မနေ့က ၂၀၁၉ ခုနှစ်အတွင်း မန်းလေးကို သုံးခေါက်မြောက်အဆင်း လုပ်ရမယ့်ကိစ္စတွေကို အမြန်အမြန်လုပ်တယ်။ ရောက်လို့ပြီးတာနဲ့ ခဏ တရေးတမောအိပ်၊ မနက်စာ လက်ဘက်ရည်ဆိုင်ထိုင်၊ ပြီးတော့ ကားလေးဘာလေးငှါးပြီး။ မေမြို့ဘက်ကိုတက်တယ်။ ကျောင်းအပ်ထားတဲ့ တူမလေးကို သွားတွေ့ပြီး လိုအပ်တာများကို ဖြည့်ဆည်းပေးခဲ့တယ်။ အဲဒီနောက် ဘုရားကြီးဘက်ပြန်လာ။ အဲဒီမှာ အပ်ထားတဲ့ ဘုရားထီး နှစ်လက်ကို နည်းနည်းပါးပါး စစ်ကြည့်ပြီး လိုချင်တဲ့ ဆွဲလည်းလေးတွေဝယ်တယ်။
မြေနီမှုန်တို့ ဆားငံရေပြေးစိမ်ခြင်း
မုန်းတော့အပြစ် ချစ်တော့အကျိုး မြတ်နိုးတော့သဒ္ဓါတဲ့။ ဒီစာကို ဒီသဘောနဲ့ရေးထားလေတော့ ဒီသဘောနဲ့ဖတ်ပါ။ ခရီးစဉ်လေးအကြောင်းရေးမယ်လုပ်တော့ တနေ့က တက်လာတဲ့ ဆရာနရနီရဲ့ Status ကို ပြေးသတိရမိတယ်။ Status ကို မြန်မာလို ဘယ်လိုဖလှယ်ရမှန်းမသိတော့ ဆရာကျော်စိန်ပြောသလို မြန်မာစကားကို မြန်မာနားလည်အောင် အင်္ဂလိပ်စာညှပ်ပြီးပြောရတယ်ဆိုတဲ့စကားကို လိုက်နာခွင့်လေး ပြုတော်မူကြပါ။ ဆရာနရနီက သူ့ Status မှာ “လူလေးသန်း ၅၀ ရှိပါတယ်။
ငှက်ဆိုးထိုးသံ
မနက် ၄ နာရီလောက်ဆို အိပ်ယာကနိုးပြီ။ ပတ်ဝန်းကျင်က သူများတွေ ရေးပြသလို တိတ်ဆိတ်မည်းမှောင် မနေဘူး။ ဖန်ချောင်းမီး လမ်းမီးတွေနဲ့ လင်းထိန်နေတယ်။ တိတ်ဆိတ်ပြီးတော့လည်း မနေဘူး။ စက်ရုံကြောင့်သာလျင် ကမ္ဘာကြီး ခေတ်မီဖွံ့ဖြိုးလာတယ်လို့ ယုံကြည်နေကြတဲ့ လူတစ်စုတို့ရဲ့ ကမ္ဘာ့ဖျက်စွမ်းအားကြီး စက်ရုံဘေးမှာ နေနေရတာကြောင့် တဝေါဝေါနဲ့ စက်ရုံသံက ဆူညံနေတယ်။ သဘာဝအရ အဲဒီအချိန်က လေဟာ အလွန်သန့်စင်တဲ့အချိန်ဖြစ်တယ်။ သို့ပေမယ့်
မြန်မာသူငယ်ချင်းများနေ့
ဒီနေ့နဲ့ပတ်သက်လို့အွန်လိုင်းပေါ် အီးလိုရော ဘားမစ်လိုပါ Googling ကြည့်တော့ ပုံမှာပါတဲ့ အဝိုင်းလေးတစ်ခုပဲကျန်တာနဲ့အောက်ဖ့်လိုင်းမှာလောင်တောင် မရှိတော့တာလား အောက်ဖ့်လိုင်းမှာ အဲသည်ထက် ဆိုးသွားလေပြီလားဆိုပြီးရယ်တော့တောမရောက် တောင်မရောက် မတွေးဖြစ်တာလေးကို ချရေးဖြစ်တယ်။ ခုတလော ရေးချင်တဲ့ စာတွေက ရေးရင်းတဝက်တပျက်မှာပဲ Stop sign နဲ့တွေ့တွေ့နေရလို့။ တခါခါတော့လည်း ပျံသန်းဖို့နေနေသာသာ တကျိကျိမြည်တဲ့ အသံလေးတောင် ထွက်မလာတာနဲ့ ဘာသာပဲ stopsign ပြလိုက်ရတာများလို့အကြောင်းဖန်တာနဲ့ အားမပါ
အောက်တန်းကျခြင်း အနုပညာ (၄)
ကိုယ့်ပေါင် ကိုယ်လှံထောင်းတဲ့ ကိစ္စနတွေကို မရေးတော့ဘူးလုပ်ပေမယ့် အဖြစ်အပျက်တွေက ကိုယ့်ရင်ကို လာလာဆောင့်ကန်နေလို့ ရေးလိုက်ပါဦးမယ်လေ။ အောက်တိုဘာလ ၅ ရက်နေ့မှာ အသိတယောက် အဲလေ တပါးက သူ့မှာ သူ့အသိ ကားဝပ်ရှော့ရှိပါတယ်ဆိုပြီး ဘယ်လိုတော်ကြောင်း တတ်ကြောင်းစာဖွဲ့ပြတာကိုး။ သည်လူက သည်လိုပဲ လေးဝါးနေကျဆိုတာ အမြဲသိပေမင့် အမြဲခံရနေကျ ကိုယ်က ယုံစားမိပြီး ကားဆီအောင့်နေတာကို GDI ပိုက်စစ်ခိုင်းလိုက်မိပါတယ်။ ကားအောက်ပိုင်းကို