Menu Close

Author: jqyprm

ပရမ်းပတာကြီးတွေပါကွာ

သိပ်မကြာသေးတဲ့ ရက်ဖြစ်တဲ့ ဒီ ၂၀၁၇ ခုနှစ် မတ်လ ၁၀ ရက်မှာ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် ဘန်းပြင်ကျေးရွာအုပ်စုဘက် အလည်ရောက်ခဲ့တယ်။ ညောင်ရွှေမြို့နယ်ဆိုတာ အင်းလေး လောက်ပဲ ရှိတယ်လို့ထင်ခဲ့တယ်။ အနောက်ဘက်တောင်ကြောရယ် အရှေ့ဘက်တောင်ကြောရယ် အဲဒီတောင်ကြားတွေထဲကရယ် ဆိုရင် တော်တော့ကို ကျယ်တဲ့ မြို့နယ်လို့ ဆိုရမှာပဲ။ အစက ဖောင်တော်ဦးဘုရားရှိတဲ့အပိုင်းရယ် ဖောင်တော်ဦးဘုရားတောင်ဘက် စံကားအင်းလို့ ခေါ်တဲ့ ဖယ်ခုံမြို့နယ်မပါတဲ့ အင်းဘေးပတ်ဝန်းကျင်လောက်ပဲလို့ ထင်တာ။ ပြီးတော့ ညောင်ရွှေမြို့နယ်လို့ ပြောလိုက်တာနဲ့ အင်းသားတွေကိုပဲ မြင်ယောင်တယ်။ ခုတော့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ပအိုဝ်းတွေ ညောင်ရွှေမြို့နယ်ထဲ ဝင်ပြိုင်ချင်ခဲ့တယ်ဆိုတာကို အပြစ်မပြောတော့ပါဘူး။ နိုင်ချင် နိုင်နေမှာပါ။ အင်းက ပါတီတခုထောင်ရလောက်အောင်လည်း လူမျိုးမများဘူးဆိုတာသိလိုက်တယ်။ ဆိုတော့ ပါတီကြီးတွေပဲ ပြိုင်နေကြတော့တာပေါ့။ အင်းထဲမှာသာ အင်းသားရှိပြီး ညောင်ရွှေမြို့နယ်…

ဘေးကပ်ရက်ခုံလေးများ

လူတွေဟာ ဆင်းသွားလိုက် တက်လာလိုက်နဲ့ ဘေးကပ်ရက်ခုံလေးမှာ လူတွေ အမျိုးမျိုး လာရောက်ပြီး ထိုင်ခဲ့ကြပါတယ်။ တပည့်လိုလူတွေ ပါသလို ဆရာလိုလူတွေလည်း ပါတယ်။ စာကို ဖတ်ကောင်းအောင် ရေးရရင် သူစိမ်းတွေ ပါသလဲ ဆွေမျိုးတွေလည်းပါတယ်။ ကိုယ့်ထက် မြင့်မြတ်သူတွေ ပါသလို နိမ့်ကျသူတွေလည်း ပါခဲ့တယ်။ ဒါက စာဖတ်မယ့်သူတွေအတွက် ရေးရတာ။ ကိုယ်ရေးချင်တာ အဲဒါတွေ မပါဘူး။ ဒီတပတ်မှာ ပြောချင်တဲ့ ဘေးကပ်ရက်ခုံလေးမှာ လာထိုင်ခဲ့ကြသူတွေကတော့ ကိုယ့်ရဲ့ ဆရာသမားတွေ ဖြစ်ပါတယ်။ ဘာကြောင့် ဆရာသမားတွေကို သတိရသလဲဆိုတော့ မနေ့ ၂၀၁၇ ခုနှစ် မတ်လ ၃ ရက် ဂဏန်းလိုရေးရင်တော့ လှတယ် (၃.၃.၂၀၁၇) ရက်မှာပေါ့။ အဲရက်မှာ တောင်ကြီးမြို့ မင်းကျောင်းကျောင်းတိုက် ဆရာတော် (မြို့နယ်ဥက္ကဌ) အေးစေတီက…

ရှေ့သို့လှမ်းချီ

၂၀၁၅ ခုနှစ် ဒီဇင်ဘာလောက်တုန်းက ကယားပြည်နယ် ကန်ခုနှစ်ဆင့်ဘက်ကို ရောက်သွားတယ်။ ကယားပြည်နယ်ဘက်က ခင်တဲ့ ဖြူနှင်းဖွေးဆိုတဲ့ ကလေးမလေးက ခဏခဏ ပြောသကိုး။ လာခဲ့ပါ။ ကန်ခုနှစ်ဆင့်လိုက်ပို့မယ်။ ထီးပွင့်ကန်လိုက်ပို့မယ်။ ငွေတောင်ဆည်လိုက်ပို့မယ်။ နောင်ယားကန်လည်း လှတယ်။ လောပိတကိုလည်း ရောက်ဖူးသင့်တယ် အမြဲပြောသကိုး။ သူကတော့ဖြင့် တခါပဲ ပို့ဖူးတယ်။ ၂၀၁၂ လောက်က ထင်ပါရဲ့။ ဂလိုနဲ့ တိုက်တိုက်ဆိုင်ဆိုင် GSMI က သင်တန်းသားဟောင်းတွေ့ဆုံပွဲကို အိပ်မက်ဆုံရာက အဆိုတော် တယောက်ထွက်ပေါ်ခဲ့တဲ့ ဆိုဘောသဲရွာကလေးမှာ လုပ်ဖြစ်တော့ ကယားပြည်နယ်ကို ရောက်ဖြစ်ခဲ့ရင်း ရောက်လက်စနဲ့ Exposure လုပ်တော့ ကန်ခုနှစ်ဆင့်ကို ရောက်ခဲ့ရော။ လူတိုင်းလိုလိုပဲ အမှတ်တရ ဓာတ်ပုံရိုက်ကြတဲ့အချိန် ကျနော်က ကမ်းစပ်က အမှိုက်တွေကို တခုတ်တရကြီး ဓာတ်ပုံရိုက်လိုက်ရော။ ဆရာမ အိုင်ရင်းက မေးတယ်။…

ဘေးကပ်ရက်ခုံလေးများ

သည်ကိစ္စကို ဆက်ပြောချင်လာတယ်။ မနေ့က တင်းထက်ရွာကို သွားတယ်။ ကျောင်းသူ သုံးယောက်အပ်ထားတာလေး ရှိလို့ သူတို့ကို သွားကြိုတာ။ ကျောင်းသူသုံးယောက်ကတော့ တွေ့တွေ့ချင်း ဝမ်းနည်းပက်လက် စကားတခွန်းဆိုတယ်။ “ဘာလို့ သူတို့ဆီ ဖုန်းမဆက်တာလဲ” ဒီမေးခွန်း အမေးခံရတော့ တူမ အရင်းခေါက်ခေါက်ကလည်း ဖုန်းဆက်တာနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို ဝေဖန်ဖူးတယ်။ “ဦးဇင်းဆီ ဖုန်းမဆက်ချင်ပါဘူး။ ဖုန်းက မဆက်ရသေးဘူး။ ဖုန်းချချင်နေပြီ။ စကားပြောရင်လည်း စိတ်မပါသလိုလိုနဲ့” ဆိုတော့ ကိုယ့်အားနည်းချက်ကို ကိုယ်သိလိုက်ရတယ်။ ဒါ ငါ့အားနည်းချက်ပါလားလို့ တွေးမိရင်း အပြန်မှာ တင်းထက်ဆရာတော်ကို နှုတ်မဆက်ခဲ့ပြန်ဘူး ဝါးလီးလောက်ရောက်မှ အမှန် ငါနှုတ်ဆက်ခဲ့သင့်တာလို့ တွေးမိပြန်တယ်။ ကိုယ်မှားသွားပေမယ့် ကိုယ့်ကိုယ်ကိုပဲ ဖြေတွေးပါတယ်။ ဆရာတော်ကြီးက အလုပ်များနေတာ။ ငါသွားနှုတ်ဆက်ခြင်းအားဖြင့် မနှောက်ယှက်သင့်ဘူး။ ပြီးတော့ သူ ငါ့ကို…

စီမံကိန်းအနီးတွင်နေထိုင်ခြင်း (၁)

လူတယောက်ရဲ့ ဘဝမှာ အခြေခံအားဖြင့် လိုအပ်တဲ့ လိုအပ်ချက်က စား ဝတ် နေရေးပဲ။ ကိုယ့်အတွက် အဲဒီစားဝတ်နေရေး အဆင်ပြေအောင် လုပ်ပေးသူအပေါ်တော့ သစ္စာ ရှိရမှာပဲ။ အဲဒီသစ္စာက ဘယ်သူသေသေ ငတေမာရင် ပြီးရော ဖြစ်နေခဲ့ရင်တောင်မှပေါ့။ လူတိုင်းမှာ ဖြစ်နိုင်တာ မဖြစ်နိုင်တာ အသာထား။ လိုအင်တွေက ကမ်းခြေမှာ အပန်းဖြေတာ၊ ပင်လယ်စာလေး စားချင်တာ။ တခြားနိုင်ငံတွေကို အလည်အပတ် သွားချင်တာ၊ ကားအကောင်းကြီး စီးချင်တာ၊ တိုက်ကြီး တာကြီး အကြီးကြီးနဲ့ တခန်းတနားနေချင်တာကတော့ လူတိုင်းရဲ့ ဆန္ဒပါပဲ။ အဲဒီလိုအင်က မရပ်မနားသွားနေတဲ့အပြင် ကန့်သတ်ခြားနားတဲ့ နယ်ခြားမျဉ်းလည်း မရှိပါဘူး။ တချို့ကျပြန်တော့လည်း စည်းစိမ်တွေ ဟုတ်ချင်မှ ဟုတ်ပေမပေါ့။ အမိန့် အာဏာလည်း ဖြစ်ချင် ဖြစ်နေမှာ။ ခိုင်းတတ်တဲ့သူများအတွက် ငွေရှိရင် လူတွေအများကြီးကို…

ပင်လုံအိုင်ဒိုး

ကိုယ်တွေ သင်ဖူးထားတာက ဝေဖန်ပိုင်းခြား စဉ်းစားခြင်းကို၊ သူက အဆင့်ဆင့်နဲ့ကို ရှိတာ၊ သို့ပေတဲ့ ဘယ်အသက်အရွယ်မှာမဆို တွေးနိုင်ပြန်သတဲ့ဗျား။ ကျွန်တော်ကဖြင့် ဝေဖန်ပိုင်းခြား စဉ်းစားတဲ့ အလုပ်ကို မလုပ်တတ်ပါဘူး။ ဒီလိုပဲ ရိုးရိုးကြီးတွေးလိုက်တာပဲ။ ရိုးရိုးကြီးမြင်လိုက်တာပဲ။ အဲလို မြင်တတ် တဲ့သူများတွေးပြလိုက်ရင်ဖြင့် အော်ဟုတ်ကိုနေတာပဲလို့ သိလိုက်ရတာချည့်။ ခုလည်းကြည့် ဒီ ၂၀၁၇ ဖေဖော်ဝါရီမှာ Hot ဖြစ်တဲ့ Issue ကိုကြည့်။ Myanmar Idol ရယ်၊ ဒုတိယအကြိမ် ပင်လုံမှာ ကျင်းပတဲ့ ဒုတိယပင်လုံညီလာခံရယ်ကို ရွှေဘိုမြို့ ရွှေခြင်္သေ့ဆရာတော်က တွေးပြလိုက်တာ ဟုတ်ကို နေတာပဲ။  သူက ပြောတယ်၊ မြန်မာအိုင်ဒေါရယ် ပင်လုံပွဲရယ် ကြည့်ရတာ တူသလိုလို ဆိုပြီး ဖေဖော်ဝါရီ ၁၃ ရက် ညနေ ၇…

စာဖတ်ခန်း

စာကြည့်တိုက်ဆိုရင် အများနဲ့ ပတ်သက်နေမလား။ စာဖတ်ခန်းဆိုရင်ကော အိမ်တလုံး သို့တည်းမဟုတ် ကျောင်းဆောင်ကြီး တဆောင်ထဲက အခန်းတခန်း ဒီလိုများ ဖြစ်နေမလား။ ထောင့်အားဖြင့် ရှစ်ထောင့်၊ ထောင့်တခုချင်းစီရဲ့ အကျယ်က ၈ ပေ၊ စတုရန်းအကျယ်က ပေပေါင်း ၃၉၀ လောက်ရှိတဲ့ အဆောင်လေးတခုကို စာအုပ်တွေ ထည့်ထားမယ်။ ကျွန်တော်သိတဲ့သူတွေ ဆွဲတဲ့ ပန်းချီတွေ ဝယ်ထည့်မယ်။ ကျွန်တော် သိတဲ့ ဓာတ်ပုံဆရာတွေရဲ့ ဓာတ်ပုံတွေ ဝယ်ထည့်မယ်။ ပန်းအမြဲပွင့်တဲ့ ပန်းမျိုးစိပ်လေးရှိရင် ထည့်ထားမယ်။ ဆောင်းဘောက်လေးတခု ထည့်ထားမယ်။ အဲဒီကနေ သာယာငြိမ့်ညောင်းတဲ့ တီးလုံးလေးတွေ ဖွင့်ထားမယ်။ ဂစ်တာရှိမယ်။ မှတ်စုရေးချင်တာအတွက်ဖြစ်ဖြစ် တစုံတရာ မှတ်ချင်တာဖြစ်ဖြစ် သုံးလို့ရအောင် ကွန်ပျူတာလေး တလုံးထားမယ်။ စားပွဲကြီးကြီးတလုံးတော့ ရှိမယ်။ လာဖတ်ချင်သူများရှိရင် ထိုင်ချင်ရင်ထိုင်ဖို့ပေါ့။ အပြင်မှာတော့ ပန်းခင်းလေး…

အခြားမဲ့၌

၂၀၁၇ ဒုတိယလထဲကို စဝင်လာတယ်။ စလေမှာ သင်တန်းသွားပေးတုန်းက ကြားခဲ့ရတာလေး ပြန်သတိရနေတယ်။ ပုလဲဘက်က ကောင်မလေးတယောက်က သူ့ဆရာတော်အကြောင်းပြောတယ်။ ဆရာတော်က ကျောအောင့်တယ်လို့ ပြောတယ်။ ဆေးခန်းသွားပြတော့ ရောဂါနာမည် မပြောဘဲ ဆေးပဲ ပေးလွှတ်တယ်။ ကြာလာတော့ မဖြစ်ချေဘူးဆိုပြီး မန္တလေးဆေးရုံသွားပြတော့ အဆုတ်ကင်ဆာဆိုတာ သိရတယ် တဲ့။ နောက်ကျသွားပြီ။ ဆရာတော်က ငယ်ငယ်က ဆေးလိပ်သောက်ထားဖူးလို့ ဖြစ်သွားတာဆိုပဲ။ နောက်ဇာတ်လမ်းတစ်ပုဒ်ကလည်း မန္တလေးမှာပဲ။ သူငယ်ချင်း မင်းခန့်သူက တရုတ်ပြည်သွားမှာကို ဦးဇင်းတပါး ဆေးရုံ စောင့်ပေးဖို့ ရှိတာနဲ့ မသွားဖြစ်တော့ဘူး။ ဦးဇင်းက ဆေးလိပ်ဖြတ်လိုက်တာ ၂ နှစ်ရှိပြီ။ အောက်နှုတ်ခမ်းမှာ အပူဖုလေးလိုလို ဖုပြီး နာနေတာ။ ရိုးရိုး အပူဖုမှတ်ပြီး ဆေးမကုဘဲ နေခဲ့တယ်။ နောက်ဘုက လည်ပင်းနားမှာလည်း ပေါ်လာတယ်။ ဒါနဲ့…

အိပ်မက်

စဉ်းစားဆင်ခြင် စာသင်နည်းခေါ်တဲ့ စာသင်နည်းတခုရှိတယ်။ သူက စာတပုဒ်ကို သင်တော့မယ်ဆိုရင် အဆင့်သုံးဆင့်နဲ့ သွားပါတယ်။ ပထမအဆင့်က ကျောင်းသားတွေ သိပြီးသား အသိတွေကို နှိုးဆွပေးတာပါ။ Evocation လို့ခေါ်တယ်။ နောင်တောင်းပရဟိတက ဆရာမတယောက်ကတော့ဖြင့် အဲဒါကို သူက အသိဟောင်းဖော်ထုတ်တယ်လို့ ပြောလေ့ရှိပါတယ်။ စာနဲ့ ပတ်သက်တဲ့ အသိလေးဟောင်းလေးတွေ ဆွဲထုတ်ပြီးပြီဆိုရင်ဖြင့် တကယ်သင်မယ့်စာကို သင်ကြားနည်းတခုခုနဲ့ သိအောင် လုပ်လိုက်ပါတယ်။ အဲဒါကို အသိသစ် ဖော်ထုတ်တယ်လို့ ခေါ်တယ်။ ဘိုလိုကျတော့ Realization ဖြစ်ပါတယ်။ ပြီးတော့ အသိဟောင်းနဲ့ အသိသစ်ကို ဆက်စပ်ပြီး ရလာဘ်ထုတ်တယ်။ အဲဒီရလာဘ်က ဘဝအတွက် အသုံးကျစေတဲ့ မမေ့နိုင်တဲ့ အချက်ကလေး အလိုလို ဖြစ်သွားတတ်တယ်။ သူတို့အခေါ်ကတော့ ရာသက်ပန် သင်ယူခြင်းလို့ ခေါ်တယ်။ ဒီလို အဆင့်သုံးဆင့်နဲ့သင်ကြတာကို စဉ်းစားဆင်ခြင်…

အမျှဆိုရင် သာဓုခေါ်တဲ့ လူမျိုးတွေ

လည်းနဲ့တဖုံ လှေနဲ့တမျိုး ရပ်ကျိုးရွာကျိုးသယ်ပိုးရွက်နေ အမျှဆိုရင် သာဓုခေါ်တဲ့ လူမျိုးတွေ” တဲ့။ ဖက်ဖူးဆင်သီချင်းမှာ ပါတဲ့ အပိုဒ်ကလေး။ လှူတတ်လိုက်တဲ့ လူမျိုးတွေ။ ချီးကျူးမယ်ဆိုရင် ချီးကျူးစရာပ။ ဟော ခုပေါ်လာတဲ့ အလှူအဒါန်းလုပ်စရာလေးကတော့ ပရဟိတတွေပ။ ပေါလည်းပေါလိုက်ပါတဲ့ ပရဟိတ။ ကျွန်တော်တို့ကိုယ်တိုင်တောင်မှ ဖွဲ့ထားလိုက်ပါသေးရဲ့။ တနေ့တော့ လက်မှတ်ထိုး ကမ်ပိန်းတခုက မေးလာတယ်။ “ဦးဂျေအနေနဲ့ ပရဟိတတော့ ဆက်လုပ်မှာပဲလို့ ယုံကြည်ပါတယ်။ အခု ဦးဂျေတို့အဖွဲ့နာမည်က ဘယ်လိုလဲ” လို့ မေးလာတာနဲ့ နာမည်တခု ကောက်ပေးလိုက်မိတယ်။ ဒီလိုပါပဲ။ မြန်မာနိုင်ငံမှာ နောက်ထပ် အပေါဆုံးကတော့ ပရဟိတထင်တာပဲ။ ပရဟိတအဖွဲ့အမည်ခံအဖွဲ့တွေမှာ ကိုယ်နဲ့ ယှက်နွယ်နေသလောက်ကတော့ ကိုယ်ကိုယ်တိုင် ဖွဲ့ထားတဲ့ “မြန်မာသူငယ်ချင်းများနေ့” ဆိုတဲ့ အဖွဲ့ရှိတယ်။ ပထမဆုံး အွန်လိုင်းပေါ်မှာ အလွယ်တကူဖွဲ့လို့ရတာနဲ့ ဖွဲ့လိုက်တာ။ နောက်တော့…