Menu Close

Category: Blog

လွယ်သလား ခက်သလားရာမ

ဒီနေ့ ဆိုက်ခေါင်စံပြကျေးရွာ ဘက်သွားပြီး ပြတင်းတံခါးရွက်လေးတွေ ဝယ်တော့ ရောင်းတဲ့ တရုတ်မက ပြောတယ်။ သူ ချော်လဲပြီးနောက် လက်တဖက်က လှုပ်လို့မရတော့ဘူး ဖြစ်နေတယ်။ သေသာသေလိုက်ချင်တယ်။ အလုပ်မလုပ်ဘဲ သူများလုပ်စာ ထိုင်စားနေရတာ ရှက်တယ်ဆိုပဲ။ ကျွန်တော်ဆို အေးဆေးဖြစ်နေမှာ။ မနက် ထမင်းထချက်တယ်။ စိတ်ကူးရရင် ဘုရားရှိခိုးတယ်။ ပျင်းရင် ပြန်အိပ်လိုက်တာပဲ။ ထမင်းချက်ပြီးပြီ ငါ့တာဝန်ကျေပြီလို့တွေးတာ။ နေ့ခင်းဘက်ဆိုရင်လည်း ကွန်ပျူတာလေး သင်ပေးပြီး နားလိုက်တာပဲ။ ငါ့တာဝန်ကျေပြီပေါ့။ အမြဲတမ်း အေးဆေးနားချင်တဲ့ ဆန္ဒက ဘယ်တော့မှလည်း မပျောက်ဘူးရယ်။ ဘဝဆိုတာ အေးဆေးနေဖို့မဟုတ်ဘူးလား။ ဆိုက်ခေါင်က အပြန်လမ်းမှာ သုဝဏ္ဏလူငယ်သင်တန်းကျောင်း ဝင်လည်ဖြစ်တယ်။ အဲကျောင်းဦးဇင်းတွေက သစ်ပင်စိုက်ပြီး ရေတော်တော်လောင်းတာပဲ။ ငါ့မှာတော့ သစ်ပင်စိုက်ပြီး ငါ့တာဝန်ကျေပြီ တွက်တာ။ ရေမလောင်း ပေါင်းမသင်ဘူးရယ်။ ကံကောင်းရင် ပေါက်မယ်။…

မနက်ဖြန်များစွာ ရှိတယ်

ဒိုးလုံးရဲ့ သီချင်းတစ်ပုဒ်ရှိတယ်။ သီချင်းနာမည်က “မနက်ဖြန်များစွာ ရှိတယ်” တဲ့။ MTV တောင်ရိုက်ထားသေးတယ်။ အရင်တုန်းက ကြိုက်ခဲ့ဖူးတဲ့ သရုပ်ဆောင်မင်းသား “မင်းမော်ကွန်း” ပါတယ်။ အေးဝတ်ရည်သောင်းနဲ့ စုမေဆိုတဲ့ ကလေးမလေး သရုပ်ဆောင်ထားတာ။ သီချင်းစစလာချင်းမှာပဲ မင်းမော်ကွန်းတယောက် ထောင်ဝတ်စုံနဲ့။ ပြီးမှ နောက်ကြောင်းကို တရွေ့ရွေ့ရိုက်ပြသွားတယ်။ ရင်ခုန်သံတွေ မြန်နေရင် အရာရာဟာ တကယ်ကို လှနေမယ်… ဆိုပဲလေ။ ငါ အတိတ်ကို ဆေးစွဲသလို စွဲနေလေသလား။ သီချင်းမှာ အကြိုက်ဆုံးစာသားက “အားလုံး မေ့လို့ရရင် ကမ္ဘာမှာ ပျော်စရာကြီးပဲ အားလုံးကို မေ့လို့ရရင် အရာရာ အဆင်ပြေသွားမယ်” ဆိုတဲ့အပိုဒ်။ ကောင်းလိုက်တာ။ မေ့ချင်လို့လေ။ အတိတ်က အရိပ်လို၊ အလိုလိုနေနေတာကို လာလာခြောက်နေတယ်။ ကိုယ့်ကိုယ်ကိုက ကြောက်စရာကောင်းအောင် ကြောက်စရာကောင်းလာတယ်။ အားလုံး မေ့လို့ရရင်…

နတ်ကိုးကွယ်သူများ

တနေ့က တင်တဲ့ status လေးကိုတော့ဖြင့် အကျယ်ချဲ့လို့ ရေးချင်သေးရဲ့။ ကျောင်းစ ပြောင်းလာတော့ ပထမဆုံး တွေ့တာက စေတီမှာ နဂါးရုပ်။ ကိုယ်က မသိပါဘူး။ ရှေးတုန်းက ထုထားတဲ့အရုပ်မှတ်တာ။ နောက်မှ စေတီပြင်တဲ့သူက သူ့ယုံကြည်မှုနဲ့ သူလုပ်သွားတာတဲ့။ အရုပ်လေးကိုတော့ဖြင့် ဘာမှ မပြောလိုပါဘူး။ သို့သော် ကံ့ကော်ဆတော်က ဘုရားနဲ့ မသင့်တော်ဘူးလို့ မိန့်ဖူးရဲ့။ တနေ့တော့ ကိုရင်လေးတပါးက အဲမှာ သွားဆော့တော့ နဂါးရုပ်ဆိုတာကြီး ထက်ပိုက်းကျိုးကျပါရော့လား။ ကိုရင်လေးပေါ်မကျတာ ကံကောင်းလို့တွေးပြီး အရုပ်လေးတွေကို ဖြုတ်ထုတ်လိုက်တယ်။ တခြားအရုပ်တွေလည်း လည်ပင်းက ကျိုးလိုကျိုး၊ ခါးက ကျိုးလိုကျိုး၊ နဲ့လိုနဲ့နဲ့ကိုး။ အမှန်က အဲလို ဖြစ်နေပုံလေးကို video ရိုက်ပြထားရမှာ။ တောင်ကြီးက သူငယ်ချင်း ဦးဇင်းတပါးကတော့ဖြင့် ဒေသထုံးစံကိုတော့ မပယ်တာကောင်းတယ်လို့ အရုပ်ကို…

စွမ်းရည်

ဒီကနေ့ မနက် အိပ်ယာထပြီး အောက်ကို ခဏဆင်း။ ပြီးတော့ မီတာ တစ်ရာလောက်ရှိတဲ့ ကိုယ့်တောင် အမြင့်ကို ပြန်တက်လာ။ အဲမှာ မောတာပဲ။ ဟောဟဲ ဟောဟဲ နဲ့ကို မောတာ။ ဆိုတော့ ပြန်စဉ်းစားရတယ်။ ငါ့ခမျာ Physical ပိုင်းဆိုင်ရာ သိပ်မထိန်းသိမ်းပါလားပေါ့။ ဟိုးလွန်ခဲ့တဲ့ ၁၆ နှစ်လောက်တုန်းက မန်းလေး ဆေးရုံကြီးကို ဆေးရုံတခါ တက်ရဖူးတယ်။ အဲဒီတုန်းက ငါ့အသက် ၃၅ နှစ်လောက်ထိ အသက်ရှင်ရင် တော်ပြီ။ ခုက စပြီး ငါ ကောင်းကောင်းမွန်မွန် နေတော့မယ်ပေါ့လေ။ အဟား။ ရင်ဘတ်နောက်က ကျောပဲ။ ရယ်လိုက်ရတာ ဖတ်ဖတ်ကို မောလို့။ သောက်လိုက်တဲ့ ဆေးလိပ်။ ထိုင်လိုက်တဲ့ ကွန်ပျူတာရှေ့။ မနှစ်ကတောင် ရန်ကုန်ဆေးရုံကြီးကို တက်လိုက်ရပြန်သေးတယ်။ အာ့တုန်းကတော့…

မြေမှာကပ်ပေါက်တဲ့ အပင်များ

ဆိုပိမ့်မညှာ စေ့စေ့နာလော့ ဂင်္ဂါသမြျှ ပွင့်ကုန်ကြသား ဘုရားသာသနာ ခေါက်အခါတွင် လူရွာနတ်၌ နင်ကြုံကြိုက်လည်း အမိုက်မချွေ အလိုက်နေ၍ အခြေမကြီး အချည်းနှီးလျှင် တီးတီးယောင်ယောင် ခုတိုင်အောင့်တည့်၊ သန်းခေါင်လကွယ် တောအုပ်လယ်၌ ရှစ်နယ်ပတ်ကုန်း အပြည့်ဖုန်းသည် မိုဃ်းလုံးတိမ်တိုက် လျှပ်မကြိုက်သား အမိုက်လေးပြား အင်လေးပါးထက် နင်ကရာထောင် မကမှောင်၏။ လူ့ဘောင်လူ့ရွာ သာသနာ၌ ကြမ္မာတော်၍ ယခုတွေ့လည်း အလေ့မလွဲ အများနဲလျှင် မိုက်မြဲနင်နင် မိုက်စရွှင်၏ မျက်မြင်လောက ဤဘဝကား ဒုက္ခစင်းစင်း ချမ်းသာကင်း၏ သေမင်းအစာ နင့်ခန္ဓာကို တဏှာဘီလူး အမှောင်ပူး၍ အရူးပြင်ပြင် နင့်ကိုထင်၏။ နင်နဲ့မဆိုင် နင်ပိုင်မဟုတ် နင့်ရုပ်နင့်နာမ် နင့်သဏ္ဍာန်ကို နင့်ဉာဏ်မစူး အပေါ်ဖြူး၍ ရူးရူးမေ့မေ့ အများလေ့ဖြင့် နေ့ရက်အပုံ လွန်ခဲ့တုန်ပြီ အာရုံဝတ္ထု မီးစာစုကို မှုမှုရရ…

Forum Theater

ခပ်တည်တည်ပဲ။ ရေးကြည့်ဦးမယ်။ သူတို့ပြောကြတာကတော့ ဒီ ပြဇာတ်ပုံစံမျိုးက မြန်မာနိုင်ငံနဲ့ အများကြီး မသင့်လျော်သေးဘူး ဆိုပဲ။ ဟုတ်မှာပါလေ။ ကျွန်တော် ကြည့်ဖူးတဲ့ အနေအထားမှာတုန်းက စင်ပေါ်တက်ချင်နေတဲ့ ကိုယ်မိုက်ခဲတွေတောင် ငြိမ်နေရတာဆိုတော့။ ဒါပေမယ့် သုံးမယ့်သူများ ရှိရင် သုံးရအောင်လို့ သို့တည်းမဟုတ် ကျွန်တော် မှတ်မိချင်လို့ ရေးကြည့်မယ်လေ။ ကျွန်တော် ကြည့်လိုက်ရတဲ့ ပုံစံကို အရင်ရေးပြမယ်။ မြန်မာဇာတ်လမ်းတွေအတိုင်းပါပဲ။ မြန်မာဇာတ်လမ်းတွေမှ ထူးထူးခြားခြား သရုပ်မဆောင်ပြတော့ ကြည့်တဲ့သူတွေလည်း ထူးထူးခြားခြား မရဘူးပေါ့ဗျာ။ ဆို တော့ စပါပြီ။ ဇာတ်လမ်းအစမှာ . . . ချောင်းတဟွတ်ဟွတ်ဆိုးနေတဲ့ အမေအိုတယောက်ကို သားက နှုတ်ဆက်စကားပြောတယ်။ “အမေ သားအလုပ်သွားတော့မယ်” သားက ကျောပိုးအိတ်လေးကိုင်ပြီး ထွက်သွားတော့မယ့်ဟန်နဲ့ ပြောတာ။ “အင်း အဟွတ် အဟွတ်၊…

3 Box Analysis

သင်တန်းတွေမှာ အသုံးပြုတဲ့ Tool လေးတစ်ခု ရေးကြည့်ပါရစေဦး။ ဒီ tool ကိုတော့ ငြိမ်းချမ်းရေး သင်တန်းတွေမှာ သုံးတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကလျာဏမိတ္တ ဖောင်ဒေးရှင်းရဲ့ ၂၀၁၇-၂၀၁၉ ခုနှစ်အတွက် Stragetic Plan ဆွဲတဲ့ နေရာမှာ သိလာခဲ့ရတာပါ။ အသုံးပြုပုံပြုနည်းကို Stragetic Plan ဆွဲနေပုံနှင့်ပဲ ရေးပြသွားပါ့မယ်။ ပထမဦးဆုံး မြန်မာနိုင်ငံ တဝန်းလုံးရဲ့ လက်ရှိ ဖြစ်ပျက်နေတဲ့ ပြဿနာများကို ဖော်ထုတ်ပါတယ်။ ဖော်ထုတ်ပုံကတော့ Column ၃ ခုပါတဲ့ ဇယားလေးတခု ဆွဲချလိုက်ပါတယ်။ အဲဒီကော်လံ သုံးခုထဲက ပထမတခုမှာ Factor of peace ဒုတိယတခုမှာ Factor of conflict တတိယတခုမှာ Actor ဆိုပြီး ပါပါတယ်။…

ကျွန်တော် ဆယ်လီ

လူဆိုတာ ကိုယ့်ကိုယ်ကို သိပ် ပစားပေးတတ်ကြတာ သဘာဝပဲ။ ကိုယ်တွေးတာမှန်။ ကိုယ်လုပ်တာမှန် စသဖြင့် ကိုယ့်ကိုယ်ကို ပစားပေးတာကိုး။ အဲ ဖြစ်လာပြီ ဆိုရင်လည်း ကိုယ့်ဒုက္ခ သိပ်ကြီးတာပဲ။ ကိုယ့်ဒုက္ခလောက် ကြီးကျယ်တဲ့ ဒုက္ခ လောကကြီးမှာ မရှိဘူးလို့တောင် ထင်တာကလား။ ကျွန်တော်မှန်ပြီး သူတို့မှားခဲ့တဲ့ အွန်လိုင်းက ပြဿနာ သို့တည်းမဟုတ် ကျွန်တော်မှားပြီး သူတို့ မှန်ခဲ့တဲ့ ပြဿနာ နောက်ထပ် သို့တည်းမဟုတ်ရရင် ကျွန်တော် အကြီးအကျယ် စိတ်ဆင်းရဲခဲ့ရတဲ့ အွန်လိုင်းက သုံးသပ်ချက်တွေ တဖန် သို့တည်းမဟုတ် ကျွန်တော် ရင်တောင် မခုန်ခဲ့တဲ့ အမုန်းတရားတွေအကြောင်း နည်းနည်း ပြန်နွေးကြည့်ချင်တယ်။ ဒီထဲက တရားလိုတွေကတော့ မေ့နေလောက်ပြီ ထင်ရဲ့။ ဘဝမှာ အကွေ့အကောက်များတဲ့သူတွေကတော့ မေ့တာပဲ။ ကျွန်တော့်ဘဝကရော ရိုးစင်းခဲ့ပါသလား။ ကံပစ်ချရာ…

အသစ်လေးများ

ဟိုအရင်တုန်းကလို မှတ်တမ်းလေးရေးဖြစ်ခဲ့မယ်ဆို ဒီနေ့မှတ်တမ်းလေးဟာ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်၊ ၁၃၇၇ ခုနှစ်၊ တပို့တွဲလဆန်း (၁၄) ရက် တနင်္လာနေ့ ဆိုတဲ့ ရက်စွဲကြီးပါပေမပေါ့။ ဒီနေ့ဟာ အဲဒီနေ့ပေါ့ကွယ်။ ပြက္ခဒိန်ထဲမှာ ပြဿဒါးမှာလား။ ရက်ရာဇာမှာလား။ ပုဏ္ဏားဖြူ ပုဏ္ဏားညိုလေမလားပဲ။ ဒါပေမယ့် ပြက္ခဒိန်က သတ်သတ် ငါက သတ်သတ်ထင်တာပါပဲ။ ဒီလိုနဲ့ ကျောင်း အသစ်လေးတစ်လုံး စတင်ဆောက်ဖြစ်တယ်။ ကျောင်းဆောင် အကျယ်အဝန်းက ပေ ၆၀ ပေ ၃၀ ပါ။ ငယ်ငယ်ကတည်းက အဆောက်အဦးတွေကို ဦးစီးရလိမ့်မယ် ဆောက်ရလိမ့်မယ်လို့လည်း တခါမှ မတွေးခဲ့ဖူးပါဘူး။ တောင်ကြီးမှာနေတုန်းကလည်း အဆောက်အဦးတွေ တောက်လျှောက် ဆောက်နေတာနဲ့ ကြုံခဲ့တယ်။ နောင်တောင်းမှာ နေတုန်းကလည်း အဲလိုပါပဲ။ အုတ်မြစ် ဘယ်လိုချတယ်။…

ဘေးကပ်ရက်ခုံလေးများ

တရက်က ဘေးကပ်ရက် ခုံလေးများကို ရေးဖြစ်ခဲ့တယ်။ တကယ့်လို့ ဒါဟာ အဲဒီပိုစ့်ရဲ့ အဆက်ဆိုရင်တော့ (၁) တွေ (၂) တွေပေါ့။ ဒါမှ မဟုတ် (၀) ကနေ စတယ်ဆိုရင် ဒီပိုစ့်ဟာ (၁) ပေါ့။ (၁) တွေ (၂) တွေလို့ခွဲလိုက်ရင် ကျွန်တော့်ဘဝကပဲ တစ်ပိုင်းစီ ဖြစ်နေသလိုလို ဖြစ်နေပြန်လိမ့်မယ်။ ဒါပေမယ့် ဆက်လျက်လည်း မဟုတ်ပြန်ဘူး။ ဘဝဟာ ပြတ်သွားလိုက်၊ ပြန်ဆက်လိုက်။ ကျသွားလိုက်။ ပြန်တက်လိုက်။ ကောက်သွားလိုက် ပြန်ဖြောင့်လိုက်။ အဲလိုလည်း ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ ရွံစရာ ပိုးတုံးလုံးလို တွန့်လိမ် တွန့်လိမ်လည်း ဖြစ်နေနိုင်တာပါပဲ။ ဒါမှမဟုတ်လည်း ဟိုအရင်တုန်းက အပေါစား ခဲတံနဲ့ အပေါစား စာရွက်မှာ ဖျတ်ခနဲ တချက်ဆောင့်ဆွဲလိုက်လို့ ထင်သလိုလို…