JQY Blog

ရှေ့သို့လှမ်းချီ

၂၀၁၅ ခုနှစ် ဒီဇင်ဘာလောက်တုန်းက ကယားပြည်နယ် ကန်ခုနှစ်ဆင့်ဘက်ကို ရောက်သွားတယ်။ ကယားပြည်နယ်ဘက်က ခင်တဲ့ ဖြူနှင်းဖွေးဆိုတဲ့ ကလေးမလေးက ခဏခဏ ပြောသကိုး။ လာခဲ့ပါ။ ကန်ခုနှစ်ဆင့်လိုက်ပို့မယ်။ ထီးပွင့်ကန်လိုက်ပို့မယ်။ ငွေတောင်ဆည်လိုက်ပို့မယ်။ နောင်ယားကန်လည်း လှတယ်။

ဘေးကပ်ရက်ခုံလေးများ

သည်ကိစ္စကို ဆက်ပြောချင်လာတယ်။ မနေ့က တင်းထက်ရွာကို သွားတယ်။ ကျောင်းသူ သုံးယောက်အပ်ထားတာလေး ရှိလို့ သူတို့ကို သွားကြိုတာ။ ကျောင်းသူသုံးယောက်ကတော့ တွေ့တွေ့ချင်း ဝမ်းနည်းပက်လက် စကားတခွန်းဆိုတယ်။ “ဘာလို့ သူတို့ဆီ ဖုန်းမဆက်တာလဲ” ဒီမေးခွန်း

စီမံကိန်းအနီးတွင်နေထိုင်ခြင်း (၁)

လူတယောက်ရဲ့ ဘဝမှာ အခြေခံအားဖြင့် လိုအပ်တဲ့ လိုအပ်ချက်က စား ဝတ် နေရေးပဲ။ ကိုယ့်အတွက် အဲဒီစားဝတ်နေရေး အဆင်ပြေအောင် လုပ်ပေးသူအပေါ်တော့ သစ္စာ ရှိရမှာပဲ။ အဲဒီသစ္စာက ဘယ်သူသေသေ ငတေမာရင် ပြီးရော

ပင်လုံအိုင်ဒိုး

ကိုယ်တွေ သင်ဖူးထားတာက ဝေဖန်ပိုင်းခြား စဉ်းစားခြင်းကို၊ သူက အဆင့်ဆင့်နဲ့ကို ရှိတာ၊ သို့ပေတဲ့ ဘယ်အသက်အရွယ်မှာမဆို တွေးနိုင်ပြန်သတဲ့ဗျား။ ကျွန်တော်ကဖြင့် ဝေဖန်ပိုင်းခြား စဉ်းစားတဲ့ အလုပ်ကို မလုပ်တတ်ပါဘူး။ ဒီလိုပဲ ရိုးရိုးကြီးတွေးလိုက်တာပဲ။ ရိုးရိုးကြီးမြင်လိုက်တာပဲ။

စာဖတ်ခန်း

စာကြည့်တိုက်ဆိုရင် အများနဲ့ ပတ်သက်နေမလား။ စာဖတ်ခန်းဆိုရင်ကော အိမ်တလုံး သို့တည်းမဟုတ် ကျောင်းဆောင်ကြီး တဆောင်ထဲက အခန်းတခန်း ဒီလိုများ ဖြစ်နေမလား။ ထောင့်အားဖြင့် ရှစ်ထောင့်၊ ထောင့်တခုချင်းစီရဲ့ အကျယ်က ၈ ပေ၊ စတုရန်းအကျယ်က

အခြားမဲ့၌

၂၀၁၇ ဒုတိယလထဲကို စဝင်လာတယ်။ စလေမှာ သင်တန်းသွားပေးတုန်းက ကြားခဲ့ရတာလေး ပြန်သတိရနေတယ်။ ပုလဲဘက်က ကောင်မလေးတယောက်က သူ့ဆရာတော်အကြောင်းပြောတယ်။ ဆရာတော်က ကျောအောင့်တယ်လို့ ပြောတယ်။ ဆေးခန်းသွားပြတော့ ရောဂါနာမည် မပြောဘဲ ဆေးပဲ ပေးလွှတ်တယ်။

အိပ်မက်

စဉ်းစားဆင်ခြင် စာသင်နည်းခေါ်တဲ့ စာသင်နည်းတခုရှိတယ်။ သူက စာတပုဒ်ကို သင်တော့မယ်ဆိုရင် အဆင့်သုံးဆင့်နဲ့ သွားပါတယ်။ ပထမအဆင့်က ကျောင်းသားတွေ သိပြီးသား အသိတွေကို နှိုးဆွပေးတာပါ။ Evocation လို့ခေါ်တယ်။ နောင်တောင်းပရဟိတက ဆရာမတယောက်ကတော့ဖြင့် အဲဒါကို

အမျှဆိုရင် သာဓုခေါ်တဲ့ လူမျိုးတွေ

လည်းနဲ့တဖုံ လှေနဲ့တမျိုး ရပ်ကျိုးရွာကျိုးသယ်ပိုးရွက်နေ အမျှဆိုရင် သာဓုခေါ်တဲ့ လူမျိုးတွေ” တဲ့။ ဖက်ဖူးဆင်သီချင်းမှာ ပါတဲ့ အပိုဒ်ကလေး။ လှူတတ်လိုက်တဲ့ လူမျိုးတွေ။ ချီးကျူးမယ်ဆိုရင် ချီးကျူးစရာပ။ ဟော ခုပေါ်လာတဲ့ အလှူအဒါန်းလုပ်စရာလေးကတော့ ပရဟိတတွေပ။

ပတိရူပဒေသဝါသောစ

ဆယ်လ်မွန်းတော့မဟုတ်ပါဘူး၊ ဆန်နိုင်သလောက်တော့ ဆန်ကြည့်တယ်။ ကိုယ်က ရေမြွေပါ။ မြွေဆိုရင် လူတွေ ကြောက်ကြတယ်မဟုတ်လား။ ဆန်တက်တဲ့အခါ ရေအောက်ကနေလည်း မဆန်တတ်ဘူး။ ရေပေါ်ကနေ ကားယားကားယား ကူးတက်တော့တာပဲ။ ဘာကြောင့်ဆန်တက်နေသလဲဆိုရင် ရေနောက်ပါသွားမှာ ကြောက်လို့။ ရေအောက်မှာ

လွယ်သလား ခက်သလားရာမ

ဒီနေ့ ဆိုက်ခေါင်စံပြကျေးရွာ ဘက်သွားပြီး ပြတင်းတံခါးရွက်လေးတွေ ဝယ်တော့ ရောင်းတဲ့ တရုတ်မက ပြောတယ်။ သူ ချော်လဲပြီးနောက် လက်တဖက်က လှုပ်လို့မရတော့ဘူး ဖြစ်နေတယ်။ သေသာသေလိုက်ချင်တယ်။ အလုပ်မလုပ်ဘဲ သူများလုပ်စာ ထိုင်စားနေရတာ ရှက်တယ်ဆိုပဲ။