကျောင်း ဘယ်လောက် ချမ်းသာသွားမယ်ဆိုတာ မသိပေမယ့် ငါလုပ်ချင်တဲ့ သင်တန်းကျောင်း မြေနေရာနဲ့ မကိုက်ဘူး။ ပြီးတော့ စက်ရုံဆူညံမှု၊ စက်ရုံက ထွက်လာတဲ့ ဖုန်နှင့် အမှုန်အမွှားတွေကို ချက်ချင်းလက်ငင်းကတော့ ခံစားလိုက်ရတယ်။ ဘိလပ်မြေ အိတ်နှစ်ရာ လှူဖူးပေမယ့် စက်ရုံကြီးတခုလုံးနဲ့စာရင် ဘေးနားက ခံရတဲ့ရွာနဲ့စာရင် သူတို့ရဲ့ ဖွံ့ဖြိုးရေး ဘတ်ဂျက်နဲ့ တွက်ချက်မယ်ဆိုရင် သူတို့စက်ရုံက ထွက်လာတဲ့ အမှုန်တွေလောက်ပဲ ရှိတဲ့ အကျိုးလေး မဖြစ်စလောက် ခံစားဖူးပေမယ့် သူတို့လူကြီးတွေဆိုသူကတော့ ခေါ်တာ မလာခဲ့ဘူး။ သူတို့ကားလမ်းက ဖြတ်သွားတဲ့ ကားဆူညံသံနှင့် ဖုန်၊ သူတို့ စက်ရုံက ထွက်တဲ့ ဆူညံသံနှင့် အမှုန်တွေဟာ လူမှုရေး၊ ကျန်းမာရေးနှင့် စီးပွာရေးတို့ကို တိုက်ခိုက် ထိုးနှက်နေတယ်။ ဆရာကျောင်းရဲ့ မိသားစုနဲ့ သူတို့ အသိုင်းအဝိုင်းလေး ချမ်းသာဖို့ ငါ့ကျောင်းနဲ့ အနီးတဝိုက်ကရွာတွေကတော့ ဘဝနဲ့ ပေးဆပ်ကြရပြီပေါ့။

နောက်ထပ် အနီးဆုံးရှိတာက အမုန်းဆုံးဆိုတဲ့ နတ်ဆရာ။ ဂူလေး တစ်ခု အကြောင်းပြုပြီး တည်လိုက်တဲ့စေတီငယ်။ ကိုးတောင်ပြည့် ၁၄ ဆူကြီးများတောင်။ လူတချို့ဟာ မယားကို လုပ်ကျွေးနေတဲ့ ဘာသာရေးအယောင်ပြ စီးပွားရေးသမားကို ကိုးကွယ်ကြတယ်။ ဒါကို ဒီနယ်က သံဃနာယကတွေက မသိကြဘူးတဲ့။ တည်လိုက်တဲ့ ဘုရားတွေကလည်း ပုစုခရု။ သူတို့ မတားခဲ့ကြလေတော့ ဟောခု ထီးတင်မယ်။ အလံတရာစာနဲ့ ရေးတယ်။ မရတော့ ချက်ချင်းလက်ငင်း ခမ်းကောင်စာနဲ့ ပြန်ရေးပြီး ပွဲပြန်လုပ်တယ်။ ရွာသားတွေက မကြိုက်ဘူး။ ကန့်ကွက်ချင်တယ်။ ကန့်ကွက်ခိုင်းလိုက်တာနဲ့ ငါ့ခေါင်းကို ဦးတည်မှာ။ မိန်းမနှစ်ယောက် မယူရလို့ အော်နေကြတဲ့ ဆရာတော်ကြီးများကို ရွာတွေဘက် ကျောင်းထိုင် ဘုန်းကြီးတွေရဲ့ အခြေအနေလည်း လှည့်ကြည့်ပါဦးဘုရားလို့သာ အော်ဟစ်လိုက်ချင်တယ်။ ဤသို့ ဤပုံနယ်ပဲ မြန်မာနိုင်ငံက ဘုန်းကြီးတွေ မယောင်ရာ ဆီလူးကြကုန်ပြီလားလို့ တွေးမိတယ်။ ဂူစောင့် နတ်ဆရာ စကားကို ဘုန်းကြီးတွေ ခေါင်းညိတ်ပေးနေရတာကတော့ အဖြစ်မှန်ပါပဲလေ။ သူ့ဆန်စားတော့ ရဲကြတာလား။ မျိုးချစ်ကြတာလား။

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  မိကောင်း ဖခင် သားသမီး

ငါ့ အကုသိုလ်ကြီးပုံကလည်း အေးအေးဆေးဆေးကို နေလို့ မရဘူး။ အလိုလိုနေရင်း ကိုယ်နဲ့ မဆိုင်တဲ့ အမှုက ကိုယ့်ကို လာပတ်တယ်။ ပင်ငို ဆရာတော်၊ ကံ့ကော်ဆရာတော်ကတော့ ငါ့ကို ပြောမှာပဲ။ ဒီလို ဂူစောင့် နတ်ဆရာရဲ့ ထီးတင်ပွဲကို တားမြစ်တာကို။ ကွက်တိ ဖြစ်နေပုံကလည်း ငါ့ခရီးရက်နဲ့ တထပ်တည်း။ ငါ့ကို ပင်ငိုဆရာတော်က သိပ်ကြည်တဲ့ပုံမရသလို ကံ့ကော်ဆရာတော်ကလည်း သူ့တကာတော် တည်တဲ့ဘုရား ဖြစ်နေလေတော့ ငါ့ကို အပြစ်ဖွဲ့ဖို့ နောက်တချက် ကျောင်းလျှောက်တဲ့ကိစ္စရဲ့ အနှောင့်အယှက်ဖြစ်ဖို့ ကွက်တိလေးပါပဲ။ MPC က စာချုပ်ချုပ်ကြတာတွေ Problam sloving တွေကို ငါ ဘာမှ မပြောချင်တော့ဘူး။ ရောက်နေတဲ့ သူငယ်ချင်းလိုပဲ ကျောင်းကို ပြန်အပ်လိုက်တာပဲ ကောင်းမယ်ထင်တယ်။ စားဝတ်နေရေးအတွက် သားမယားအတွက်ပဲ လုံးပမ်းချင်တော့တာပါပဲ။ ဘာသာရေးနဲ့ ဖြစ်တဲ့ အစွဲအလန်းကို ဘာနဲ့မှ ချွတ်လို့မရဘူး။ သာသနာကွယ်ကြောင်း (၁၅) ပါးထဲမှာ ဒီတပါးထပ်ထည့်လိုက်။ ၁၆ ပါးမှ ပြည့်စုံမယ်။

သူများ မကောင်းကြောင်းတွေ ရေးမိပြန်ပြီ

No Comment