JQY Blog

Hate Speech ဒီမိုကရေစီ

ကျွန်တော်တို့ နေတဲ့နေရာဆီကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ယောက် လာပြီး ပြည်သူ့လွှတ်တော်အတွင်း သူလုပ်ခဲ့တဲ့ အလုပ်တွေအကြောင်း လာမိတ်ဆက်တယ်။ နောက်တနည်းပြောရရင်တော့ လာပြီးမဲဆွယ်သပေါ့။ သူပြောချင်ရင် ပြောပြီးတော့ အမေးအဖြေကဏ္ဍလုပ်တယ်။ အမေးအဖြေမှာ တယောက်က ဘာလို့ ဗမာကို တိုင်းရင်းသားလို့ မသတ်မှတ်တာလဲ ဆိုပြီး မေးတယ်။ သူ့အဖြေကတော့ ခုတလော ဂျာနယ်တွေမှာ ပြောပြောနေတဲ့ hate speech ပါပဲ။ အဲအဖြေကြောင့် ဖွံ့ဖြိုးရေး လောကသားများက မကျေ မနပ်ဖြစ်သွားကြတယ်။ ပြန်ပြောတဲ့ စကားတွေက တော်တော် မာကုန်တယ်။ ကျွန်တော်လည်း ပြဿနာပြေလည်လို ပြေလည်ငြား မေးခွန်းကို ပြောင်းလိုက်တယ်။ PR စနစ်သာ တကယ် ဖြစ်ခဲ့ရင် သမ္မတက တစ်ဦးတစ်ယောက်ဖြစ်လာမှာ အရမ်းသေချာနေတယ်။ မြန်မာနိုင်ငံမှာ ပါတီကြီးနှစ်ခုရှိတယ်။ အဲဒီပါတီကြီးနှစ်ခုက PR စနစ်အရ မဲများရာအကြောင်း၊ သမ္မတ ဖြစ်ရာအကြောင်းဖြစ်နေတယ်။ အဆိုးဆုံးက ပါတီကြီး နှစ်ခုထဲမှာ တစ်ခုရဲ့ အကြီးအကက ၂၀၀၈ ဖွဲ့စည်းပုံအရ သမ္မတ ဖြစ်လာစရာ အကြောင်း မရှိဘူး။ ဆိုတော့ သမ္မတလုပ်ချင်တယ်လို့ လောလောဆယ်ဆယ် ပြောထားတဲ့ တယောက်က အရမ်းကို သေချာနေတယ်။ ဆိုတော့ အဲဒီစနစ်ကြီးသား အောင်မြင်ခဲ့ရင်တိုင်းရင်းသားတွေ လွှတ်တော်ထဲ ရောက်စရာ အကြောင်း မရှိတော့ဘူး။ ဒါပေမယ့် ဘာကြောင့် PR စနစ်က အမျိုးသားလွှတ်တော်မှာ အတည်ပုံစံ ဖြစ်နေတာလဲဆိုတော့ သူဖြေတာ အများကြီးပဲ။ ဘာတွေ ဖြေလဲတော့ မသိတော့ဘူး။ ကျွန်တော်လည်း ကျွန်တော်ထင်တာ မေးရတာကိုး။ နိုင်ငံရေးအကြောင်း လွှတ်တော်အကြောင်းနဲ့ သူတို့ပြောနေတဲ့ ဒီမိုကရေစီအကြောင်းတွေကို ပြည်သူ တယောက် အနေအထားလောက်ပဲ သိထားတာကိုး။

အမေးအဖြေကို တစ်နာရီ နီးပါး လုပ်ဖြစ်တယ်ပဲ ဆိုပါစို့ရဲ့။ အဲဒီမှာ နိုင်ငံရေး လောကသားတော်တော်များများဟာ Hate Speech ပြောတယ်။ ကိုယ့်ဂုဏ် ကိုယ်ဖော်တယ်။ ဒါက တွေ့နေကျ။ ဂလိုနည်းနဲ့ ငြိမ်းချမ်းရေး ဘယ်လောက် ရခဲ့ကြပြီလဲ။ ပြောရဦးမယ်။ ပြည်သူ တယောက်အနေနဲ့ သို့တည်းမဟုတ် ကျွန်တော့် တယောက်တည်းအနေနဲ့။ ကျွန်တော်ကတော့ “စားပွဲဝိုင်း ငြိမ်းချမ်းရေး” ဆိုတာကြီးကို မယုံဘူးဗျ။ အဲဒီ ပြည်သူ့လွှတ်တော် အမတ်ကြီးကလည်း ဒီအကြောင်းကို ဇောင်းပေးသွားခဲ့ပြန်ပါသေးတယ်။ ပါသေးတာကတော့ ဘယ်နိုင်ငံသွားပြီး ငြိမ်းချမ်းရေးအတွက် ဘယ်လို ဆွေးနွေးခဲ့တယ် ဆိုတဲ့ကိစ္စပါပဲ။ ကျွန်တော်ကပဲ တုံးလွန်းတာလား မသိပါဘူးဗျာ။ နိုင်ငံခြားသွားပြီး ဆွေးနွေးရတဲ့ မြန်မာနိုင်ငံထဲက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တောင်မသိလိုက်တဲ့ ဆွေးနွေးဝိုင်းက ဘယ်လောက်များ သက်ရောက်မှု ရှိခဲ့ပြီလဲလို့။ ဇဝေဇဝါ လျှောက်နေတဲ့လမ်း စမ်းတဝါးဝါးနဲ့ ဟိုနားတစ်စ ဒီနားတစ်စ ထင်ပါရဲ့။ နောက် စိုက်လိုက်တဲ့ ဘိန်း။

  • ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်းတွေကို သင်ပေးတယ်။ စာသင်ကျောင်းဖွင့်ထားတယ်။ အခြားဖွံ့ဖြိုးရေးသင်တန်းလည်းပေးတယ်

ဒီအကြောင်းလည်း ပြောကြည့်ချင်သေးတယ်။ မြန်မာနိုင်ငံဟာ ဒီနှစ်ထဲမှာ ဘိန်းစိုက်ပျိုးမှု ဒုတိယရတယ်လို့ နားစွန်းနားဖျား ကြားမိတယ်။ ဘိန်းစိုက်တဲ့ တောင်သူ မိသားစု တစ်စုကို မေးကြည့်တယ်။ ဒီနှစ် ဘယ်နှစ်လုံး (ဘယ်နှစ်ပိဿာ) ရလဲလို့။ ၃၀ ကျော်တဲ့။ ဘယ်ဘုရား သွားတရမယ်မှန်းတောင် မသိတော့ဘူး။ ၂၀၁၀ နောက်ပိုင်းမှ ပုံးပေါလအော စိုက်လိုက်ပုံများ သို့မဟုတ် မျက်နှာဗြောင်တိုက်ပုံများ သို့တည်းမဟုတ် အဆီတစ်ထပ် အသားတစ်ထပ် မျက်နှာနဲ့ ဘိန်းစိုက်ခင်းများ။ ဒါတွေ ဘာကြောင့် ပေါ်လာသလဲ။ ဒီလို စိုက်ပျိုးမှုကို ဘယ်သူမှ ဘာကြောင့် မတားကြသလဲ။ လွယ်လွယ်လေးပါပဲ။ ကိုယ်မဲမရမှာစိုးလို့။ နောက် အပေါ်က လွှတ်တော်အမတ်လာတယ်။ မဲဆွယ်တယ်။ မဲမရမှာစိုးလို့။ ဟိုလို လုပ်တယ်။ ဒီလို ပြောတယ်။ ခွင့်ပြုတယ်။ ခွင့်လွတ်တယ်။ မဲမရမှာစိုးလို့။ ပြည်သူ့ဘဏ္ဍာဖြုန်းတယ်။ အလှပြင်တယ်။ သေသေသပ်သပ် ဝတ်စားတယ်။ မဲမရမှာစိုးလို့။ မစားရ ဝခမန်းပြောမယ်။ မဲမရမှာစိုးလို့။ ဒီမိုကရေစီ ခေတ်မှာ လွှတ်တော်အမတ်တွေ လစဉ်ပုံမှန်အစည်းအဝေးတွေ နိုင်ငံခြားသွားရောက် လေ့လာရတာတွေကြောင့် ငွေ ဘယ်လောက်ကုန်ခဲ့ပြီလဲ။ သောက်သောက်လဲ ကုန်ခဲ့သမျှကော တန်အောင် နိုင်ငံက ဘာပြန်ရခဲ့ပြီလဲ။

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  ကျွန်တော် ဆယ်လီ

အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေးကို တစ်ယောက်တည်းက ချုပ်ကိုင် မထားနိုင်အောင်ဆိုပြီး ဒီမိုကရေစီတွေ အော်ကြ ပြောကြ လုပ်ကြတယ်။ ဒီမိုကရေစီလုပ်ကာမှ ပေါ်ပေါက်သင့်တဲ့ ဥပဒေတွေလည်း တဖက်စောင်းနင်း ဝေဖန်ခံရ။ မပေါ်ပေါက်သင့်တဲ့ ဥပဒေလည်း ခေါင်းပေါ်တင်ထားကြရ။  ပြီးတော့လည်း hate speech လိုက်ကြ။ ပအိုဝ်းအဖွဲ့အစည်းလည်း ဒီလိုပဲ။ အရေးထဲ နှစ်ပါတီ ဖြစ်နေတဲ့ ကိစ္စမှာ အခြားပါတီတွေ ဝင်ရောက်လာတာကို တားဆီးမယ့်အစား သူ့ပါတီက ဘာဖြစ်တယ်။ ငါ့ပါတီက ဘာဖြစ်တယ်နဲ့ ပြောကြတာပေါ့ဗျာ။ လှလို့။ ကဗျာကို ဆန်လို့။ ၂၀၀၈ ဖွဲ့စည်းပုံထဲက ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွေလေ။ ခနိုးခနဲ့ ရယ်သံလေးနဲ့ ရယ်ပြချင်ပါသေးတယ်။

ဒီလိုနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆရာတာ ရေးထားတဲ့ “သီလ မရှိတဲ့ အဆောက်အအုံကြီး” ဆိုတဲ့ ဆောင်းပါးကို ဖတ်မိပြန်ရော။ ဒီတော့ ကိုယ် ရေးထားသမျှတွေက အော် ငါ့နှယ် သီလမရှိလိုက်လေခြင်းရယ်လို့ တွေးမိတယ်။ ငါ သီလပျက်တဲ့ စာတွေ တော်တော်ရေးတာပဲ။ စကားတွေ တော်တော်ပြောတာပဲလို့ ပြန်ဆင်ခြင်မိတယ်။ ငါမှန်တယ်၊ ငါသိတယ်ဆိုတဲ့ အမှားကြီးကို လူများကို ထုတ်ပြချင်ပြန်သကိုးဗျ။ ဘာမှ မတတ်နိုင်တော့ Keyboard ကနေ poke လုပ်တာပေါ့လေ။ ဆရာတာ ပြောတဲ့ ဘဲတရားထဲကနေ သူ Bold လုပ်ထားတဲ့ စာသားလေးနဲ့ နိဂုံးကမ္ပတ် အဆုံးသတ်ပါရစေ။ “လူတစ်ယောက် သို့မဟုတ် တစ်ဖွဲ့ဟာ အောက်ခြေလွတ်ပြီး ချီတက်နေတယ်၊ အဲဒီအချိန်မှာ သူတို့ ခြေထောက်နားက ဘဲတစ်ကောင်ဟာ ကွပ်ကွပ်လို့ အော်လိုက်တယ်၊ ဒါနဲ့ပဲ ဘဲအော်သံကြားတဲ့ အဲသည်လူ၊ လူစုဟာ အောက်ခြေကို ပြန်ငုံ့ကြည့်တာကိုး၊” ဆိုတော့ နိုင်ငံရေး ဂျာနယ်တွေမှာ ပါပါတဲ့ Hate Speech မပြောဖို့ Hate Speech နဲ့ ပြောတော့ ဘယ်လို ဆိုးကျိုးရတယ်ဆိုပြီး Hate Speech နေကြတဲ့ အကြောင်းတွေကို တွေးရင်း ကျွန်တော်လည်း Hate Speech ကြည့်ခြင်း ဖြစ်ပါကြောင်း ခင်ဗျာ။ အော် ဒါနဲ့ စကားမစပ် ကျွန်တော့် Blog လေးကို Meta narratives လို့ နာမည်ပေးထားပါတယ်။