Menu Close

Author: jqyprm

Unicodeရဲ့ အားနည်းချက်

Normal 0 false false false EN-US X-NONE X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin-top:0in; mso-para-margin-right:0in; mso-para-margin-bottom:8.0pt; mso-para-margin-left:0in; line-height:107%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,sans-serif; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin;} အားသာချက်တွေ နင်းကန်ရေးနေလို့ အားနည်းချက်ကလေး ရေးကြည့်တာပါ။ ကျနော်က သာမန်အသုံးပြုသူတယောက်ပါ။ ရုပ်ရှင်တွေထဲမှာ ထူးထူးဆန်းဆန်းတွေ့ရင် ကွန်ပျူတာနဲ့ လုပ်ထားတာကြီးဟ လို့ပြောတတ်တဲ့ သူတယောက်မျှလည်း ဖြစ်ပါတယ်။ နောက် သူတို့ပြောပြောနေတဲ့ encoding ဆိုတာတွေနဲ့ Standard ဆိုတာတွေကို…

တောဘုန်းကြီးနှင့် ကုမ္ပဏီများ

ထုံးစံအတိုင်း တောမှာနေတဲ့အတွက် ပထမဆုံး မလွဲမသွေအထင်ခံရတာကတော့ “တောဘုန်းကြီးတွေ ဘာမှမသိဘူး” ဆိုတဲ့အချက်ပဲ။ တနေ့သား ကျောင်းရဲ့ အတောင်ဘက် နှစ်မိုင်အကွာလောက်မှာ FMI က စည်သွပ်ဗူး စက်ရုံအတွက် မြေနေရာ ဝယ်ထားတယ်။ အဲမှာ အစောင့်ကျတဲ့ ဝန်ထမ်းက ဒေသခံတွေ လုပ်တဲ့အလုပ်ကို ဝန်ထမ်းပီပီ လိုက်လုပ်တယ်။ အဲဒါက သင်္ကြန်ပြီး ပရိတ်တရားနာတယ်ပေါ့။ ရယ်တော့ရယ်ရသား။ အော်လီဂါခီတွေရဲ့ လှည့်ကွက်တွေက သိပ်ပိရိသေသပ်လှသကိုး။ ဝန်ထမ်းကလေးတွေကို EIA ခွင့်ပြုချက် ရပြီလားလို့ မေးလိုက်တယ်။ ဘာတွေ လျှောက်ဖြေနေကြလဲ မသိဘူး။ ကိုယ့်ကို ကန့်ကွက်မယ့်သူ ဖြစ်နိုင်တယ်လို့ သူတို့တွေးသွားပုံရပါတယ်။ တလောက facebook ပေါ် status ကလေးတခု တင်လိုက်တယ်။ June 14 ရက်ကပါ။ “တပည့်တော်တို့က ဗီယက်နမ်ဖုန်းလိုင်းကပါ ဘုရား၊…

နောင်တောင်း (၁)

ကျွန်တော် နေမယ်လို့ရည်ရွယ်ပြီး နောင်တောင်းကို ရောက်ခဲ့တဲ့ရက်က ၂၀၁၁ သြဂုတ်လ ၁၄ ရက် စနေနေ့ပေါ့။ နောင်တောင်းဆိုတာက ဘုန်းတော်ကြီးကျောင်းကို အခြေခံထားတဲ့ စာသင်ကျောင်း။ အားလုံးနားလည်တဲ့ အခေါ်နဲ့ဆို ဘုန်းတော်ကြီးသင် ပညာရေးကျောင်း။ တည်နေရာက ရှမ်းပြည်နယ်ထဲမှာ။ အရင်အစိုးရလက်ထက်က စကားနဲ့ပြောရင်တော့ ရှမ်းပြည်တောင်ပိုင်း။ တောင်ပိုင်းလို့ ပြောပြော ရှမ်းပြည်လို့ ပြောပြော ချက်ချင်းသတိထားမိလိုက်တာက တောင်ကြီး။ နောင်တောင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းက တောင်ကြီးရဲ့ ဘယ်ဘက်မှာလဲ။ တောင်ကြီးရဲ့ အရှေ့ဘက်မှာရှိတယ်။ တောင်ကြီးရဲ့ အရှေ့ဘက်မှာက ဟိုပုံးမြို့ရှိတယ်မလား။ ဟိုပုံးမြို့ထဲမှာပေါ့။ မဟုတ်သေးဘူး။ ဟိုပုံးမြို့နဲ့တော့ နီးတယ်။ ဟိုပုံးမြို့ရဲ့ အရှေ့ဘက် မြို့အထွက်နားလေးမှာ မြောက်ဘက် မိုင်းပျဉ်းကိုသွားတဲ့ ကားလမ်းရှိတယ်။ အဲဒီကားလမ်းဘေးမှာ ရှိတာ။ မိုင်းပျဉ်းလမ်းကတော့ မိုင်းပျဉ်းအထိဆို အရှည်ကြီးရှိမှာပဲ။ လမ်းတဝက်မှာလား။ လမ်းအစမှာလား။ အဆုံးမှာလား။…

နောင်တောင်း (၁)

ကျွန်တော် နေမယ်လို့ရည်ရွယ်ပြီး နောင်တောင်းကို ရောက်ခဲ့တဲ့ရက်က ၂၀၁၁ သြဂုတ်လ ၁၄ ရက် စနေနေ့ပေါ့။ နောင်တောင်းဆိုတာက ဘုန်းတော်ကြီးကျောင်းကို အခြေခံထားတဲ့ စာသင်ကျောင်း။ အားလုံးနားလည်တဲ့ အခေါ်နဲ့ဆို ဘုန်းတော်ကြီးသင် ပညာရေးကျောင်း။ တည်နေရာက ရှမ်းပြည်နယ်ထဲမှာ။ အရင်အစိုးရလက်ထက်က စကားနဲ့ပြောရင်တော့ ရှမ်းပြည်တောင်ပိုင်း။ တောင်ပိုင်းလို့ ပြောပြော ရှမ်းပြည်လို့ ပြောပြော ချက်ချင်းသတိထားမိလိုက်တာက တောင်ကြီး။ နောင်တောင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းက တောင်ကြီးရဲ့ ဘယ်ဘက်မှာလဲ။ တောင်ကြီးရဲ့ အရှေ့ဘက်မှာရှိတယ်။ တောင်ကြီးရဲ့ အရှေ့ဘက်မှာက ဟိုပုံးမြို့ရှိတယ်မလား။ ဟိုပုံးမြို့ထဲမှာပေါ့။ မဟုတ်သေးဘူး။ ဟိုပုံးမြို့နဲ့တော့ နီးတယ်။ ဟိုပုံးမြို့ရဲ့ အရှေ့ဘက် မြို့အထွက်နားလေးမှာ မြောက်ဘက် မိုင်းပျဉ်းကိုသွားတဲ့ ကားလမ်းရှိတယ်။ အဲဒီကားလမ်းဘေးမှာ ရှိတာ။ မိုင်းပျဉ်းလမ်းကတော့ မိုင်းပျဉ်းအထိဆို အရှည်ကြီးရှိမှာပဲ။ လမ်းတဝက်မှာလား။ လမ်းအစမှာလား။ အဆုံးမှာလား။…

တောဘုန်းကြီးနှင့် နတ်ဒေဝါများ

“အရှင်ဘုရားတို့ ဘုန်းကြီးတွေက အလုပ်မရှိတော့ တရားထိုင်သင့်တယ် ဘုရား” “ဟင်” ဆိုပြီး စိတ်ထဲ တော်တော်ခုသွားတယ်။ အေးလေ ထားပါတော့ဆိုပြီး အောင့်အီးနားထောင်တယ်။ ဘယ့်နှယ် ကိုယ့်မှာ နေရင်းထိုင်ရင်း အလုပ်လက်မဲ့ ဘဝရောက်ရတယ်လို့။ အများကလည်း အဲလို မြင်နေကျဆိုတော့ ခုပေမယ့်လည်း ခုရုံပဲမို့ ခုခုနဲ့ပဲ သည်းခံလိုက်တယ်။ သည်းမခံလို့မှ မရတာ။ အခန်းထဲ ထိုင်စာဖတ်နေလည်း ကျိန်းနေတာ ပျက်သွားပြီလားဆိုတာက ရှိသေးတာကိုး။ ကိုယ်က မနေနိုင်လို့ ပန်းခင်းကြားထဲက မြက်ထိုင်နှုတ်နေကြည့်။ ဘာလို့ ကိုယ်တိုင်လုပ်နေတာလဲ။ ကိုရင်တွေ မွေးထားတာပဲ၊ ရွာက တကာ တကာမတွေ ရှိနေတာပဲ။ သူတို့ကို ခိုင်းပါလားဆိုပြီး ကိုယ့်ကို အလုပ်လက်မဲ့ဘဝလည်း တွန်းပို့သေး။ အလုပ်လက်မဲလည်း စွပ်စွဲကြသေး။ အခုလည်း ရောက်လာတဲ့ တကာကြီးတယောက်က ရောက်ရောက်ချင်း ဆောက်နဲ့…

တောဘုန်းကြီး

“အရှင်ဘုရားတို့ ဘုန်းကြီးတွေက အလုပ်မရှိတော့ တရားထိုင်သင့်တယ် ဘုရား” “ဟင်” ဆိုပြီး စိတ်ထဲ တော်တော်ခုသွားတယ်။ အေးလေ ထားပါတော့ဆိုပြီး အောင့်အီးနားထောင်တယ်။ ဘယ့်နှယ် ကိုယ့်မှာ နေရင်းထိုင်ရင်း အလုပ်လက်မဲ့ ဘဝရောက်ရတယ်လို့။ အများကလည်း အဲလို မြင်နေကျဆိုတော့ ခုပေမယ့်လည်း ခုရုံပဲမို့ ခုခုနဲ့ပဲ သည်းခံလိုက်တယ်။ သည်းမခံလို့မှ မရတာ။ အခန်းထဲ ထိုင်စာဖတ်နေလည်း ကျိန်းနေတာ ပျက်သွားပြီလားဆိုတာက ရှိသေးတာကိုး။ ကိုယ်က မနေနိုင်လို့ ပန်းခင်းကြားထဲက မြက်ထိုင်နှုတ်နေကြည့်။ ဘာလို့ ကိုယ်တိုင်လုပ်နေတာလဲ။ ကိုရင်တွေ မွေးထားတာပဲ။ သူတို့ကို ခိုင်းပါလားဆိုပြီး ကိုယ့်ကို အလုပ်လက်မဲ့ဘဝလည်း တွန်းပို့သေး။ အလုပ်လက်မဲလည်း စွပ်စွဲကြသေး။ အခုလည်း ရောက်လာတဲ့ တကာကြီးတယောက်က ရောက်ရောက်ချင်း ဆောက်နဲ့ မကဘဲ ပုဆိန်နဲ့ ထွင်းလိုက်ပုံက အဲလို။…

ကြာကလပ်နဲ့ ဆွမ်းတော်တင်ကြည့်ခြင်း

ကိုယ့်ကဗျာကိုယ်ပြန်ဖတ်ရင်းနဲ့ ဒီကဗျာလေးတွေ့တယ်။ “အယုတ်များကြားမှ အရုပ်များ” ဆိုတဲ့ ကဗျာလေး။ လက်သီးနဲ့ မေရိုးကို ခပ်ပြင်းပြင်းထိုးလိုက်လည်း သူ့မေးရိုးနာရုံပဲ ရှိမှာပါပဲ ရှေးရိုးတွေ ဆေးထိုးမှားသလိုလို အမှန်တော့ နဂိုကတည်းက ပိုလီယိုရယ် သူလို ငါလို မှားတတ်နေကျထဲက ငါနည်းနည်းပိုမှားပြမယ်ဆိုပြီး ထော့နဲ့ ထော့နဲ့ လောက်ထွက်လာတယ်လို့ ဆိုရင် အနာရှိသူကို မသိမသာနဲ့ ခပ်နာနာလေး မေးငေါ့ ပြောနေကြတာကတော့ အမျိုးဘာသာ သာသနာပဲ နိုင်ငံတကာ ရွှေစျေးထက် ဒီစကားက စျေးတက်မြန်သေး ဘယ်သွားရမှန်း ဘယ်သွားနေကြမှန်း မသိသလောက် ဘာပြောလိုက်ရ ဘာကောလိုက်ရတော့ သိပ်တတ်တဲ့သူအချင်းချင်း မူးတင်း ပဲတင်း သူ့ကို ငါစျေးဆစ် ငါ့ကို သူစျေးဆစ် ဆီသည် လက်နှီးစုတ်ထက် ဘယ်သူ့ကို ပိုညစ်ပတ်ရမလဲ နှစ်ထပ်ကွမ်းရ အကယ်ဒမီမျက်နှာကြောတွေနဲ့ ဆိုစမ်ပါဦး ဒီနေ့…

တြိဇုန်

လွန်ခဲ့တဲ့ ရက်များက ပြင်ဦးလွင်က ဆရာပီတာ နောင်တောင်းမှာ သင်တန်းလာပေးတယ်။ သူက ခဏနားလိုက်တိုင်း စာရေးရေးဖြစ်တယ်လို့ ပြောတယ်။ ဒါနဲ့ သူ့ကို ပလေတို ပြောတဲ့ စာရေးတဲ့ နတ်နိုးထလာပြီပေါ့လို့ ပြောလိုက်သေးတယ်။ ကိုယ်က အခု စာရေးချင်နေတာ။ စာရေးတဲ့နတ်က မနိုးဘူး။ ရေးလိုက်တိုင်း ပြန်ပြန်ဖျက်လိုက်တယ်။ ကိုယ်ရေးတဲ့ အကြောင်းအရာတွေကလည်း အားလုံးသိပြီးသားချည်းဖြစ်နေတာကိုး။ ဆိုတော့ မရေးချင်ဘူး။ မရေးချင်ပြန်တော့လည်း ဒီလတော့ဖြင့် စာကလေး ဘာကလေး ရေးဦးမှလို့ ကိုယ့်မသိစိတ်က ကိုယ့်ကို ထပ်ထပ် သတိပေးနေတယ်။ တလောက သံလျင်ဘက်ကို မြန်မာနိုင်ငံအတွင်းရှိ ဘကကျောင်းများ သုတေသနလုပ်ဖို့ သင်တန်းသွားတက်တုန်း အပြန်မှာ ကားတစ်စီးတည်းစီးလာတဲ့ ကိုယ်တော်လေးတပါးက ပြောတယ်။ သုတေသနလုပ်နည်း သင်တန်းပေးဖို့ စီစဉ်ပေးတဲ့ ဆရာဦးခင်မောင်ဝင်းဟာဖြင့် စကားကြွယ်ဝဖို့ စာများများရေးရမယ်လို့ ပြောတယ်။…

RWCT ထဲက စာဖတ်နည်း

 ငယ်ငယ်တုန်းက ဦးရွှေအောင်ရဲ့ စာဖတ်နည်းကို ပထမဦးဆုံး သိခဲ့ရတယ်။ ဘဝအကျဉ်းသား ဆိုတဲ့ စာအုပ်ထဲမှာ ပါတယ်။ ၁။ ခေတ်အခြေအနေ (Situation) ၂။ စာရေးသူဦးတည်ချက် (Intention) ၃။ အကြောင်းအရာ (Matter) ၄။ ချဉ်းကပ်နည်း (Approach) ၅။ ရှေ့နောက် ညီညွှတ်မှု ရှိ မရှိကို သိခြင်း(Consistency) ဆိုတဲ့ နည်းငါးမျိုးဖြစ်ပါတယ်။ ကျနော့်ကို စာဖတ်နည်းမေးရင် များသောအားဖြင့် ပြောပြဖြစ်တဲ့ နည်းလေးပေါ့။ အဲဒါကို ဆရာက SIMAC လို့ဘိုလိုအတိုကောက်ကလေး လုပ်ပေးထားတယ်။ စာဖတ်တိုင်း သည်ငါးချက်နဲ့ ညီမညီဆန်းစစ်ကြည့်ရမယ်လို့လည်း ဆရာက ပြောထားတယ်။ ဆိုတော့ စာဖတ်နည်းလာလာမေးရင် ကျွန်တော်ပြောဖြစ်တယ်။ အဲနောက်ပိုင်း စာအုပ်တော်တော်များများမှာ စာရေးဆရာ တော်တော်များများရဲ့ စာဖတ်နည်းတွေကို တွေ့ရပါတယ်။ ဖေမြင့်စတဲ့ တက်ကျမ်းစာရေးဆရာတွေ…

Quotient တွေကို ဘယ်လိုသင်မလဲ

မိမိကိုယ်ကို သိရှိခြင်း သင်တန်းတွေမှာ သင်လေ့သင်ထရှိတဲ့ Quotient လေးတွေကို သည်လိုကလေး သင်ရင် မကောင်းဘူးလားလို့ တွေးကြည့်တာပါ။ ပရိုတိုကောအရတော့ စဦးဆုံး A4 ကို ခါးကနေ ဖြတ်ထားတဲ့ စာရွက်ကလေးတွေ ဝေမယ်။ စာရက်ကလေးကို ထက်ပိုင်း လေးခေါက်ခေါက်ခေါက်ခိုင်းမယ်။ ပြီးတော့ စာရွက်သားဘက်နားလေးမှာ လက်သည်းကလေးနဲ့ ၂ စင်တီမီတာလောက် ဖြတ်ထုတ်လိုက်မယ်။ ဖြန့်လိုက်မယ်ဆိုရင် အလယ်မှာ ခဲတံလုံးလောက် အပေါက်ကလေးတပေါက်ကို ရရှိမယ်။ သို့မဟုတ်ရင်လည်း ခဲတံ ဒါမှမဟုတ် ဘောလ်ပင်နဲ့ အလယ်တည့်တည့်လောက်ကို ခန့်မှန်းပြီး အပေါက်ကလေးဖောက်ခိုင်းလိုက်မယ်။ အဲဒီနောက် သင်တန်းသားတွေကို အပြင်ခေါ်ထွက်မယ်။ သင်တန်းခန်းမကနေ အပြင်ဘက် ခပ်ဝေးဝေးကို လှမ်းကြည့်လို့ရရင်လည်း မထွက်ဘူးပေါ့။ အပြင်ရောက်ရင်တော့ ခပ်လှမ်းလှမ်းရှိ သစ်ပင်သို့တည်းမဟုတ် တခုခုကို စာရွက်အပေါက်ကလေးကနေ လှမ်းကြည့်ခိုင်းမယ်။ စာရွက်အပေါက်ကလေးကနေ ဘယ်လိုကြည့်မလဲဆိုတော့…