Menu Close

Category: Uncategorized

နောင်တောင်း (၁)

ကျွန်တော် နေမယ်လို့ရည်ရွယ်ပြီး နောင်တောင်းကို ရောက်ခဲ့တဲ့ရက်က ၂၀၁၁ သြဂုတ်လ ၁၄ ရက် စနေနေ့ပေါ့။ နောင်တောင်းဆိုတာက ဘုန်းတော်ကြီးကျောင်းကို အခြေခံထားတဲ့ စာသင်ကျောင်း။ အားလုံးနားလည်တဲ့ အခေါ်နဲ့ဆို ဘုန်းတော်ကြီးသင် ပညာရေးကျောင်း။ တည်နေရာက ရှမ်းပြည်နယ်ထဲမှာ။ အရင်အစိုးရလက်ထက်က စကားနဲ့ပြောရင်တော့ ရှမ်းပြည်တောင်ပိုင်း။ တောင်ပိုင်းလို့ ပြောပြော ရှမ်းပြည်လို့ ပြောပြော ချက်ချင်းသတိထားမိလိုက်တာက တောင်ကြီး။ နောင်တောင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းက တောင်ကြီးရဲ့ ဘယ်ဘက်မှာလဲ။ တောင်ကြီးရဲ့ အရှေ့ဘက်မှာရှိတယ်။ တောင်ကြီးရဲ့ အရှေ့ဘက်မှာက ဟိုပုံးမြို့ရှိတယ်မလား။ ဟိုပုံးမြို့ထဲမှာပေါ့။ မဟုတ်သေးဘူး။ ဟိုပုံးမြို့နဲ့တော့ နီးတယ်။ ဟိုပုံးမြို့ရဲ့ အရှေ့ဘက် မြို့အထွက်နားလေးမှာ မြောက်ဘက် မိုင်းပျဉ်းကိုသွားတဲ့ ကားလမ်းရှိတယ်။ အဲဒီကားလမ်းဘေးမှာ ရှိတာ။ မိုင်းပျဉ်းလမ်းကတော့ မိုင်းပျဉ်းအထိဆို အရှည်ကြီးရှိမှာပဲ။ လမ်းတဝက်မှာလား။ လမ်းအစမှာလား။ အဆုံးမှာလား။…

3 Box Analysis

ပထမဦးဆုံး မြန်မာနိုင်ငံ တဝန်းလုံးရဲ့ လက်ရှိ ဖြစ်ပျက်နေတဲ့ ပြဿနာများကို ဖော်ထုတ်ပါတယ်။ ဖော်ထုတ်ပုံကတော့ Column ၃ ခုပါတဲ့ ဇယားလေးတခု ဆွဲချလိုက်ပါတယ်။ အဲဒီကော်လံ သုံးခုထဲက ပထမတခုမှာ Factor of peace ဒုတိယတခုမှာ Factor of conflict တတိယတခုမှာ Actor ဆိုပြီး ပါပါတယ်။ Factor of peace မှာ တကယ့်ကို ငြိမ်းချမ်းစေတဲ့ အချက်အလက်တွေကို ရေးရမှာ ဖြစ်ပါတယ်။ အဲဒီအချက်အတွက် အဓိက ဖန်တီးခဲ့သူ အဖြစ် တတိယအကွက်မှာ ချရေးပေးရပါမယ်။ Factor of conflict မှာလည်း တကယ် ပြဿနာ ဖြစ်စေတဲ့ အချက်အလက်များကို ရေးရပါမယ်။ အဲဒီ ပြဿနာတွေကို ဘယ်သူ ဖန်တီးနေတာလဲ…

Ice Breaker (1)

ပြောထားချင်တာက   သင်တန်းတွင် အလွယ်တကူ အသုံးပြုနိုင်ရန် ရည်ရွယ်၍ ဤဂိမ်းများကို စုစည်းခြင်းဖြစ်ပါသည်။ အချို့ ဂိမ်းသည် ကိုယ်တိုင် ကိုယ်ကျ ကစားဖူးသော်လည်း အချို့မှာ မြင်ဖူးရုံသာ မြင်ဖူးသည်။ အချို့ဂိမ်းဆိုလျှင် လုံးဝ မကစားဖူးပါ။ ဥပမာ ခြေထောက် ဆင်း၍ ခြေမကွေးဘဲ မတ်တပ်ထသည့် ဂိမ်းဆိုလျှင် လုံးဝ မကစားဖူးပါ။ ထို့နောက် ထိုဂိမ်းသည် ကစားလို့ ရ မရ စမ်း မကြည့်ဖူးပါ။ သို့သော် အခြား ဂိမ်းစာအုပ်တစ်ခုတွင် တွေ့၍ ရေးပေးထားခြင်းဖြစ်သည်။ စာအုပ်တစ်အုပ်သည် မန်ကျည်း ရိပ်မှ ထုတ်ဝေသည့် စာအုပ်ဖြစ်ပြီး နောက်တစ်အုပ်ကမူ ထိုင်းနိုင်ငံဘက်မှ ထုတ်ဝေသည့် စာအုပ်ဖြစ်သည်။ ရေးထားသည့် အချက်များ မပြည့်စုံပါက စာရေးသူ၏ အပြစ်သာ ဖြစ်သည်။ အတတ်နိုင်ဆုံး…

လှူကြ ဒါန်းကြ ကြည်ညိုကြရာဝယ် (၆)

အရင် လှူကြ ဒါန်းကြ ကြည်ညိုကြရာဝယ် (၅) မှာတုန်းက ကျွန်တော် တစ်ခု လွှဲသွားတယ်။ အဲဒါကတော့ ဓမ္မဒါနနှင့် အဓမ္မဒါနကို တရားသဖြင့် အလှူနှင့် မတရားသဖြင့်အလှူလို့ပါ။ ရှင်းရှင်းလင်းလင်း မပြောမိသလို ဖြစ်နေတယ်။ တကယ်တမ်း လှူသင့်သော အလှူ၊ မလှူသင့်သောအလှူလို့ ဘာသာပြန်ရမယ် ထင်တယ်။ လှူသင့်တာက ထမင်း အဖျော် စသည်ပေါ့။ မလှူသင့်တာကတော့ သေချင်နေတဲ့လူကို သေနည်းပြောပြတာ၊ အဆိပ်ကို ဝယ်ပေးတာ၊ အိပ်ဆေးကို ဝယ်ပေးတာမျိုးက မလှူသင့်တဲ့ အလှူဖြစ်ပါတယ်။ ကုသိုလ်မရတဲ့အပြင် ပါဏာတိပါတကံတောင် ထိုက်ပါသေးတယ်။ အဆိပ်တော့ အဆိပ်ပါပဲ။ ဒါပေမယ့် ဒီအဆိပ်နှင့်မှ တစ်ဖက်က သင့်နေတဲ့ အဆိပ်ပျက်ပြယ်မယ်ဆိုရင်တော့ အဆိပ်လှူတာက ဒါနမြှောက်ပါတယ်။ လူတွေနှင့် သတ္တဝါကို သေစေနိုင်တဲ့ ပိုက်ကွန်၊ လေး၊ ဓား၊…

လှူကြ ဒါန်းကြ ကြည်ညိုကြရာဝယ် (၅)

ခုတော့ လှူဖို့ ဒါန်းဖို့ဆိုပြီး မြန်မာသူငယ်ချင်းများနေ့အဖွဲ့က အဖွဲ့ဝင်တွေ ငွေပဒေသာပင်စိုက်ထူကြတာဆိုတော့ ဒါနအကြောင်း ပြောရာမှာ ကိုယ့်ဘက် ကိုယ်ယက်သလို ဖြစ်နေသလား မသိပါဘူး။ ဖြစ်လည်း မတတ်နိုင်ပါဘူး။ ပြောရမှာပဲ။ အလှူလုပ်ရာမှာ သဒ္ဓါပေါက်တဲ့အခါ လှူလိုက်၊ မလှူဘဲနေလိုက်ထက် ပဒေသာပင်စိုက်ထူထားတဲ့ အလှူက ပိုကောင်းပါတယ်။ ထာဝရဒါနလို့ခေါ်ရမှာပေါ့။ သူကတော့ သေချာတယ်။ သေရင် နတ်ရွာတစ်ခုခုကို လားရပါတယ်။ ဆရာတော်များ ဆုံးမကြတာက လူဖြစ်လာပြီဆိုရင် ထာဝရဒါနတစ်ခုတော့ ရှိသင့်ပါတယ်တဲ့။ မြန်မာသူငယ်ချင်းများနေ့အဖွဲ့က အဖွဲ့ဝင်တချို့မှာ တနင်္ဂနွေနေ့ညနေတိုင်း ထာဝရဒါနတစ်ခု ရှိနေတာ ဝမ်းသာစရာ ဖြစ်ပါတယ်။ အခြားမြို့ရှိ အဖွဲ့ဝင်များအနေနဲ့လည်း တစ်ခုခုတော့ စဉ်းစားသင့်ပါတယ်။ အကြံပေးကြည့်တာပါ။ အလှူလုပ်တဲ့အခါ တချို့က သူများပြောလို့လုပ်ရတာမျိုး ရှိပါတယ်။ ဒီနေရာမှာ နည်းနည်း သတိထားရမယ်။ ပတ်ဝန်းကျင် ဖိအားကြောင့် အလှူလုပ်ရတာကလည်း…

ADMIN သုံးငွေရှင်းတမ်းနှင့် လှူဒါန်းခဲ့သည့် ပစ္စည်းများ

အခမ်းအနားနှင့် ဧည့်ခံကျွေးမွေးမှုစရိတ် (၁) ရေခဲမုန့် ………………….. ၃ စည် …………………….. ၈၀၀၀၀ (၂) ကိတ် …………………….. ၅၀ လုံး ……………………. ၃၀၀၀၀ (၃) ဂျူ့စီ …………………….. ၂၀ ပုလင်း …………………. ၂၇၀၀၀ (၄) တစ်ခါသုံးခွက်……………. ၇၀၀ ခွက် ………………….. ၁၀၀၀၀ (၅) သကြား ………………….. ၄ ပိဿာ ……………………. ၆၀၀၀ (၆) သံပုရာသီး ………………. ၃၀ လုံး ………………………. ၂၁၀၀ (၇) ပေါင်မုန့်…………………… ၅၅၀ ခု ……………………… ၅၀၀၀၀ (၈) တစ်ရှုး …………………….. ၁၀ ဗူး …………………………

ဆဋ္ဌမအကြိမ်မြောက် အလှူငွေနှင့် ပစ္စည်းများ အလှူခံရရှိမှု စာရင်း

အလှူရှင်နှင့် အလှူငွေများစာရင်း ၁။ ကိုအောင်လင်းကျော် (သြစတေးလျှ) ………………… ၁၂၀၀၀၀ ၂။ အင်းတော်ရှမ်း ……………………………………………….. ၁၁၀၀၀၀ ၃။ ပန်းသခင် (ထိုင်ဝမ်) ………………………………………… ၁၀၀၀၀၀ ၄။ လှမျိုးအောင် (Horton.green@) …………………………… ၅၀၀၀၀ ၅။ သီတာအောင်သန်း(ခ)ဝိုင်းလေး (မြစ်ကြီးနား) …………. ၅၀၀၀၀ ၆။ ရဲသီဟ ………………………………………………………………. ၅၀၀၀၀ ၇။ ကလေး …………………………………………………………….. ၃၀၀၀၀ ၈။ ကိုကျော်ကိုကို+မစန်းစန်းခိုင် ………………………………. ၂၀၀၀၀ ၉။ ဦးမျိုးမြင့်+ဒေါ်ဥမ္မာအောင် …………………………………… ၁၀၀၀၀ ၁၀။ ကိုထွန်းထွန်းအောင်+မတင်မေလတ် ………………….. ၁၀၀၀၀ ၁၁။ မအေးမြင့်သန်း………………………………………………… ၁၀၀၀၀ ၁၂။ မနှင်းနုလွင် (admin-ရန်ကုန်) …………………………….. ၁၀၀၀၀ ၁၃။…

ခြောက်ကြိမ်မြောက် အလှူမှတ်တမ်း ဓာတ်ပုံများ

အခမ်းအနားမှာ ချိတ်ထားတဲ့ Vinyl ပါ။ အောင်တော်မူ စုရပ်မှ မထွက်ခွာမီ အချို့လည်း ကြိုရောက်နှင့်နေကြတယ် ဟောပြောပွဲမှာ ဟောပြောမယ့် ဆရာကိုသာဇော် (Shade ဂျာနယ်-တာဝန်ခံအယ်ဒီတာ) နှင့် Blogger ကိုပေါက် (မန္တလေး) အလှူဖြစ်မြောက်အောင် ဆောင်ရွက်ပေးကြတဲ့ အက်ဒမင်များ တက်ရောက်လာကြသူများ၊ အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များကို ရေခဲမုန့်ဖြင့် ဧည့်ခံစဉ် ဝိုင်းဝန်းကူညီပေးနေကြတဲ့ သူငယ်ချင်းတွေ စာအုပ်၊ ဘောလ်ပင်၊  ခဲသားဘောလ်ပင်၊ ခဲဆံ၊ ပေတံ၊ နှင့် ခဲတံများကို လှူဖို့ လွယ်ကူအောင် စနစ်တကျ စီနေကြစဉ် ကျောင်းသားများကို စာအုပ်နှင့် စာရေးကိရိယာများ လှူဒါန်းစဉ် အဖွဲ့ဝင်များအားလုံး စိတ်အားထက်သန်စွာ လှူဒါန်းနေကြစဉ် မီးငယ်တို့အဖွဲ့ စေတနာ ထက်သန်စွာဖြင့်

အောင်တော်မူ စနေနေ့ ဝေယျာဝစ္စအသင်း

မန္တလေးမြို့ ၊ အောင်တော်မူ ရင်ပြင်တော်တွင် စနေနေ့ ဝေယျာဝစ္စအသင်းတစ်ခု ထပ်မံ ဖွဲ့လိုက်ပါသည်။ အဖွဲ့ဝင်များက BEC ကျောင်းသား ကျောင်းသူများ ဖြစ်ကြောင်း သိရပါသည်။ ထိုအဖွဲ့သို့ ကျွန်တော်တို့ မြန်မာသူငယ်ချင်းများနေ့မှ စနေနေ့ တစ်ရက်တည်းသာ အားလပ်ရက် ရှိကြသော အဖွဲ့ဝင်များ မည်သူ မဆို ပါဝင်နိုင်ပါသည်။       တံမျက်စည်းလှည်းပြီးနောက် ကြမ်းတိုက်ကြစဉ်   လိုက်ပါချင်သူ စိတ်ပါဝင်စားသူများအားလုံး မည်သူမဆို ပါဝင်နိုင်ပါသည်။   ဂျေဂျူဝိုင်