Menu Close

Category: Uncategorized

သင်တန်းဓာတ်ပုံများ (၃)

ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ကျွန်တော်တို့ လက်ရှိ သင်ကြားနေတဲ့ နွေရာသီ ဗုဒ္ဓဘာသာသင်တန်းကို လာရောက် လေ့လာစဉ်   ပအိုဝ်းဗွီဒီယိုသရုပ်ဆောင် မင်းသမီး တဖြစ်လဲ မူကြိုကျောင်းဆရာမလေး ဒေါ်သဇင်ကြည်မှ အစီအစဉ်များကို ဖတ်ကြားစဉ် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းသူ နန်းမူလေးမှ လာရောက်လေ့လာသော ပင်လောင်းအဖွဲ့အား ကျေးဇူးတင်စကား ပြောကြားစဉ် လာရောက်လေ့လာသော ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ မှ လာရောက်လေ့လာခွင့်ရသည့်အတွက် ဝမ်းသာကြောင်းစကား ပြောကြားစဉ် ကွန်ပျူတာ သင်တန်းခန်းမသို့ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ပင်လောင်း)မှ လာရောက်လေ့လာစဉ်

သင်တန်းဓာတ်ပုံများ (၂)

  အင်္ဂလိပ်စာ သင်တန်းချိန် ဓာတ်ပုံများ           ဒါက အင်္ဂလိပ်ချိန်ပါ။ မနားရအောင် နောက် ဘာသင်တန်းတွေ ပို့ချတယ်။ ဘာတွေ လုပ်တယ်ဆိုတာကို ဓာတ်ပုံနှင့် တင်ပြပေးသွားပါ့မယ်။

သင်တန်းဓာတ်ပုံများ (၁)

သင်တန်းဖွင့်ပွဲ သင်တန်းဖွင့်ပွဲ အစီအစဉ်ကို ကြေငြာစဉ် သင်တန်းမှူးမှ သြ၀ါဒပေးစဉ် သင်တန်းသားများ သင်တန်းမှ လိုက်နာရမည့် စည်းကမ်းများကို ဖတ်ပြစဉ် သင်တန်းအချိန်ဇယားကို ဖတ်ပြစဉ် ကွန်ပျူတာ သင်ကြားစဉ်  

လှူကြ ဒါန်းကြ ကြည်ညိုကြရာဝယ် (၄)

  အလှူခံမှာ အကြောင်းအမျိုးမျိုး ရှိသလို အလှူရှင်မှာလည်း အကြောင်းအမျိုးမျိုးရှိနိုင်ပါတယ်။ အလှူခံဘက်ကို မငဲ့ဘဲနဲ့ ကိုယ်က လှူမယ့်သူဆိုရင် ဘယ်လို လှူသင့်တယ်။ ဘယ်လိုလှူရင် ပိုအကျိုးရှိတယ် ဆိုတာလေးကိုတော့ သိထားသင့်ပါတယ်။ အဲဒီ အကြောင်းလေးကို ပြောချင်ပါတယ်။ အလှူဒါနပြုရာမှာ လှူတဲ့ ပစ္စည်းတွေ အမျိုးမျိုးရှိတယ်။ အသုံးပြုလို့ မြင်တွေ့လို့ရတဲ့ အလှူကို လှူတာရယ်နှင့် အသိဉာဏ်ကိုလှူတဲ့ အလှူဖြစ်ပါတယ်။ စာသင်ခြင်း၊ စာချခြင်း၊ ပညာသင့်ဖို့ အထောက်အပံ့ပေးခြင်းများနှင့် စာရေး တရားဟောပြီး လှူတဲ့ အသိဉာဏ်အလှူဟာ ပိုပြီးအကျိုးရှိပါတယ်။ လှူပြီဆိုပြီကာမှဖြင့် အလှူပေးတဲ့အခါ ရိုရိုသေသေ ပေးလှူတာနဲ့ ဖြစ်သလို မရိုမသေ မလေးမစား ပေးလှူတတ်တာမျိုးလည်း ရှိပါတယ်။ မရိုမသေ မလေးမစားများ ကိုယ်ကလှူထားမိရင် အကျိုးပြန်ပေးတဲ့အခါ ကိုယ့်သား ကိုယ့်သမီး ကိုယ့်လင် ကိုယ့်ဇနီးကတောင်မှ…

လှူကြ ဒါန်းကြ ကြည်ညိုကြရာဝယ် (၃)

ပိုစ့်က ရေးရင်း ရေးရင်း ဘယ်ရောက်သွားမှန်း မသိဘူး။ ကိုယ်လှူတဲ့ အလှူက အဆိပ်ပင်ရေလောင်းသလို ဖြစ်တယ်၊ ဒီတော့ ကိုယ်လှူလို့ အကျိုးမရတဲ့ အပြင် သာသနာဖျက်ဖြစ်ရတယ်ဆိုတဲ့ စကားတွေလည်း ရှိပါတယ်။ ဒီထဲက လှူတာက ဘယ်လိုလှူလှူပါ။ သဒ္ဓါနဲ့ ပညာညှိနိုင်ရင် ပြီးပါပြီ။ မညှိနိုင်သူများအတွက် ပြောပြရရင် သာသနာဖျက်ဆိုတာ ဘယ်လိုလဲဆိုတော့ ဓမ္မဝိနယကို တကယ်မတတ်ဘဲနဲ့ ဟိုရဟန်းကို ဒီအမှုကြောင့် ဒီလိုလူထွက်၊ ဒီအမှုကြောင့် ဒီရဟန်းဟာ ရဟန်းယုတ်၊ ရဟန်းပျက်လို့ ဘုန်းကြီးတု စသဖြင့် ဆုံးဖြတ်လိုက်တဲ့သူသည် တစ်ယောက်။ သုတ္တန်အဘိဓမ္မာကို ကောင်းစွာ နားမလည်ဘဲနဲ့ ဘုရားဒီလိုဟောတာ ဒီအကြောင်းကို ရည်ရွယ်တာ မဖြစ်နိုင်ဘူး၊ ဟိုအကြောင်းကို ရည်ရွယ်တာ ဖြစ်နိုင်တယ် စသဖြင့် ဘုရားဟော စာပေများကို ဟိုကျမ်းနဲ့ ဟိုလိုဆွဲပြော၊ ဒီကျမ်းနဲ့…

လှူကြ ဒါန်းကြ ကြည်ညိုကြရာဝယ် (၂)

သူ့ကမ္မဝါနဲ့ ဖတ်မယ်၊ ငါ့ကမ္မဝါနဲ့ ဖတ်မယ်လို့ ငြင်းခုန်ကြရာကနေ စကားလုံးတွေက ဘာဖြစ်လာသလဲဆိုတော့ ဟိုကမ္မဝါနဲ့ ဖတ်ရင် ရဟန်းမဖြစ်ဘူး။ ဒီကမ္မဝါနဲ့ ဖတ်ရင် ရဟန်းမဖြစ်ဘူး ဆိုပြီးတော့ “မြန်မာနိုင်ငံမှာ ရဟန်းတကယ် ဖြစ်တဲ့ ရဟန်းတစ်ပါးမှ မရှိဘူး” အဆင့်ထိ ဖြစ်လာခဲ့ပါတယ်။ လူတွေရဲ့စိတ်တွေကလည်း တခါခါ ရယ်ရသား။ အဲဒီစကားကို ထောက်ပြီးတော့ အချို့အချို့ပုဂ္ဂိုလ်များဟာ “ငါ့ကို ကမ္မဝါဖတ်သူက ဘယ်သူ ဘယ်လို” စသဖြင့် ကိုယ့်ဘာသာကို စွဲချက်တင် ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ပြီးတော့ နေချင်သလို နေတတ်ကြတဲ့ အဆင့်ထိ ရောက်လာခဲ့တယ်။ အဲ့ဒီ ပွဲမှာဘယ်လို ဆုံးဖြတ်ခဲ့တယ်ဆိုတာကိုတော့ မပြောတော့ပါဘူး။ နောက်ပိုင်းတော့ ပြဿနာကို သိပ်မကြာသေးတဲ့ ကာလက ပျံလွန်တော်မူသွားခဲ့တဲ့ ဓမ္မဗျူဟာ မဂ္ဂဇင်းက အမေးအဖြေကဏ္ဍကို တာဝန်ယူထားတဲ့ တည်တောဆရာတော်တို့ လက်ထက်ထိ…

လှူကြ ဒါန်းကြ ကြည်ညိုကြရာဝယ် (၁)

မြန်မာဗုဒ္ဓဘာလူမျိုး တော်တော်မျာလှူတာ ဒါန်းတာတွေနဲ့ ပတ်သက်ရင် အစကနဦးက ကြည်ညိုမှုဆိုတာလေး တွဲပါလေ့ရှိအတွက် အလှူအဒါန်းအကြောင်း ရေးရာမှာ “ကြည်ညိုမှု”အကြောင်းလေး ကျွဲကူးရေပါ ဖြစ်လာမှာကြောင့်မို့ ခေါင်းစဉ်ကို “လှူကြ ဒါန်းကြ”ရဲ့ နောက်မှာ “ကြည်ညိုကြ” ဆိုတာလေးကို ထည့်ပေးလိုက်ပါတယ်။ အလှူဒါန ပြုလုပ်တာနဲ့ ပတ်သက်ပြီး ဘယ်လိုလှူပါ၊ ဘယ်ပုဂ္ဂိုလ်ကိုလှူပါ စသဖြင့် စသဖြင့် Online ပေါ်မှာ တော်တော်လေး ရေးကြပြီးသားဖြစ်သလို အပြင်စာပေလောကမှာလည်း စာအုပ်တွေက တော်တော်ကို ပြီးပြည့်စုံအောင် ရှိပြီးသား ဖြစ်ပါတယ်။ အခု ကျွန်တော် အဲဒါလေးတွေကို အနားကွပ်ကြည့်တာပါ။ ကျွန်တော်တို့ တံမျက်စည်းလှည်းအသင်းက တစ်ယောက်ရယ် ကျွန်တော်တဲ့ ရင်းနှီးတဲ့ ကောင်လေးတစ်ယောက်ရယ်က အလှူနဲ့ ပတ်သက်ပြီး လာမေးလို့ ကျွန်တော် ရေးဖြစ်တဲ့ အကြောင်းလေးလည်း ဖြစ်ပါတယ်။ သူတို့ကတော့ အစအဆုံး…

ဝေယျာဝစ္စပြုလုပ်ခဲ့သူများ (၁၀)

ဝေယျာဝစ္စပြုလုပ်ခဲ့သူများအကြောင်းကို ဗုဒ္ဓစာပေအတ္ထုပ္ပတ္တတွေထဲကနေ ထုတ်နှုတ်နေရာကနေ ဒီတစ်ခါတော့ သံဃာ့သမိုင်းထဲက အားလုံးသိပြီးဖြစ်တဲ့ လယ်တီဆရာတော်ရဲ့ ဝေယျာဝစ္စပြုလုပ်တော်မူပုံကိုပဲ အနည်းငယ် ရေးပြပါတော့မယ်။ ဆရာတော်ရဲ့ ဘဝဖြစ်တော်စဉ်စာအုပ်ကလည်း အကြိမ်ကြိမ် ရိုက်နှိပ်ထုတ်ဝေနေတာမို့ ဒီအကြောင်းက အားလုံး သိပြီးသားဖြစ်လောက်ပါတယ်။ ဆရာတော်ဟာ မြန်မာနိုင်ငံအတွင်း ဝိပဿနာများ တစ်ဖန် ပြန်လည် တိုးတက်လာအောင် နည်းကောင်းတွေ ညွှန်ပြနိုင်ခဲ့တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တစ်ပါးလည်း ဖြစ်ပါတယ်။ ဒီပနီကျမ်းပေါင်းများစွာကိုလည်း ရေးသားခဲ့တဲ့ ဆရာတော် ဖြစ်ပါတယ်။ နောက် “သံသရာ အဆက်ဆက် သားကျွန်၊ သမီးကျွန် ဖြစ်လာခဲ့ရတာ ဒီဘဝတော့ သံဃာ့ကျွန် ဖြစ်ပါရစေ” ဆိုတဲ့ စကားကို ချန်ထားခဲ့ပြီး စကားနဲ့ အညီနေထိုင်သွားခဲ့တဲ့ ဆရာတော်လည်း ဖြစ်ပါတယ်။ ဆရာတော်ရဲ့ ဝေယျာဝစ္စပြုလုပ်မှုဟာ ဘယ်လောက်ထိ အစွမ်းထက်ခဲ့သလဲ ဆိုရင် တစ်ခါတော့ ချင်းတွင်း…

ဝေယျာဝစ္စပြုလုပ်ခဲ့သူများ (၉)

ကျွန်တော်တို့ ဘုရားရှင် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေတော်မူစဉ်တုန်းက ကောသမ္ဗီမြို့က လူတစ်ယောက်ဟာ သာသနာ့ဘောင်ထဲကို ဝင်လာတယ်။ သူက ကောသမ္ဗီမှာပဲနေတော့ သူ့ကို ကောသမ္ဗီကိုယ်တော်လို့ပဲ ခေါ်ကြတယ်။ ဘုရားရှင်လက်ထက်က ရဟန်းတော်တော်များအားလုံးဟာ ဘယ်မှာပဲ ဝါဆိုဆို ဝါကျွတ်တာနဲ့ ဘုရားရှင်ရှိရာအရပ်ကို ပြန်ကြွလာကြပါတယ်။ တရားထိုင်နေခဲ့ရင်လည်း ဘယ်အဆင့်ကို ရောက်ပြီ။ တရားမေးမြန်းလိုတဲ့ ပုဂ္ဂိုလ်တွေလည်း ဘယ်လိုတရားက ဘယ်သို့ဆိုပြီး မေးမြန်းဖို့ရယ် ဂါရဝပြုဖို့ရယ် အကြောင်းမျိုးစုံနဲ့ လာကြပါတယ်။ အဲလိုနဲ့ ဒီကောသမ္ဗီကိုယ်တော်လည်း ကြွလာတော့မယ်ဆဲဆဲပေါ့။ သူကျောင်းထိုင်တဲ့ ကျောင်းဒကာတွေက သင်္ကန်းနဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေ လာလှူတယ်။ သူက “တော်ပါပြီတကာတို့ ပြန်ယူသွားပါ” “ဘာဖြစ်လို့လဲဘုရား” “အလှူမခံချင်လို့ မဟုတ်ပါဘူး။ ဦးဇင်းဆီမှာ ဒီပစ္စည်းကို သင့်တင့်လျှောက်ပတ်အောင် စီမံပေးနိုင်တဲ့ ကိုရင်တွေမရှိဘူး၊ အဲဒါကြောင့်ပါ” “ဟာ ဒါဆို တပည့်တော်ဆီမှာ…

ဝေယျာဝစ္စပြုလုပ်ခဲ့သူများ (၈)

ဒီအဖြစ်အပျက်က ဝေယျာဝစ္စပြုလုပ်ဖို့ တိုက်တွန်းတဲ့ အဖြစ်အပျက်မဟုတ်ပါဘူး။ ဓမ္မပဒထဲမှာ တံမျက်စည်းလှည်းတာနဲ့ ပတ်သက်ပြီးလိုက်ရှာရင်းက တွေ့တဲ့ ဝတ္ထုပါ။ တစ်နေ့ ဓမ္မပဒအဋ္ဌကထာစာအုပ်ကြီးကို လှန်တော့ သမ္မဇ္ဇနထေရဝတ္ထုဆိုပြီး တွေ့တယ်။ ပါဠိလို ဖြစ်နေတယ်။ ဘာသာပြန်ကြည့်တော့ ပါဠိလို စာသိပ်မဖတ်တာ ကြာလို့လား မသိပါဘူး။ ကောင်းကောင်းနားမလည်ဘူး။ ဒါနဲ့ ကိုရင်တစ်ပါးခေါ်ပြီး လာဦး။ ဒါလေး ဘာသာပြန်ပေးဦးလို့ပြောလိုက်တယ်။ ကိုရင်က ဘာဝတ္ထုတုန်းမေးပြီးတော့ ဒီဝတ္ထုလို့ ပြောလိုက်တယ်။ ကိုရင်လေးက ဘာသာပြန်မပေးဘဲ အလွတ်ပြောပြပါတယ်။ (လောကကြီးက ပြောင်းပြန်ကို ဖြစ်ကရော) ဝတ္ထုက သာသနာဘောင်နဲ့ပဲ ပတ်သက်ပါတယ်။ ဒါပေမယ့် ဗဟုသုတ အဖြစ် ဖတ်ကြည့်ပေါ့။ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကာလမှာပဲ လူတစ်ယောက်ဟာ ရဟန်းဘောင်ထဲ ဝင်လာတယ်။ သူက ခံယူထားတဲ့ ခံယူချက်က ဒီလို။ ရဟန်းဆိုတာ သူများလှူတဲ့…