JQY Blog

ထီနောင်ရေကန်

လွန်ခဲ့တဲ့ရက်က ကျွန်တော်ရွာပြန်တော့ ရွာအတောင်ဘက်မှာ ဟိုးအရင်က ရေစီးသန်ခဲ့ပြီး ချောင်းကြီးတစင်း ဖြစ်ခဲ့တဲ့ ရေချောင်းလေးဟာ ခုတော့ ရေမစီးတဲ့အပြင် ချောင်းအရာလေးပါ ပျောက်လုနီးသွားပါပြီ။ ချောင်းနာမည်တောင် လူတွေ မေ့တေ့တေ့ဖြစ်ကုန်ပေါ့။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းက အဲဒီချောင်းကို အမီပြုပြီးတော့ ရေအားလျှပ်စစ်တောင်ထုတ်ခဲ့သေးတယ်။ ခုတော့ မိုးတွင်းတောင် ရေမစီးတော့ဘူးတဲ။ နောက်ဆက်ပြန်တော့ နောက်ထပ်ပျောက်သွားပြီဖြစ်တဲ့ ချောင်းတစ်ချောင်းကို ထပ်တွေ့ရပြန်တယ်။ လမ်းမှာ တံတားထိုးထားတာတောင် ချိုင့်ဝှမ်းဖြစ်လို့ တံတားထိုးထားသလား မှတ်ရတယ်။ အဲဒီချောင်းဟာ တချိန်က ရေဘယ်လောက်သန်ခဲ့သလဲဆိုရင် ဆီကြိတ်တဲ့စက်ကို လှည်စေနိုင်ခဲ့တဲ့အထိပါ။ ခုတော့ ချောင်းပါ ပျောက်သွားပါပြီ။

ရွာထဲပြန်ရောက်တော့ အဝီစိတူးနေတာကို တွေ့ခဲ့ရတယ်။ ခုလောလောဆယ် အဝီစိနှစ်တွင်းရှိပြီတဲ့။ ပေ ၃၀၀ တဲ့။ ကျွန်တော့်ရွာနာမည်က အရင်က ဝမ့်ပုန်းပါ။ ကာလရွေ့လျားလာတော့ ပန့်ပုန်းဖြစ်သွားတယ်။ ဝမ့်ပုန်းဆိုတာ ရှမ်းလိုပေးထားတာ။ တချိန်တခါတုန်းကတော့ဖြင့် ရွာအနီးအနားမှာ ရှမ်းတွေပဲ ရှိခဲ့တယ်ထင်ရဲ့။ ခုတော့ ရှမ်းရွာက တရွာပဲ ကျန်တယ်။ အဲဒါတောင် ရှမ်းမပြောကြတော့ပါဘူး။ ဝမ့်ပုန်းဆိုတာ ရေတွေအိုင်နေတဲ့နေရာကို ခေါ်တာ။ သို့တည်းမဟုတ် စိမ့်ရေတွေရှိတဲ့မြေပေါ့။ အဲလိုခေါ်ရလောက်အောင်လည်း တခါက ရွာအရှေ့ဘက်က လှေကလေးနဲ့ ငါးတွေဖမ်းလို့ရလောက်တဲ့အထိ ရေပြင်ကြီးတွေ ရှိခဲ့သကိုး။ နည်းနည်းမှတ်မိလာတဲ့အရွယ်ရောက်တဲ့အထိ ရေတွေအိုင်နေတဲ့ မြေပြင်ကြီးရှိသေးတယ်။ နောက်တော့ အဲဒီရေအိုင်ပြင်ကြီးဟာ တဖြည်းဖြည်း တောင်ယာကွက်တွေဖြစ်လာတယ်။ လယ်ကွက်တွေ ဖြစ်လာတာမဟုတ်ဘူး။ ဘာလို့ဆို ရေက အဝင်အထွက်ရှိတာမဟုတ်ဘဲ သူ့ဘာသာသူ စိမ့်ပြီးအိုင်နေတာမျိုးဆိုတော့ လယ်လုပ်လို့မဖြစ်ဘူး။ ရေလေးနည်းနည်းခြောက်တာနဲ့ ယာလုပ်ရာက ခုဆိုတော့ရင်ဖြင့် အဲဒီအရပ်မှာ ရေတွင်းတူးရင် ဆယ်ပေအနည်းဆုံးတူးမှ ရေထွက်တော့တယ်။

ပြီးတော့ ကျွန်တော့်ရွာရဲ့အမြောက်ဘက် ဘုန်းကြီးကျောင်းနဲ့ရွာကြားက ရေကန်ကြီးရှိတယ်။ အဲဒီရေကန်ကြီးကို “နောင်ကုလား”လို့ ပအိုဝ်းလိုခေါ်တယ်။ အဲဒါကျတော့ ရွာတည်ချိန်မှာ ရွာတည်သူတွေက ပအိုဝ်းတွေဖြစ်လို့ ထင်ပါရဲ့။ သူတို့ ပအိုဝ်းလိုအမည်ပေးခဲ့တယ်။ သူကတော့ မိုးရေစုတဲ့ကန်ဖြစ်ပေမယ့် ငယ်ငယ်တုန်းကတော့ ရေအမြဲရှိနေတဲ့ ရေကန်ကြီး။ နည်းနည်းကြာလာတော့ ရေက မိုးရွာမှပဲ ရှိတော့တယ်။ ခုဆိုရင်တော့ အရာကလေးပဲ ကျန်တော့တယ်။ ပြီးတော့ ရွာဦးစေတီရဲ့အမြောက်ဘက်အရပ်မှာ ငယ်ငယ်တုန်းက ရေသွားသွားချိုးခဲ့တဲ့ ရေကန်ကြီးရှိတယ်။ အဲဒီရေကန်နာမည်ကလည်း ပအိုဝ်းလိုပေးထားတာပဲ။ ဒါပေမယ့် နာမည်ကိုတော့ဖြင့် မေ့သွားပြီ။ အဲဒီရေကန်ပျောက်သွားတာ နောင်ကုလားထက်အရင်ကိုး။ ရွာအရှေ့မြောက်က နောင်ဒင်လို့ခေါ်တဲ့ တခါက ကြာတွေသွားချိုးပြီး ကြာစေ့တွေခူးစားခဲ့တဲ့ရေကန်လည်း ပျောက်တာမြန်တာလည်း မြန်တာပဲ။ တောင်သူတွေ လုပ်ကွက်ဆိုပေမယ့် ရေတွေခန်းသွားတာ ထူးဆန်းတယ်။ ပြီးတော့ ရွာအမြောက်ဘက် တစ်တီတူးရွာရဲ့အောက်ခြေ စမ်းချောင်းရွာရဲ့ တောင်ဘက်မှာ ရှိခဲ့တဲ့ ပြားသိန်းကန်လို့ခေါ်တဲ့ ရေကန်ကြီးကတော့ဖြင့် မိုင်နဲ့ချီပြီး ကျယ်ခဲ့ဖူးတယ်။ သူလည်း ပျောက်တာ မြန်တယ်။ ရေကန်တွေပျောက်သွားတယ်။ ဒါပေမယ့် နာမည်လေးတော့ ကျန်တယ်။ ဘယ်ရေကန်နားလေဆိုပြီးတော့ပေါ့။

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  ကျွန်တော် ဆယ်လီ

Mytel Mytel ဖုန်းလိုင်းသစ် ဖုန်းလိုင်းသစ် ဖုန်းလိုင်းသစ် Mytel
နောင် ဆိုတဲ့နာမည်ပါခဲ့တဲ့နေရာ သို့မဟုတ် ရွာ၊ ကန် ဆိုတဲ့နာမည်ပါခဲ့တဲ့နေရာ သို့မဟုတ် ရွာ၊ ထီ ဆိုတဲ့ နေရာပါခဲ့တဲ့နေရာ သို့မဟုတ် ရွာ၊ ရေ ဆိုတဲ့နာမည်ပါခဲ့တဲ့ နေရာ သို့မဟုတ် ရွာတွေဟာ ခုတော့ အမည်သာ ကျန်တော့တယ်။

“နောင်”ဆိုတာ “ရေကန်”လို့အဓိပ္ပါယ်ရတယ်။ အများအားဖြင့် သိကြတဲ့ သည်နောက်ပိုင်း နာမည်ကြီးလာတဲ့ နောင်တောင်းတို့လိုနာမည်မျိုးဟာ တချိန်ကတော့ ရေကန်ကြီးတခုခုကို အစွဲပြုခေါ်ခဲ့တဲ့နာမည်တွေ။ နောင်ပါတဲ့ နာမည်တွေနဲ့ရွာတွေ များမှ များပါပဲခုထက်ထိလည်း။ သွားမေးကြည့် တခါက ရေကန် ဘယ်နားရှိခဲ့လဲလို့။ တောင်ယာဖြစ်နေတဲ့ တနေရာရာကို သူတို့ညွှန်ပြကြပါလိမ့်မယ်။ “ထီ” ဆိုတာ “ရေ” လို့အဓိပ္ပါယ်ရတယ်။ ရှမ်းပြည်တော်တော်များများရဲ့ ရွာနာမည်တွေမှာ ထီပါတယ်။ ထီရီးဆိုတဲ့ရွာများ နေရာတော်တော်များများ ရှိတယ်။ ထီဖောင်း၊ ထီရွေ၊ ထီသိမ်၊ ထီဝေါ်စသဖြင့်။ အဲဒီရွာတွေ တခါက ရေတွေပေါလို့ ရေကို အနွတ္ထသညာမှည့်ခဲ့ကြတာပေါ့။ ခုတော့ အဝီစီတွင်းတူးနေကြရတာပါပဲ။ “ရေ” ဆိုတဲ့နာမည်တော့လည်း အောက်ပြည်မှာ များသားပဲ။ မြို့နာမည်တောင် ရှိလိုက်သေး။ စစ်ကိုင်းအထက်ပိုင်းမှာ ရေဦးဆိုတဲ့မြို့။ ကိုယ်ကတော့ဖြင့် မရောက်ဖူးလို့ ရေတွေဘယ်လောက်ပေါတယ်ဆိုတာ မသိရပါဘူး။ ခန့်မှန်းကြည့်ရတာတော့ သိပ်ရှိတော့မယ် မထင်ဘူး။ ကန်ကိုအစွဲပြုပြီး နာမည်မှည့်ထားတဲ့ရွာတွေလည်း အများကြီးရှိပါရဲ့။ ခုတော့ နာမည်ပဲ ကျန်တော့တယ်။ အဲဒီလို ရေနဲ့ပတ်သက်ပြီး နာမည်ပဲ ကျန်တဲ့ရွာတွေအများကြီးဟာ တဖြည်းဖြည်း တိုးပွားလာနေတယ်။

လွန်ခဲ့တဲ့ အောက်တိုဘာလက ရှမ်းပြည်မှာ နာမည်ကြီးတဲ့ အရှေ့မဲနယ်တောင်တကြော သင်တန်းသွားပေးခဲ့တယ်။ အဲဒီက ရွာတွေမှာ အရင်ကရေတွေအရမ်းပေါခဲ့ကြသတဲ့။ ခုတော့ တချို့နေရာတွေ ရေစခမ်းစပြုနေပါပြီ။ ဒေသခံတွေနဲ့ စကားပြောကြည့်တော့ သူတို့က ရေဆိုတာ မကုန်တတ်တဲ့အမျိုး၊ နောက်ပြီး သစ်ပင်တွေနဲ့ သိပ်မပတ်သက်သလို ပြောနေကြရဲ့။ သူတို့ဆီမှာက ရွာနာမည်တွေက ရေနဲ့ သိပ်မနီးစပ်ကြဘူးကိုး။ တောင်ပေါ်မှာ ရေမထွက်တော့ရင်ဖြင့်တောင်အောက်ဆင်းလာကြရမှာ။ ခုထက်ထိလည်း ယာတွေထွင်လို့ မပြီးသေးဘူးလေ။

ခုခေတ်က လက်တွေ့ကြုံမှ သိတဲ့ခေတ်လည်း မဟုတ်တော့ပါဘူး။ ဒါပေမယ့် သိကြည့်ချင်နေကြသေးတယ်လေ။