Menu Close

Author: jqyprm

ဗုဒ္ဓဖြစ်စဉ် (၆)

ဘုရားဆုပန်သူပေါ်လာပြီးတဲ့နောက် အဲဒီဘုရားလောင်းအတွက် ကမ္ဘာကိုစောင့်ကြည့်တဲ့ ဗြဟ္မာ ဘိုးသက်ရှည်ကြီးတွေဟာ ကမ္ဘာတစ်ခုဖြစ်တည်ရင် တစ်ကမ္ဘာလို့ စတင်ရေတွက်မှတ်တမ်းတင်ပါတယ်။ အဲဒီကမ္ဘာပျက်လို့ နောက်ဒုတိယကမ္ဘာပေါ်လာရင်နှစ်ကမ္ဘာလို့ ထပ်မံတွက်ပါတယ်။ တတိယကမ္ဘာရောက်လာရင် သုံးကမ္ဘာစသဖြင့်ပေါ့။ လေးငါကမ္ဘာ ၊ ငါးကမ္ဘာ၊ ခြောက်ကမ္ဘာ၊ (လ) သိန်း၊ သန်း၊ ကုဋေ စသဖြင့် ကမ္ဘာတစ်လုံးချင်းစီ တွက်သွားပါတယ်။ ကုဋေနောက်မှာ တွက်လို့ရတဲ့ သင်္ချာအရေအတွက်ပေါင်း ၁၄ မျိုးရှိပါသေးတယ်။ သုညအလုံးပေါင်း ၁၄၀ သုအထိတွက်လို့ရတယ်။ အဲဒီကနေဆက်တွက်ဦးဗျာ။ အဲလို မှတ်တမ်းတင်ရင်းနေ ဂဏန်းအရေအတွက်ဟာ ရှုပ်ထွေးလာတယ်။ များပြားလာတယ်။ မှတ်သားရခက်လာတယ်။ ငါတို့ရဲ့ ဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်၊ ဘောင်၊ ဘောစတဲ့ ဗြဟ္မာတွေတွက်ထားတဲ့ သင်္ချာအရေအတွက်ကို ငါတို့မမှတ်နိုင်တော့ဘူး။ အသစ်ကနေ ပြန်မှတ်ရအောင်ကွာလို့။ နောက်မှ ရောက်လာတဲ့ဗြဟ္မာတွေဟာ ကမ္ဘာကို…

ဗုဒ္ဓဖြစ်စဉ် (၅)

ဟာ……. တစ်နေ့ကမှ ဘုရားပွင့်ပြီးတယ်။ ဒီနေ့နောက်တစ်ဆူပွင့်ပြန်ပြီလားလို့ ကာလနဂါး ညည်းညူပြီးတဲ့နောက် မြတ်စွာဘုရားရဲ့ ဂုဏ်တော်ကို ဂါထာပေါင်းများစွာဖြင့် ချီးကျူးပါတယ်။ ဒီအသံကို စောင့်နေတဲ့ နတ်များကလည်း အသံကို ကြားပြီးနောက် မြတ်စွားဘုရားရဲ့ ဂုဏ်တော်ကို ချီးကျူးပါတယ်။ အလောင်းတော်ဟာ သုဇာတာကပ်တဲ့ ဆွမ်းကိုဘုဉ်းပေးပြီးနောက် ဗောဓိပင်ရှိရာကို သွားခဲ့ပါတယ။် အဲဒီနေ့မှာ သောတ္ထိယကလည်း တောကနေ မြက်ရှစ်ဆုပ်ထမ်းပြီး ပြန်အလာဖြစ်နေတော့ လမ်းခုလတ်မှာ ဆုံတယ်။ အလောင်းတော်က မြက်ကိုအလိုရှိဟန်ပြတာနဲ့ သောတ္ထိယက မြက်ရှစ်ဆုပ်လှူပါတယ်။ သောတ္ထိယက ဘာမှန်း ညာမှန်းမသိဘဲနဲ့ လှူရသလားလိုတော့ မေးစရာရှိပါတယ်။ အဲဒီအချိန်မှာ အိန္ဒိယမှာ ဘုရားပေါင်း အဆူ (၂၀) ကျော်လောက်ကို ပွင့်နေတာပါ။ ဒါကြောင့်သောတ္ထိယက လှူလိုက်တာ။ အဲဒီမြက်ရှစ်ဆုပ်ကို ဗောဓိပင်မှာ နေရာရွေးပြီး အရှေ့ဘက်မျက်နှာမှာ မြက်ကို ကြဲချလိုက်တော့ ပလ္လင်ပေါ်လာပါတယ်။…

ဗုဒ္ဓဖြစ်စဉ် (၄)

“ဟာ ဘုရားက မနေ့ကမှ တစ်ဆူပွင့်ပြီးတာ။ ဒီနေ့နောက်တစ်ဆူထပ်ပွင့် ပြန်ပြီလား ဘုရားက ခဏခဏပွင့်နေတာပဲ” ဟုတ်တာပေါ့။ ကာလနဂါးအတွက်တော့ သိပ်ဟုတ်တာပေါ့။ သူက ဘုရားတစ်ဆူနဲ့ တစ်ဆူကြားကာလတစ်ခုလုံးအိပ်တဲ့နဂါးပဲ။ တကယ်တမ်းဒီဘုရားနဲ့ ရှေ့ဘုရားအကြား အန္တရကပ်တစ်ကပ်တောင်ကြာတယ်။ ပြီးတော့ သူပြောသလို ဘုရားခဏခဏပွင့်တာမဟုတ်ပါဘူး။ အလောင်းတော်သိဒ္ဓတ္ထဟာဆိုရင် တောထွက်ပြီး အာဠာရရသေ့ဆီမှာ ပညာဆည်းပူးပြီးကျင့်တယ်။ ဥဒကရသေ့ဆီမှာ ပညာဆည်းပူးပြီးကျင့်တယ်။ ဒါပေမယ့် အထက်ရသေ့နှစ်ပါးရဲ့အကျင့်ဟာ မအိုရာ မနာရာ မသေရာဖြစ်တဲ့ နိဗ္ဗာန်ကို ရောက်စေတတ်တဲ့အကျင့်မဟုတ်ဘူးဆိုတာသိတဲ့ အလောင်းတော် ဟာ သူတို့ကို ခွာခဲ့ပြီး တကိုယ်တော်ကျင့်ပါတယ်။ ခြိုးခြိုးခြံခြံကျင့်လေတော့ သွေးသားများခြောက်ခမ်းပြီး လက်နဲ့အသားကိုသပ်ကြည့်ရင်တောင် မွေးညင်းတွေ ကျွတ်ပြီးပါလာပါတယ်။ အဲတုန်းက ပါရမီနုတဲ့နတ်များ အမျိုးမျိုးကဲ့ရဲ့ ကြသေးတယ်။ တစ်နေ့အလောင်းတော်ထိုင်နေရင်း လဲကျသွားပါတယ်။ တစ်ချို့နတ်က သုဒ္ဓေါဒနကိုသွားပြီး သင့်သားဘုရားမဖြစ်ဘဲ သေပြီလို့ သွားပြောကြသေးတယ်။ နတ်တပါးကလာပြီး…

ဗုဒ္ဓဖြစ်စဉ် (၃)

၃၃၄၅၆၉ ဆက်မြောက် မင်းအဖြစ် ကပ္ပိလ၀တ်ပြည်ကို အုပ်ချုပ်စိုးစံတဲ့ အလောင်းတော် သိဒ္ဓတ္ထဟာ နန်းသက် ၁၃ နှစ်မြောက် ဖြစ်တဲ့ ၉၆ ခုနှစ် ၀ါဆိုလပြည့်နေ့မှာ ရဟန္တာဗြဟ္မာကြီးများ ဖန်ဆင်းတဲ့ သူအိုနိမိတ်ကို စတင်မြင်ခဲ့ပါတယ်။ ဖခင် သုဒ္ဓေါဒနကတော့ သားဖြစ်သူ နိမိတ်တစ်ပါးကို မြင်ပြီဆိုတာနဲ့ နတ်မကတဲ့ စည်းစိမ်တွေကို ဖန်တီးပေးပါတော့တယ်။ ဒါပေမယ့် နတ်တွေကြောင့် အလောင်းတော်ဟာ လေးလတစ်ကြိမ် နိမိတ်တစ်ပါးစီ မြင်ခဲ့ပါတယ်။ နောက်ဆုံး ရဟန်းနိမိတ်ကို မြင်တဲ့နေ့ဟာ ၉၇ ခုနှစ် ၀ါဆိုလပြည့် တနင်္လာနေ့ပါ။ အဲဒီနေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ယသောဓရာက ရာဟုလာကို မျက်နှာမြင်ခဲ့ပါတယ်။ ညရောက်တော့ အလောင်းတော် စဉ်းစားတယ်။ အချစ်။ သို့မဟုတ် ကာမ။ အသားကို ပြောင်အောင် ခွာထားတဲ့ အရိုးကို အသားနံ့လေး…

ဗုဒ္ဓဖြစ်စဉ် (၂)

အသက် ၅၅ နှစ်နှင့် လေး လရှိပြီဖြစ်တဲ့ သီရိမဟာ ဘွဲ့ရ တောင်ညာစံ မာယာမင်းသမီး ဟာ ခြောက်ရက်လုံးလုံး ပွဲသဘင်ကို ပျော်ပါးပြီးတဲ့နောက် ညမှာ အိပ်စက်ခဲ့ပါတယ်။ အိပ်မပျော့်တပျော်အချိန်မှာ ရွှေတောင်တစ်တောင်ဆီက ဆင်ဖြူတော် တစ်ကောင်ဟာ မာယာမင်းသမီးကို လက်ျာရစ် သုံးပတ်ပတ်ပြီး လက်ျာနံပါး ခွဲပြီး ၀င်လာခဲ့တယ်လို့ အိပ်မက် မက်ပါတယ်။ အဲဒီအချိန်က စပြီး စတုမဟာရာဇ်နတ်တွေက မာယာမင်းသမီးကို မပြတ်စောင့်ရှောက်ခဲ့ပါတယ်။ (ဒီနေရာမှာ ပြောချင်တာက ဗုဒ္ဓသမိုင်းကို မြန်မာတွေ ဖျက်ဆီးလိုက်ပုံလေးပါ။ ရာဇ၀င်စာအုပ်တွေ ဖတ်ဖူးကြမယ်ထင်ပါတယ်။ ပုဂံသမိုင်းမှာ ပုဂံမြို့ကို နတ်နဂါးတွေက တည်ပေးခဲ့တယ်။ အနော်ရထာဘုရင်ကို နတ်ကျွဲခတ်တယ် စတဲ့ စကားရပ်တွေက ဗုဒ္ဓသမိုင်းမှာ နတ်တွေ ပါဝင်ခဲ့တာကို ပျက်ပြယ်စေခဲ့ပါတယ် “ထားပါ” ) မာယာမင်းသမီးဟာ အလောင်းတော်ကို…

ဗုဒ္ဓဖြစ်စဉ် (၁)

လွန်ခဲ့ သော နှစ်ပေါင်း ၂၆၃၀ ကျော်ကပေါ့။ တုသိတာ နတ်ပြည်မှာ နတ်တွေက သေတကေတု အမည်ရှိတဲ့ နတ်ဆီ ကို သွားပြီး “အသင်နတ်သား လူပြည်ဆင်းပြီး ဘုရားဖြစ်ချိန်တန်ပါပြီ” ၀ိုင်းဝန်းတောင်ပန်ကြတယ်။ သေတကေတု နတ်သားက လူ့ပြည်ကို လှမ်းကြည့်လိုက်တယ်။ ဘုရား ဖြစ်ဖို့အတွက် ကျိုးကြောင်း သင့်မသင့် ကြည့်လိုက်ပါတယ်။ လူ့သက်တမ်းက ဘယ်လိုလဲ။ တိုလာပြီ။ တဖြည်းဖြည်းတိုလာလိုက်တာ ၁၀၀ သက်တမ်းရောက်နေပြီ။ ဆုတ်ကပ်-။ ကျွန်း ဘယ်ကျွန်းမှာ ပွင့်ရမလဲ။ အရှေ့ကျွန်းသားရဲ့ အသက်က (၇၀၀) အနောက်ကျွန်းသား အသက်က (၅၀၀) မြောက်ကျွန်းသားအသက်က (၁၀၀၀) ကွက်တိ။ မပို မလိုဘူး။ သူတို့က ငါးပါးသီလကို လုံးဝလုံခြုံနေတယ်။ ရောဂါဘယလုံးဝမဖြစ်ဘူး။ တောင်ကျွန်းက မဟုတ်ဘူး။ အသက်က ရှည်လိုက်။…