Menu Close

Category: Blog

ဘေးကပ်ရက်ခုံလေးများ

တနေ့တော့ တရားတစ်ပုဒ် နာလိုက်ရတယ်။ လူ့ဘဝဆိုတာ ကားလက်မှတ်ဖြတ်ပြီး ကားတက်စီးတာလေးလောက်ပါပဲ။ ကားပေါ်မှာတော့ ကပ်ရက်ခုံက လူနဲ့တွေ့ရမယ်။ ကားပေါ်ပါတဲ့ လူတွေနဲ့ တွေ့ရမယ်။ ဒရိုင်ဘာ စပယ်ယာနဲ့တွေ့ရမယ်။ ဒါပါပဲ…တဲ့။ ကျွန်တော်နဲ့ ကပ်ရက်ခုံမှာ ထိုင်ဖြစ်ခဲ့တဲ့ သူတွေအကြောင်း နည်းနည်းပြောကြည့်ချင်တယ်။ ပန့်ပုန်းရွာ။ ကျောင်းထိုင် ဘုန်းကြီးက စကြည့်ရအောင်။ ကျွန်တော် သိမီလိုက်တဲ့ ဆရာတော်က ဦးကောသလ္လ။ ကရင်ပြည်က။ ပအိုဝ်း ကရင်ကပြား။ ဆရာတော်လည်း အသက်ငယ်ငယ်နဲ့ ကျောင်းထိုင်ခဲ့တယ်။ ရွာအတောင်ဘက်ရှိ မူလကျောင်းဟောင်းကနေ ရွာအမြောက်ဘက် ကျောင်းသစ်ကို တဖန် ပြန်ဆောက်ပြီးရွှေ့ပြောင်းခဲ့တယ်။ ကျွန်တော့်ရဲ့ ငယ်ဆရာ ဆိုလည်း မမှားခဲ့ဘူး။ သူများပြောပြချက်ကတော့ သူလည်း အုပ်ချုပ်စချိန်မှာ တော်တော်ဆိုးခဲ့တယ်။ အရိုက်အနှက် ကြမ်းခဲ့တယ် ဆိုပါတယ်။ ကျွန်တော်တို့ လက်ထက်မှာတော့ ဆရာတော်ဟာ တော်တော်သိမ်မွေ့ပါတယ်။…

မအောင်မြင်သူရဲ့ မှတ်စုများ (၂)

ဆက်ဖတ်ကြည့်မယ်ဆိုရင်တော့ မှားမှာပဲ။ ငါ့မှတ်စု တခုလုံး အဆိုအမိန့်လိုလို ဆုံးမစာလိုလိုတွေနဲ့ ပြည့်နေတာ။ အကြီးအကျယ် အောင်မြင်ထမြောက်သွားခြင်းရဲ့ အစမှာလည်း စိတ်ကူးဉာဏ်၊ စိတ်ကူးဉာဏ်ရဲ့ သတ္တိ၊ စိတ်ကူးဉာဏ်ရဲ့ တန်ဖိုးကို ဆုံးဖြတ်ချက် ချခြင်းမျှသာ ဖြစ်တယ်တဲ့။ အကြီးအကျယ် အောင်မြင်တယ်ဆိုတာ ဘယ်လိုဟာမျိုးလဲ မသိဖူးတော့ စိတ်ကူးဉာဏ် ဆိုတာ ငါ့မှာ မရှိတာ သေချာသွားလေလေ့။ စိတ်ကို ဖွင့်ထားပြီး တစ်စုံတစ်ရာကို လက်ခံရရှိဖို့ အသင့်ရှိကာ ဇွဲ၊ ယုံကြည်မှု၊ သတ္တိများနှင့် ပြည့်စုံပါစေ။ ကြည့်ရတာ ငါရွှေဥဒေါင်းစာအုပ်ထဲကနေ ကူးထားသလိုပဲ။ စိတ်တွေအကြောင်းချည်းပဲ ဆက်ပါနေတယ်။ စိတ်ထဲမှာ ဆွဲငင်အားရှိတဲ့ မေတ္တာ၊ ယုံကြည်ခြင်း၊ ကောင်းမွန်စွာ အသုံးချခံရသော လိင်ဓာတ်၊ မျှော်လင့်ခြင်းဆန္ဒတွေသာ စိုးမိုးနေရမယ်။ မရှိသေးရင် ရှိအောင်လုပ်။ ရှိပြီးလို့ မကြီးသေးရင်း ပွားများပေးရမယ်ဆိုပဲ။…

သာသနာကွယ်ကြောင်း

တွေးကြည့်မယ်ဆိုရင် ရင်လေးစရာပဲ။ ခုလက်ရှိ ထိုင်နေတဲ့ကျောင်းကို ၂၀၊ ၃၊ ၂၀၁၅ သောကြာနေ့မှာ မြို့နယ်သံဃနာယက အတွင်းရေးမှူးဆရာတော် ဦးဂုဏဝံသာလင်္ကာရ (စူဠာမုနိပရိယတ္တိစာသင်တိုက်၊ တောင်ကြီးမြို့)၊ ပအိုဝ်းပိဋကတ် ဘာသာပြန်ဆရာတော် ဦးစန္ဒာဝရနှင့် ဟိုပုံးမြို့နယ်၊ နောင်တောင်းကျေးရွာ၊ နောင်တောင်းပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက် ဆရာတော် ဦးရာဇိန္ဒသိရီတို့က ဝိုင်းအပ်လို့ ရက္ခိတဂေါပိတ အဖြစ် သို့မဟုတ် ကျောင်းထိုင်အဖြစ်နဲ့ တောင်ကြီးမြို့၊ ပအိုဝ်းလို ဖောင်တော်ဆိုက်ကျေးရွာအုပ်စု၊ နိုင်ငံတော်လို နမ့်ဆီးအုပ်စု ဖောင်တော်ဆိုက်ရွာ၊ ဘုရားကိုးဆူတောင်တော်နှင့် ပင်းတယစေတီတော် အနီးရှိ တောရဓမ္မာရုံကျောင်းဆိုတာလေးမှာ ကျောင်းထိုင် ဖြစ်ခဲ့တယ်။ ကျောင်းထိုင်ချင်တယ်ရယ်လို့လည်း တခါမှ မဟဖူးပါဘူး။ ထိုင်ရမယ်လို့လည်း စိတ်မကူးပါဘူး။ စိတ်ကူးထဲမှာက သင်တန်းကျောင်းလေး ဆောက်ချင်တယ်။ ဒါလောက်ပါပဲ။ ဒါပေမယ့် ရောက်လာခဲ့တယ်။ အနီးဆုံးရှိနေတာက အမုန်းဆုံးဆိုတဲ့ စက်ရုံကြီး။ နိုင်ငံတကာနဲ့…

မအောင်မြင်သူရဲ့ မှတ်စုများ (၁)

တနေ့သားတော့ ကျွန်တော့်ကို လူတယောက်က “နာမည်အရင်း ဘယ်လိုခေါ်လဲ” လို့မေးတယ်။ အဲဒါနဲ့ ပြောပြလိုက်တော့ အင်္ဂလိပ်လို ဘယ်လိုပေါင်းလဲလို့ ထပ်မေးပြန်တယ်။ အင်္ဂလိပ်လိုပါ ဆက်ပေါင်းပြလိုက်တော့ သူက စာအုပ်တစ်အုပ်ထုတ်ပြတယ်။ ဒါ ကျွန်တော့်စာအုပ်လား ဆိုပြီးတော့။ ကျွန်တော်က ချက်ချင်းပဲ ဟုတ်တယ်လို့ ဖြေလိုက်တယ်။ ၂၀၀၃ က တစ်နှစ်စာ ဒိုင်ယာရီ စာအုပ်လေး။ ဟိုးအရင် နှစ်တွေတုန်းက ဒိုင်ယာရီရေးတဲ့ အကျင့် ရှိခဲ့ဖူးတယ်။ မှတ်မိသလောက် ၁၉၉၈ မေလ ၁၃ ရက်နေ့က စတယ်ထင်တယ်။ ၂၀၀၆ နောက်ပိုင်းတော့ မရေးဖြစ်ဘူး။ ဒါပေမယ့် ကျွန်တော့်ဒိုင်ယာရီလေးကို ပြန်ပေးတဲ့လူက ကျွန်တော်မသိတဲ့ နယ်က လူတယောက် ဖြစ်နေတယ်။ ကျွန်တော် တော်တော် အံ့သြသွားတယ်။ ဘာလို့ စာအုပ်က အဲလောက်ထိ လျှောက်ရောက်ရတာလဲပေါ့။…

အဖေ

ကျွန်တော်တို့ မောင်နှမ ရှစ်ယောက်လုံးက သူ့ကို အဘလို့ ခေါ်ခဲ့ကြတယ်။ ဒီအသုံးအနှုန်းက ကျွန်တော်တို့ ရွာရဲ့ အသုံးအနှုန်းပါ။ ဒါပေမယ့် အဖေ့ရဲ့ တကယ့်လူမျိုးဖြစ်တဲ့ ဓနုလူမျိုးရဲ့ အခေါ်အဝေါ်လည်း ဖြစ်နေပြန်ပါတယ်။ ဒါကို အဖေကျနပ်မှာပါ။ ဟုတ်ပါတယ်။ ကျွန်တော့်အဖေကို အားလုံးက ပအိုဝ်းလူမျိုးလို့ ထင်ခဲ့ကြတယ်။ အဖေ့ရဲ့ လူမျိုးအစစ်က ဓနုလူမျိုးပါ။ ပင်းတယမြို့နယ်၊ ဘော်ဆိုင်းကျေးရွာအုပ်စုအတွင်းရှိ ငုတ်ရွာမှာ အဖေ့ကို မွေးဖွားခဲ့တယ်လို့ ယူဆရပါတယ်။ အဖေက သူ့ကို ဘယ်မှာ မွေးခဲ့တယ်ဆိုတာ မပြောဖူးပါဘူး။ တခါပဲ သူဟာ ဘော်ဆိုင်းဘက်ကပါလို့ ပြောခဲ့ဖူးတယ်။ အဖေဟာ တော်တော်ရုန်းကန်ခဲ့ရပါတယ်လို့ ပြောရင် အားလုံးလည်း ဒီလိုပါပဲလို့ ပြောကြပါလိမ့်မယ်။ အဖေဟာ ပိုပြီး ရုန်းကန်ခဲ့ရလိမ့်မယ်လို့ ထင်ပါတယ်။ အဖေငယ်ငယ်ကတည်းက တောင်ကြီးမြို့နယ်၊ ဇလဲကျေးရွာအုပ်စု၊ နာဟစ်ရွာက…

သံဃံ သရဏံ ဂစ္ဆာမိ

ကျောင်းဆရာ တစ်ယောက် ရောက်လာတော့ ပညာရေးနှင့် ပတ်သက်ပြီး ဟိုအကြောင်း ဒီအကြောင်း ပြောဖြစ်တယ်။ “ပညာရေး အခြေအနေက ကောင်းတော့မလိုလိုနဲ့ ဆွေးနွေးနေကြရင်း ပျောက်သွားတယ်နော်” ဆိုတဲ့ မှတ်ချက်လေး ထွက်လာတယ်။ လက်ပံတန်းသပိတ် ဖြိုခွင်းမှု နောက်ပိုင်း ပညာရေး ဆိုတဲ့ စကားလုံး ပျောက်သွားပြီး မဘသ ဆိုတဲ့ စကားလုံးက ထင်းခနဲ ဖြစ်လာတယ်။ ဥပဒေ ရေးဆွဲနိုင်လို့ အောင်ပွဲခံတာမျိုး ကမ္ဘာပေါ်မှာ ရှိလား မရှိလားတော့ မသိဖူးဘူး။ မြန်မာနိုင်ငံမှာတော့ မရှိဖူးဘူးလို့ ထင်ရတာပဲ။ ခုတော့ သမိုင်းမှာ မှားသည် ဖြစ်စေ၊ မှန်သည်ဖြစ်စေ မှတ်တမ်းတော့ ဝင်သွားပြီ။ နောက်သက္ကရဇာ် ၂၀၂၀ လောက်မှာ ငါတို့ ဘာတွေ ပြောနေမလဲ။ ငါတို့ သာသနာမျိုးဆက်သစ်လေးတွေ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်မလား။…

အသက်ရာပြည့် မိမိကိုယ်

ကျောင်းသားတွေကို သူတို့ဘဝ မျှော်လင့်ချက်လေးတွေ ရေးစေကြည့်တယ်။ သူတို့တွေ မကောင်းတာကို သိတယ်။ ဥပမာ ပျင်းရင် ဖျင်းမယ် ဆိုတာမျိုး။ အချိန်ဟာ တန်ဖိုးရှိတယ် ဆိုတာမျိုး။ အားလုံး သိနေကြတဲ့ ပုံစံအတိုင်း သူတို့ ပုံမှန် သိနေကြတယ်။ သူတို့ ဘဝကို ပြန်သုံးသပ်ခိုင်းကြည့်တော့ သူတို့ကို သူတို့ အသုံးမကျတဲ့သူလို့ ပြန်မြင်တာမျိုးလည်း ရှိနေပြန်တယ်။ ညံ့ဖျင်းခဲ့တယ်ဆိုတာမျိုး သူတို့ ပြောကြတယ်။ သူတို့ မျှော်လင့်ချက်က ဂစ်တာတီးတတ်ချင်တယ်။ သီချင်းဆိုချင်တယ်။ ဘောလုံးသမား ဖြစ်ချင်တယ်..တဲ့။ ကျွန်တော်တို့ ငယ်ငယ်တုန်းကလည်း အဲလိုပဲ ဘာဖြစ်ချင်တယ်ဆိုတာ တိတိကျကျ မသိခဲ့ဘူး။ ဒီလိုနဲ့ အသက်တွေရလာတယ်။ ဘဝ ပစ်ချရာကို ဒီလိုပဲ လွှင့်နေခဲ့တယ်။ ဂစ်တာတီးကြည့်တယ်။ ကွန်ပျူတာ သင်ကြည့်တယ်။ အင်္ဂလိပ်စာ သင်တန်း တက်ကြည့်တယ်။…

အော်လီဂါခီ

ကိုယ့်ဘာသာကိုယ် Facebook ပေါ်မှာ status တစ်ခု တင်လိုက်တယ်။ ဘယ်သူများ အော်လီဂါခီ အကြောင်း ရေးမလဲလို့ စောင့်ကြည့်နေတာ။ ဘယ်သူမှလည်း မရေးပါလား ဆိုပြီးတော့ပေါ့။ ကျွန်တော်ကလည်း အသိကြီး မဟုတ်ပါဘူး။ အသိကြီးဆိုတာထက် သိပ်လည်း မသိပါဘူး။ ထင်တာလောက်ပဲ ဖြစ်နေတယ်။ အွန်လိုင်းပေါ်မှာ ရှာကြည့်တော့ စာရေးဆရာကိုတာ ရေးထားပြီးသားကို သွားတွေ့တယ်။ ခုကလည်း စာရေးဆရာကိုတာရဲ့ ဟောပြောချက်တချို့ကနေ ပြန်တင်ပြခြင်းမျိုးဖြစ်ပါတယ်။ တကယ်တမ်း ပြောချင်တဲ့ပုံစံက လက်ရှိ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်ကို ဥပမာထား ထောက်ပြတာမျိုးပါ။ မြန်မာနိုင်ငံလုံးဆိုင်ရာကို မထောက်ပြနိုင်ပေမယ့် ကိုယ့်လူမျိုးစုလေးရဲ့ ဖြစ်ပျက်နေမှု ပုံစံကို ထောက်ပြချင်တယ်။ ဒါပေမယ့် နည်းနည်းကြောက်ပါတယ်။ ဒါကြောင့် ခြုံငုံတဲ့ သဘောလောက်ပဲ ရေးကြည့်မယ်။  ရေးသာ ရေးကြည့်တာပါ။ ထဲထဲဝင်ဝင် မသိပါဘူး။ အထင်သာ…

မိကောင်း ဖခင် သားသမီး

မပြောမဖြစ် ပြောချင်နေသည့် အကြောင်းအရာက သူများ မကောင်းကြောင်း ဖြစ်သည်။ မပြောရ မနေနိုင်ပါ။ ပြောရမှ စိတ်ချမ်းသာမည်။ ပြောလိုက်မှလည်း ရင်ထဲ ပေါ့သွားမည်။ ထိုထက် သူတပါးကို ကောင်းစေချင်၍ ဖြစ်သည်။ မိမိကပဲ အမုန်းခံ၍ ပြောရပါတော့မည်။ “နင်နဲ့ တွဲနေတဲ့ ကောင်မလေးက ဟိုဟာလေ ဘယ်လိုပြောရမလဲ၊ အကြီးစားထဲကတဲ့နော်၊ ငါတို့က သေချာသိလို့ ပြောပြတာ၊ တော်ကြာ ထောင်ချောက်ထဲ ကျနေမှာစိုးလို့ နင့်ကို သတိပေးတာ” မဆိုးပါ။ သည်ကောင်မလေးအကြောင်း မိမိ သေချာတော့ မသိ။ ဖြစ်နိုင်ချေရှိသည်။ ကြားရသည့်သတင်းအရနှင့်အတူ ကောင်မလေး၏ ဆတ်ကော့ လပ်ကော့ အမူအရာနှင့် အပြုအမူသည် ဤသို့ဆောင်နေသည်။ ရုပ်ကိုက ရည်းစားများမည့်ရုပ်။ ပြီးတော့ ယောကျ်ားလေးနဲ့ ဆက်ဆံ ပြောဆိုပုံက ရဲသည်။ သူမ၏…

အရှိတရား၏ မရှိသောတရားများ

“ဆေးရုံတက်ရမယ်” လို့ ရန်ကုန်ဆေးရုံကြီးထဲက နှလုံးအထူးကြတ်မတ်ဆောင် ပရော်ဖက်ဆာကြီးဖြစ်တဲ့ ဒေါ်နွယ်နွယ်က နီနီဓာတ်ခွဲခန်းကနေ ၂၀၁၅ ခုနှစ် မေ ၃၁ ရက်မှာ ပြောခဲ့တယ်။ မွေးရာပါ သွေးလွှတ်ခန်းနှင့် သွေးသန့်ခန်းနံရံမှာ အပေါက်ကလေးပါတယ်။ အဲဒီအပေါက်မှာ ပိုးဝင်နေတယ်။ အဲဒီပိုးက အဆို့ရှင်ကိုပါ ကူးနေတယ်။ ဆက်ပြီးတော့ အဆုပ်ကိုလည်း ကူးဖို့ရှိတယ်။ အဲဒါဆိုရင်တော့ ကုဖို့ ပိုခက်သွားလိမ့်မယ်လို့ ပြောပါတယ်။ နယ်ဆေးရုံကို လွှဲပေးလို့မရဘူးလားဆိုတော့ ဒေါက်တာဒေါ်နွယ်နွယ်က “လူနာတွေဟာ သူတို့ဖြစ်ချင်တာပဲ သိတယ်” လို့ ရေရွတ်လိုက်သလိုလိုပါပဲ။ ပြီးမှ မရဘူးလို့ ပြောပါတယ်။ ဘယ်နေ့တက်ရမလဲဆိုတော့ ဒီနေ့ပဲတဲ့။ ဆရာကောင်းညွှန့်က သူ့ဇနီးကိုခေါ်လာပြီးတော့ ဆေးစစ်ထားတဲ့ စာရွက်ကို ဖတ်စေတယ်။ နှင်းနုလွင်ကလည်း ဆရာလေးကိုကြည်နိုင်ကို ခေါ်လာပြီးတော့ ဖတ်စေခဲ့ပါသေးတယ်။ တယောက်ယောက်ကတော့ နှလုံးတစ်ခန်းလည်း နည်းနည်းရောင်နေတယ်လို့ ပြောပါတယ်။…