Menu Close

Category: Uncategorized

အနာဂတ်ကို ကယ်တင်မည့် လှူဒါန်းပွဲသို့ ထည့်ဝင်လှူဒါန်းကြစို့

ကျွန်တော်တို့ မြန်မာသူငယ်ချင်းများနေ့ ဝက်ဆိုက်အဖွဲ့ဝင်များမှ တက်ကြွစွာ အလှူရေစက် လက်နဲ့မကွာ ပြုလုပ်လာခဲ့သည်မှာ ယခုဆိုလျှင် ငါးကြိမ်မြောက် ရောက်လာပြီ ဖြစ်သည်။ ယခုတစ်ကြိမ်လှူဒါန်းခြင်း ပြုလုပ်မည့် အစီအစဉ်မှာ နဂိုရ် မြန်မာသူငယ်ချင်းများနေ့ကို မြန်မာသူငယ်ချင်းများကြား အမှတ်ထင်ထင် ကျန်ရှိရေး၊ မြန်မာတို့တွင် မြန်မာ့သူငယ်ချင်းများနေ့ ရှိလေသည် ဟူသောအရေးနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တည်ထောင်သည့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးအဖွဲ့အစည်း၊ မိဘမဲ့ကလေးငယ်များ ပြုစုစောင့်ရှောက်သည့်အဖွဲ့အစည်းများနှင့် အခြား လူမှုအကျိုးဆောင် အဖွဲ့အစည်းများသို့ တတ်စွမ်းသမျှ ထောက်ပံ့လှူဒါန်းမည့် အစီအစဉ်များကို လက်တွေ့အကောင်အထည်ဖော်ခြင်း ဖြစ်ပါသည်။ (၂၀၁၀) ခုနှစ်၊ နိုဝင်ဘာလ၊ (၃၀) ရက် အင်္ဂါနေ့တွင် ကျွန်တော်တို့ အက်ဒမင်အဖွဲ့များမှ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ လိမ်ပင်ကျေးရွာရှိ ရွှေဘုံသာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ သွားရောက် လေ့လာခဲ့ပါသည်။…

ဝေယျာဝစ္စပြုလုပ်ခဲ့သူများ (၄)

တစ်ခါတော့ ရဟန်းတစ်ပါး ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်နေတာကို ဘုရားရှင်က တွေ့သွားပါတယ်။ ဘုရားရှင်က အဲဒီ ရဟန်းဆီကို သွားပြီး “ငါ့ရှင် ရောဂါက ဘာရောဂါလဲ” လို့မေးတယ်။ “ဝမ်းပျက် ဝမ်းလျောပါဘုရား” “ငါ့ရှင်ကို ဘယ်သူ့မှ မပြုစုဘူးလား” “မပြုစုပါဘုရား” “ဘာကြောင့် ငါ့ရှင်ကို ဘယ်သူမှ မလုပ်ကျွေးကြတာလဲ” “တပည့်တော်ကိုယ်တိုင်က ဘယ်သူ့ကိုမှ မလုပ်ကျွေးဖူးဘူး ဘုရား” ဆိုတော့ ဘုရားရှင်နောက် အမြဲ ထပ်ကြပ်မကွာလိုက်တဲ့ အာနန္ဒာကို “ကဲ အာနန္ဒာ၊ ရေယူခဲ့ ဒီရဟန်းကို ရေချိုးပေးကြမယ်” လို့ခိုင်းလိုက်တယ်။ ဘုရားရှင်က ရေလောင်းပေးတယ်။ အာနန္ဒာက ပွတ်သပ်ပေးပါတယ်။ သင်္ကန်းကို ကောင်းကောင်း ပြန်ဝတ်ပေးပြီး ဘုရားရှင်က ခေါင်း၊ အာနန္ဒာက ခြေဖက်ကနေ ရဟန်းကို ကုတင်ပေါ် တင်ပေးလိုက်ပါတယ်။ အဲဒီနောက် အဲဒါကို အကြောင်းပြုပြီး…

ဝေယျာဝစ္စပြုလုပ်ခဲ့သူများ (၃)

ဘုရားရှင် ဆယ်ဝါမြောက်ဝါကို ပလလဲတောထဲမှာ ဘာကြောင့် ဝါဆိုတယ်ဆိုတာ အားလုံးသိပြီးသားပဲ ထားလိုက်ပါတော့။ အဲဒီအချိန်မှာ ပါလိလေယျကဆင်ကြီးဟာ သူ့ဆင်အုပ်နဲ့ နေရတာကို ညဉ်းငွေ့လာပြီး တစ်ကောင်တည်း ထွက်လာခဲ့တယ်။ သူ့စိတ်တွေ အရမ်းပူလောင်နေချိန် တစ်နေရာအရောက် အင်ကြင်းပင်ရင်းမှာ ထိုင်နေတော်မူတဲ့ ဘုရားရှင်ကိုလည်းတွေ့ရော ရေအိုးပေါင်းတစ်ထောင်နဲ့ အလောင်းခံလိုက်ရသလို အေးချမ်းသွားတယ်။ ဘုရားရှင်နေဖို့ ဘဒ္ဒသာလအင်ကြင်းပင်ကြီး အောက်မှာ သစ်ခက်နဲ့ အမှိုက်ရှင်းတယ်။ သောက်ရေရဖို့ လုပ်တယ်။ ဒန်ပူတွေ ချိုးတယ်။ အဲဒီနောက် ဘုရားရှင်ကို နေ့တိုင်းလိုသေလေးမရှိ သာမန်လူနဲ့ မခြား ရေပူရေအေးကမှအစ ဝေယျာဝစ္စပြုလုပ်တယ်။ ဘုရားရှင် ရွာထဲ ဆွမ်းခံကြွရင် သပိတ်ကို ဦးကင်းမှာ တင်ပြီးတော့ တောစပ်ထိ လိုက်ပို့တယ်။ တောစပ်ရောက်တဲ့အခါ ဘုရားရှင်က “ပါလိလေယျက ဒီနေရာထက် ကျော်ပြီး သင်လိုက်လို့ မသင့်တော်တော့ဘူး” ဆိုပြီးတားမြစ်ရင်…

ဝေယျာဝစ္စပြုလုပ်ခဲ့သူများ (၂)

ဒီကမ္ဘာကနေ ပြန်ပြီး တွက်လိုက်လို့ ရှိရင် ဟိုး ၉၂ ကမ္ဘာမြောက်မှာပေါ့။ Before 92 World ဆိုပါတော့ဗျာ။ အဲဒီ ကမ္ဘာမှာ ဖုဿဆိုတဲ့ ဘုရားရှင် ပွင့်တော်မူခဲ့တယ်။ အဲဒီ ဘုရားရှင်မှာ ဝမ်းကွဲ ညီသုံးယောက်ရှိတယ်။ ဘုရားရှင်ရဲ့ ခမည်းတော်က ဘုရင်ကြီး မဟိန္ဒဖြစ်ပါတယ်။ ဘုရင်ကြီးမဟိန္ဒက ဘုရားရှင်ကို အရမ်းချစ်မြတ်နိုးလွန်းလို့ ဘုရားရှင်ရဲ့  ဝေယျာဝစ္စကို ဘယ်သူ့ကိုမှ မလုပ်ခိုင်းပါဘူး။ “ဘုရားလည်း ငါ့ဘုရား၊ တရားလည်း ငါ့တရား၊ သံဃာလည်း ငါ့သံဃာ” ဆိုပြီး လုပ်စရာရှိတဲ့ ဝေယျာဝစ္စမှန်သမျှ သူ့တစ်ဦးတည်း လုပ်ပါတယ်။ တနေ့တော့ တိုင်းပြည်ရဲ့ နယ်စွန်မှာ ပုန်ကန်မှု ဖြစ်ပေါ်လာတယ်။ အဲဒီကစ္စအတွက် သားတော်တွေခေါ်ပြီးတော့ “ပုန်ကန်မှုကို ငါကိုယ်တိုင် သွားရမလား၊ သင်တို့ သွားမလား၊ ငါသွားရရင်တော့…

ဝေယျာဝစ္စပြုလုပ်ခဲ့သူများ (၁)

တံမျက်စည်းလှည်းရခြင်းအကျိုးကို သိရပြီးနောက်ပိုင်း ဝေယျာဝစ္စပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်များအကြောင်း အနည်းငယ် ရေးပြချင်ပါတယ်။ ဝေယျာဝစ္စလို့ ပြောလိုက်တာနဲ့ ပထမဦးဆုံး သတိရကြမှာက ဘုရားရှင်ကို ၂၅ နှစ်တိုင်တိုင် သူမတူအောင် ပြုစုလုပ်ကျွေးတော်မူခဲ့တဲ့ အရှင်အာနန္ဒာကို သတိရကြမှာ မလွဲပါဘူး။ ဟုတ်ပါတယ်။ သတိရစရာ အကောင်းဆုံး ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်တယ်။ အားရကြည်ညိုစရာလည်းကောင်းပါတယ်။ “အာနန္ဒာ” လို့ အသံပြုလိုက်တာနဲ့ တပြိုင်နက် အနားကို ရောက်လာပြီး ဘုရားရှင်လိုအပ်တာတွေကို ဖြည့်ဆည်းပေးခဲ့သူပါ။ ဘုရားရှင်ကို ရေပူရေချမ်းကပ်တယ်။ ခြေဆုပ်လက်နယ်ပြုတယ်။ မကြာမကြာ အောင့်တတ်တဲ့ ကျောကို နှိပ်နယ်ပေးတယ်။ ညဆို ဆီမီးထွန်းပေးတယ်။ ယပ်ခတ်ပေးတယ်။ ဂန္ဓကုဋီတိုက်ထဲမှာ မြူတစ်မှုံမကျန်အောင် တံမျက်စည်းလှည်းတယ်။ ဘုရားရှင်ကတောင် ငါ့ကို ဝေယျာဝစ္စပြုလုပ်ပေးသူထဲမှာ အာနန္ဒာဟာ အသာဆုံးအမြတ်ဆုံး ဆိုတဲ့ ဧတဒဂ်ဘွဲ့ကို ပေးအပ်တော်မူခြင်း ခံခဲ့ရသူလည်း ဖြစ်ပါတယ်။…

တံမျက်စည်းလှည်း ဝေယျာဝစ္စပြုလုပ်ရကျိုးများ

ဒီ တံမျက်စည်းလှည်းရကျိုးကို တင်မယ် တင်မယ်နဲ့ မတင်ဖြစ်ဘူး။ အောင်တော်မူဘုရားမှာ လာကြတဲ့ အဖွဲ့ဝင်တချို့ကိုတော့ လက်ကမ်းစာစောင် ဝေဖူးတယ်။ အခု အဲဒီလက်ကမ်းစာစောင်ထဲကအတိုင်း အပိုအလိုမရှိ ကွက်တိ ပြန်ရေးတင်ပါ့မယ်။ လက်ကမ်းစာစောင်ရဲ့ အကို ကြည့်လိုက်တာနဲ့ ဒီလိုလေး တွေ့ရပါလိမ့်မယ်။ “အထူးမှာကြားချက်” “ရင်ပြင်တော် တံမျက်စည်းလှည်းနေချိန်တွင် ‘အရဟံ သမ္မာသမ္ဗုဒ္ဓေါ’ စသည့် ဘုရားရှင်၏ ဂုဏ်တော်ကို ထပ်ခါထပ်ခါ ပွားများခြင်းဖြင့် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်း၍ လှည်းလျှင် ပို၍ ကုသိုလ်ရပါသည်” လို့ပါပါတယ်။ အဲဒါ အရေးအကြီးဆုံးမို့ အစမှာ တင်ပေးလိုက်ပါတယ်။ လက်ကမ်းစာစောင် ထဲက စာကတော့…… ကုသိုလ်ကောင်းမှု ပြုလုပ်ဖို့ နည်းလမ်းအမျိုးမျိုးရှိပါတယ်။ အဲဒီထဲက လူတိုင်းပြုလုပ်သင့်တဲ့ ကုသိုလ်အလုပ် (၁၀) မျိုးရှိတယ်။ (၁၀) မျိုးက ၁။ ပေးကမ်းလှူဒါန်းမှု…

ထူးခြားခြင်းများစွာနှင့် (၄) ကြိမ်မြောက် အောင်မြင်မှုမှတ်တမ်း

ယခုနှစ် ၁၃၇၂ – ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၁) ရက်၊ (24.10.2010) တနင်္ဂနွေနေ့တွင် ကျွန်တော်တို့ မြန်မာသူငယ်ချင်းများနေ့ ဝက်ဆိုက်မှ ရန်ကုန်နှင့်မန္တလေး ပူးတွဲ အလှူပြုလုပ်ခဲ့သည်။ ရန်ကုန်တွင် ဆည်းဆာရိပ် ဘိုးဘွားရိပ်သာသို့ အသုံးအဆောင် ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်ခြင်း ဖြစ်ပြီး မန္တလေးတွင် ဘုရားရှင်၏ လမ်းညွန်ပြသခဲ့သော နည်းလမ်းများနဲ့အညီ ဆွေတော်မျိုးတော်အတွက် ကျေးဇူးဆပ် ရေစက်ချ အမျှပေးဝေခြင်း ကောင်းမှုကို ပြုလုပ်ခဲ့သည်။ “မြန်မာတို့သည် အယုံလွယ်သည်။ အထူးသဖြင့် ဗုဒ္ဓဘာသာတို့က ပိုအယုံလွယ်သည်။ အထင်ကြီးအောင် တစ်ခု နှစ်ခုလုပ်ပြလိုက်သည်နှင့် စုံလုံးကန်းကြသည်။ အမှန် ပြောသူကိုပင် ရန်လုပ်တတ်သည်။ ခုလည်းကြည့်။ သီတင်းကျွတ်သည်နှင့် “အကျွတ်အလွတ်ပွဲ” ကို အပြိုင်ကျင်းပသည်။ ထိုအယူအဆသည် မြန်မာဗုဒ္ဓဘာသာတို့ အယူအဆ မဟုတ်။ အခြား…

ပဋိသန္ဓေရှင်းတမ်း (၂)

အခြားအခြားသော နတ်၊ ဗြဟ္မာ၊ တိရစ္ဆာန်စတဲ့ သတ္တဝါတွေကို အသာထားလိုက်။ ကျွန်တော်တို့က လူဆိုတော့ လူပဋိသန္ဓေဆီမှာ သွားကြစို့လား။ မိဘနှစ်ပါး သံဝါသပြုခြင်း စတဲ့ အကြောင်းသုံးချက် ပြည့်စုံပြီးနောက် ကာယဒသကကလာပ်စည်း၊ ဘာဝဒသကကလာပ်စည်း၊ ဝတ္ထုဒသကကလာပ်စည်း ဆိုတဲ့ ရုပ်ပေါင်း သုံးဆယ် ပေါင်းစည်းထားတဲ့ ကလလရေကြည်လေးဟာ ပဋိသန္ဓေစိတ်နဲ့ အပြိုင် ကံဆိုတဲ့ အကြောင်းကြောင့် စတင် ဖြစ်တည်ပါတော့တယ်။ ကံဆိုတဲ့ အကြောင်းကြောင့် ဆိုတော့ “ကံကြောင့်” ဖြစ်လာတာပေါ့ဗျ။ ကလလရေကြည်ဆိုတာလေးက “ရုပ်”ဗျ။ ဒီတော့ ပါဠိလို ပြောရရင် ကမ္မဇရုပ်ပေါ့။ ဟုတ်ဘူးလား။ ကမ္မဇရုပ်က ဖြစ်တည်ပြီးနောက် ထုံးစံအတိုင်း ဖြစ်၊ တည်၊ ပျက်ဆိုပြီး သွားတော့တာပါပဲ။ ကမ္မဇရုပ်ရဲ့ ဖြစ်တည်ပျက်ထဲက တည်လို့လည်း ဖြစ်ရော တည် မှာ တေဇောဓာတ်ဆိုတဲ့…

ပဋိသန္ဓေရှင်းတမ်း (၁)

လူထုနဲ့ တူတဲ့ အဝိဇ္ဇာဆိုတဲ့ အခြံအရံတွေကြောင့် ပြည်ပမီဒီယာနဲ့ တူတဲ့ တဏှာရဲ့ တွန်းအားကြောင့် မဖြစ်မနေ လုပ်ပေးလိုက်ရတဲ့ ရွေးကောက်ပွဲနဲ့ တူတဲ့ ကံကြောင့် ကျွန်တော်တို့ဟာ အကြိမ်ကြိမ် အဖန်ဖန် လူ၊ နတ်၊ တိရစ္ဆာန် ဖြစ်နေခဲ့ကြရပါတယ်။ ဘယ်အချိန်ကတည်းက စဖြစ်နေသလဲဆိုတော့ ဟိုးအစမထင် သံသရာကတည်းက ဖြစ်နေခဲ့တာ။ ဒီ အဝိဇ္ဇာရဲ့ ဖိအား၊ တဏှာရဲ့ တွန်းအား၊ ကံရဲ့ လုပ်ဆောင်ချက်တွေနဲ့ ကျွန်တော်တို့ ပဋိသန္ဓေနေနေကြရပါတယ်။ အကြိမ်ကြိမ်၊ အဖန်ဖန်၊ ဘဝတစ်ခုပြီး တစ်ခု။ မရပ်မနား။ ဟောဒီ သံသရာဝင်္ကပါထဲကနေ မဂ်၊ ဖိုလ်နဲ့ လွတ်မြောက်အောင် မထွက်မချင်း ပဋိသန္ဓေဆိုတာကြီးကို ကြုံနေကြရမှာပဲ။ အဲဒီ မဖြစ်မနေ ကြုံနေရမယ့် ပဋိသန္ဓေဆိုတာ ဘာကို ခေါ်သလဲဆိုတော့ ဘဝဟောင်းနဲ့ ဘဝသစ်ကို…

သီလရှင်းတမ်း (၉)

သီလပျက်ရင် ဘယ်လို၊ သီလမှာ ဘာဂုဏ်ရှိဆိုတာကို သိပြီးနောက် သီလရဲ့ တရားကိုယ်ကို ပြောပြပါ့မယ်။ “သီလရဲ့ တရားကိုယ်” ဆိုတာ သီလထဲ ပါဝင်တဲ့ အကြောင်းအရာကို ဆိုလိုပါတယ်။ ကျွန်တော်တို့ အသုံးပြုနေတဲ့ အရာဝတ္ထုတိုင်းမှာ တစ်ခုခု ပါဝင်သလို သီလထဲမှာလည်း တစ်ခုခု ပါဝင်ပါတယ်။ ဥပမာ ကွန်ပျူတာလို့ ပြောလိုက်တဲ့အထဲမှာ မော်နီတာ၊ စစ်စတမ်ပုံးကြီး၊ ကီးဘုတ်၊ မောက်စ် ပါဝင်သလို သီလထဲမှာလည်း ပါဝင်တာတွေ ရှိပါတယ်။ သီလထဲမှာ စေတနာစေတသိက် အဓိက ပါဝင်ပါတယ်။ စေတနာက ဘယ်လိုစေတနာလည်း ဆိုတော့ သံဝရစေတနာနှင့် အဝိတိက္ကမစေတနာပါ။ သံဝရအကြောင်းကို ရေးပြပြီးပြီနော်။ အဝိတိက္ကမစေတနာဆိုတာက မကျူးလွန်တဲ့ စေတနာပါ။ နောက်စေတနာကတော့ သတ္တကမ္မပထစေတနာဖြစ်ပါတယ်။ အဓိပ္ပါယ်က ကုသိုလ်ဖြစ်အောင် ပြုမူနေထိုင်တတ်တဲ့ ကာယကံသုံးပါးနှင့် ဝစိကံလေးပါးတို့တွင်…