Menu Close

Author: jqyprm

ထီနောင်ရေကန်

လွန်ခဲ့တဲ့ရက်က ကျွန်တော်ရွာပြန်တော့ ရွာအတောင်ဘက်မှာ ဟိုးအရင်က ရေစီးသန်ခဲ့ပြီး ချောင်းကြီးတစင်း ဖြစ်ခဲ့တဲ့ ရေချောင်းလေးဟာ ခုတော့ ရေမစီးတဲ့အပြင် ချောင်းအရာလေးပါ ပျောက်လုနီးသွားပါပြီ။ ချောင်းနာမည်တောင် လူတွေ မေ့တေ့တေ့ဖြစ်ကုန်ပေါ့။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းက အဲဒီချောင်းကို အမီပြုပြီးတော့ ရေအားလျှပ်စစ်တောင်ထုတ်ခဲ့သေးတယ်။ ခုတော့ မိုးတွင်းတောင် ရေမစီးတော့ဘူးတဲ။ နောက်ဆက်ပြန်တော့ နောက်ထပ်ပျောက်သွားပြီဖြစ်တဲ့ ချောင်းတစ်ချောင်းကို ထပ်တွေ့ရပြန်တယ်။ လမ်းမှာ တံတားထိုးထားတာတောင် ချိုင့်ဝှမ်းဖြစ်လို့ တံတားထိုးထားသလား မှတ်ရတယ်။ အဲဒီချောင်းဟာ တချိန်က ရေဘယ်လောက်သန်ခဲ့သလဲဆိုရင် ဆီကြိတ်တဲ့စက်ကို လှည်စေနိုင်ခဲ့တဲ့အထိပါ။ ခုတော့ ချောင်းပါ ပျောက်သွားပါပြီ။ ရွာထဲပြန်ရောက်တော့ အဝီစိတူးနေတာကို တွေ့ခဲ့ရတယ်။ ခုလောလောဆယ် အဝီစိနှစ်တွင်းရှိပြီတဲ့။ ပေ ၃၀၀ တဲ့။ ကျွန်တော့်ရွာနာမည်က အရင်က ဝမ့်ပုန်းပါ။ ကာလရွေ့လျားလာတော့ ပန့်ပုန်းဖြစ်သွားတယ်။ ဝမ့်ပုန်းဆိုတာ…

သွေး

ပအိုဝ်းကောင်းကလေးတယောက် ဆေးရုံကိုသွားပြီး သွေးလှူတယ်။ သူနာပြုက မေးတယ်။ “မောင်လေး ဘာသွေးလဲ” “ပအိုဝ်းသွေး” သည်ဟာသလေးကိုဖြင့် ပအိုဝ်းတွေ ခဏခဏပြောလို့ ခဏခဏကြားဖြစ်တဲ့ သွေးနဲ့ပတ်သက်တဲ့ ဟာသလေးပါ။ ဗမာ့သွေးဆိုတဲ့နာမည်နဲ့ အွန်လိုင်းမှာတော့ အကောင့်တွေ တွေ့ဖူးတယ်။ ဗမာ့သွေးဆိုတဲ့ စာအုပ်လား သီချင်းလား ရှိတယ်ထင်ပါတယ်။ သွေးဟာ ပအိုဝ်းသွေး ဗမာသွေးလို့ ပြောတာနဲ့အတူ ကချင်သွေး ကရင်သွေး မွန်သွေးဆိုတာလည်း ရှိချင် ရှိမယ်ထင်ရဲ့။ သွေးဟာ ပထမဆုံး လူမျိုးချင်းခွဲခြားလိုက်တယ်။ အမူအကျင့်တွေ ခွဲခြားလိုက်တယ်။ စရိုက်တွေ ခွဲခြားလိုက်တယ်။ သေချာပါရဲ့လားလို့တော့ မေးစရာ ရှိတာပေါ့။ သိပ္ပံဘက်ကတော့ သွေးအမျိုးအစား သို့မဟုတ် သွေးအုပ်စု လို့ပဲ ခွဲလေရဲ့။ သွေးနီဆဲလ်တွေ သွေးရေကြည်တွေ ကြည့်ပြီးတော့ A, B, AB, နှင့် O…

သီချင်းများနဲ့အိမ်

ကျွန်တော်ငယ်ငယ်က တယ်ဖတ်ခဲ့တဲ့ ဝတ္ထုဆိုလို့ သိုင်းဝတ္ထုရယ်၊ အချစ်ဝတ္ထုရယ်ပဲ ရှိတယ်။ အဲဒီအရှိန်တွေရယ်ကြောင့်လားတော့မသိ။ စိတ်ထဲစွဲနေတဲ့ အိမ်ကလေးက ခမ်းခမ်းနားနား သိပ်မရှိလှဘူး။ ပြီးတော့ လူတွေနဲ့ ဝေးရာမှာ အမြဲဖြစ်လေ့ရှိတယ်။ စိတ်ကူးထဲ အိမ်ကလေးက စိုက်ခင်းတွေရဲ့ အလယ်မှာ ရောက်နေတတ်တယ်။ တောထဲမှာရှိနေပေမယ့် သတ်မှတ်တဲ့အနေနဲ့ စည်းရိုးကိုလည်း သစ်ကိုင်းလေးတွေ ဖြတ်ပြီး ခနော်ခနဲ့လေးစိုက်ပြီး နှီးလေးနဲ့ တန်းလေးကို တုတ်ထားတယ်။ အကျယ်ကြီးလည်း ဟုတ်ဘူးရယ်။ သောက်ရေတွင်း တိမ်တိမ်လေးနဲ့ ခြံထောင်တနေရာမှာ မြေသြဇာလုပ်လို့ရတဲ့ အိမ်သာလေးရှိမယ်။ ခြံထွက်သီးနှံလေးတွေ ရောင်းပြီး ဘဝကို ရပ်တည်မယ်ပေါ့လေ။ သူငယ်ချင်းတွေ ပြောတာတော့ တွေးတဲ့အတွေးကိုက ငမွဲအတွေးတဲ့။ တခါမှလည်း တိုက်တွေ တာတွေကို စိတ်မကူးဖူးဘူး။ အုတ်တံတိုင်းကို မုန်းတတ်တဲ့ အကျင့်ရှိတယ်။ အုတ်ရိုးကြီးကို တွေ့ရင် အော်ဂလီဆန်သလို ဖြစ်တယ်။…

နေရာ

“လာမယ် မလာဘူးကတော့ မင်းရဲ့ သဘောပါ၊ မင်းအတွက် တနေရာ ကိုယ်ရှင်းလင်းထားပါတယ်” ဆိုလား “ဦးထားပါတယ်” ဆိုလား။ ဗဒင်သီချင်းလေး။ ဘယ်သူ့မှ ကိုယ့်ကို နေရာမဦးထားပါဘူး။ ကိုယ်ကိုယ်တိုင် မသွားဘဲနဲ့ ရောက်ရတာပါ။ အဲလို ရောက်ကြရင်း နေရာမှားကြသူများ အကြောင်းပါ။ အသွားမတော်ရင် တစ်လှမ်းပါ။ မသွားဘဲနဲ့ ရောက်ခဲ့တဲ့နေရာတွေလည်း တလှမ်းမှားကြတာပါပဲ။ စိတ်ဒဏ်ရာလေး အကြောင်းနဲ့ စချင်တယ်။ ကျွန်တော့်အနေနဲ့ဆို ညနေခြောက်နာရီလောက်ရောင်တိုင်း ‘ငါဘုရား ဝတ်တက်ရမယ်၊ ဝတ်မတက်ရင် တယောက်ယောက်က ငါ့ကို အပြစ်ပေးလိမ့်မယ်’ လို့ အမြဲတမ်း လန့်နေရတယ်။ ညနေ ခြောက်နာရီဝန်းကျင်လောက်ဆို မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်က ဓမ္မသီတဂူကျောင်းကြီးကို လှမ်းမြင်တယ်။ ပူလည်းပူ အိုက်လည်းအိုက် စိတ်လည်းမပါတဲ့ အဖြစ်ကို ခုထိကိုယ့်ကိုယ်ကို ခံစားနေရတုန်း။ ငါသွားနေခဲ့တာပဲ။ ဒါပေမယ့် ငါစိတ်ဒဏ်ရာ…

လူပီသခြင်း

တနေ့သ၌ ကျွန်ုပ်မှာ မျှော်လင့်မထားဘဲ လူဖြစ်လာ၏။ ကျွန်ုပ်ကား ထိုအဖြစ်ကို မသိ။ လူဖြစ်လာရခြင်းသည် လူဖြစ်လာရခြင်းကြောင့်ဟု ထင်၏။ လူဖြစ်လာသဖြင့် လူဖြစ်လာ၏။ လူဖြစ်လာခြင်းကြောင့် ကျွန်ုပ်မှာ ကြောင်တောင်တောင်ဖြစ်ခြင်း ဇဝေဇဝါဖြစ်ချင်း အလျဉ်းမရှိ လူဖြစ်လာသည်ကို အံ့သြရကောင်းမှန်းမသိဘဲ လူဖြစ်လာ၏။ ဤအရာသည် အဖြူဟုဆိုသဖြင့် ကျွန်ုပ်မှာ ‘အော် အဖြူတဲ့ဟ’ ဟုမှတ်ရ၏။ အမည်းဟုဆိုသည့်အရာကိုလည်း အမည်းဟု မှတ်ရပြန်၏။ အစိမ်းဆိုသဖြင့် အပြာဆိုသဖြင့် မှတ်ရ၏။ အရှေ့ အနောက်ဆိုကာ အရပ်မျက်နှာကို မှတ်ရပြန်၏။ ဤသို့သွား ဤသို့လာ ဤသို့ပြော ဤသို့နေ ဤသို့ထိုင်ဆိုသဖြင့် လိုက်လုပ်ရ၏။ ‘သြကာ သြကာ’ ဆိုသဖြင့် အိမ်ထဲရှိ ဘုရားစင်ပေါ်က ဘုရားကို ရှိခိုးခိုင်း၏။ ယေရှုထံတွင် ဆုမတောင်းခိုင်းပါ။ ကိုရ်အန်မဖတ်ခိုင်းပါ။ နဖူးပေါ် အနီစက်ကလေး မကပ်ခိုင်းပါ။…

ပြစ်မှုမြောက်သောနေ့

မနက်ခင်းထောင်ထားသော နာရီက လေးနာရီခွဲတွင် သွင်းထားသော ခပ်ညိမ့်ညိမ့်သီချင်းသံဖြင့် မြည်လာသည်။ ခပ်လှမ်းလှမ်းတွင်ရောက်နေသော ဖုန်းဆီကို အိမ်မှုန်စုံမွှားဖြင့် စမ်းပြီး ပိတ်ရန်ဖြစ်ကြောင်းခလုတ်ကို ဘေးသို့ တချက်ခတ်လိုက်၏။ ပြီးလျှင် ဆက်အိပ်လိုက်သည်။ အပြင်မှ တံခါးဖွင့်သံကြားရသည်။ ကိုရင်များ၏ ခြေသံတရှပ်ရှပ်ကြားရသည်။ ကိုရင်များ အိပ်ယာက ထလာကြလေပြီ။ “သောက်တော်ရေလှဲလေ” အပြစ်တင်သံဖြင့် ကိုရင်တစ်ပါးနှင့်တစ်ပါး အသိပေးသံကို ကြားရသည်။ ခဏနေ သောက်တော်ရေခွက်ကို မမီ့တမီဖြင့် ဆွဲချသံ သော်တော်ရေခွက်ဆေးသံနှင့် သောက်တော်ရေလှဲသံကို ကြားရ၏။ “ညီညီထိုင်ကြ” ကိုရင်များကို ဦးဆောင်ထသော ဦးပဇင်းရှိသည်။ ခါတိုင်းတွင် ဦးသီလာဝံသက ဦးဆောင်ထတတ်သော်လည်း ခုတလော ဦးခတ္တိယမှ ဦးဆောင်ပြီး ကိုရင်များကို နှိုးသည့် အလုပ်ကို လုပ်နေသည်ကို တွေ့ရသည်။ တွေ့ရသည်ဆိုခြင်းမှာ အသံကြားရ၍ ဖြစ်သည်။ ဦးဆောင်ထသော ဦးပဇင်းမှ ထုံးစံအတိုင်း…

သင်ဘယ်သူလဲ

မိမိကိုယ်ကို သိရှိခြင်း ခေါင်းစဉ်နဲ့ သင်တန်းပေးရင် ဒီခေါင်းစဉ်နဲ့ သင်ခန်းစာလေး တစ်ခုပါတယ်။ ကြောက်စရာ ကောင်းတဲ့ သင်ခန်းစာလို့ မြင်မိတယ်။ ဒါပေမယ့်လည်း ဒီသင်ခန်းစာက မိမိကိုယ်ကို သိရှိဖို့ တော်တော် အထော်ကအကူဖြစ်ပါတယ်။ သင်ဘယ်သူလဲ ဆိုတဲ့ မေးခွန်းကို လူတယောက်တည်းကိုပဲ မေးတဲ့ သင်ခန်းစာ ဖြစ်ပါတယ်။ သင်တန်းသား အခြေအနေအရ အချိန်ကို နာရီဝက် လေးဆယ့်ငါးမိနစ် စသည်ယူတတ်ပါတယ်။ အခုတော့ အဲဒီမေးခွန်းနဲ့ ကမ္ဘာကြီးကို မေးကြည့်လိုက်တယ်။ သင်ဘယ်သူလဲ။ အကြမ်းဖျင်းဆိုပေမင့် ရာခိုင်နှုန်းတော်တော်များများအားဖြင့် သင်က ဗုဒ္ဓဘာသာဆိုရင် အစ္စလာမ် (မွတ်စလင်) ကိုမုန်းမယ်။ အခြားဘာသာတွေကိုလည်း မိစ္ဆာဒိဋ္ဌိတွေလို့ မြင်မယ်။ သင်က အစ္စလာမ်ဆိုရင် ဗုဒ္ဓဘာသာကို ရန်သူလို့ထင်မယ်။ ခရိယာန်တို့ ဟိန္ဒူတို့ ဂျူးတို့ ဆစ်တို့ကို မိစ္ဆာဒိဋ္ဌိလို့ မြင်မယ်။…

Before I fall

သည် Before I fall ဇာတ်ကားလေး အကြောင်း မရေးရ မနေနိုင်လို့ ရေးကြည့်လိုက်တာပါခင်ဗျား။ ကောင်းတယ် မကောင်းဘူးက တကယ်တမ်းတော့ ကြည့်တဲ့သူနဲ့သာ ဆိုင်သလို သူ့ရဲ့ ခံစားချက်အခံနဲ့လည်း ဆိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ပထမ ကျွန်တော် review ကလေးရေးခဲ့တဲ့ What happened Monday ရုပ်ရှင်တုန်းက ပြောခဲ့သလိုပဲ ကျွန်တော်ကြိုက်မိတဲ့ ရုပ်ရှင်တော်တော်များများဟာ အမျိုးသမီးဇာတ်ဆောင် ဖြစ်နေတာတော့ မပြောတတ်ဘူး ခင်ဗျ။ ရုပ်ရှင်ကိုလည်း ကိုယ်ကိုယ်တိုင်က ဘိုလိုမတတ် နားမလည်တော့ www.goldchannelmovies.org က ဘာသာြပန်ပေးတဲ့ ကျေးဇူးနဲ့ ကြည့်ရတာမို့ ဘာသာပြန်သလောက်ပဲ နားလည်တာလည်း ပါရင်ပါမပေါ့။ သည်ရုပ်ရှင်ကို ရိုက်ကူးတဲ့သူကလည်း အမျိုးသမီးတစ်ယောက်ပဲ။ အသက်က ငယ်ငယ်လေးပဲ ရှိသေးတယ်။ နာမည်ကလည်း ဖတ်ရခက်ခက်ပဲ။ Ry Russo-…

နောက်ဘဝမှာ သင်ဘာလူမျိုး ဘယ်ဘာသာဝင်ဖြစ်ချင်လဲ

တွေးချင်ရာ တွေးတယ်။ စိတ်ပါတာရေးတယ်။ ရေးချင်တဲ့ စာလေးတွေ ရှိနေတယ်။ စိတ်ကူးထဲမှာပဲ။ တခါခါတော့လည်း စိတ်ကူးထဲက စကားတွေ ပြောမိတာ ရှိတယ်။ တခါခါတော့လည်း မနေနိုင်တော့တာ ရှိတယ်။ “မင်း ကုလားအဖြစ်နဲ့များ မွေးလာရင် မင်းဘာဖြစ်နေမလဲ၊ ဘယ်လို ဖြစ်နေမလဲ” အဘိုးက ကုလား၊ အဘွားက ကုလား။ နေလာတာကလည်း မြန်မာနိုင်ငံထဲမှာ ကြာပြီ။ အဖေကလည်း ကုလား။ အမေကလည်း ကုလား။ ဗမာစကားတွေ သို့တည်းမဟုတ် ဒေသိယစကားတွေ ကျွမ်းကျွမ်းကျင်ကျင်တောင် ပြောတတ်နေပြီဆိုရင် ဘယ်လို လုပ်မလဲ။ မမွေးခင် ရွေးခွင့်မှ မရှိတာ။ မွေးပြီးတော့လည်း ပုဗ္ဗာစရိယ မိနဲ့ဘ ဆိုတော့ ဘာများသွားပြောဦးတော့မလဲ။ မဖြစ်မနေ လက်ခံရတဲ့ ဘဝကနေ ဘာများရွေးချယ်ခွင့် ရှိဦးမလဲ။ ပတ်ဝန်းကျင်က ပြောနေတဲ့ စကားတွေ…

What Happened Monday

ဟက်ကာသည် ကွန်ပျူတာခလုတ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ နှိပ်နေသည်။ မကြာမီ သူ့မျက်နှာမှ ဝမ်းသာသည့် အရိပ်တချက် ဖြတ်ပြေးသွားသည်။ အစိုးရဌာနမှ သူတို့ သတင်းထဲ ခိုးဝင်သူ တယောက်ယောက်ရှိနေကြောင်း သိလိုက်သည်။ ချက်ချင်းပင် ခိုးဝင်သူ၏ တည်နေရာကို လိုက်ရှာသည်။ မြို့ထဲတွင် ရဲကားများစွာ၏ အော်သံကြားလိုက်ရသည်။ ဟက်ကာသည်လည်း ကားတစ်စီးပေါ်တက်ကာ မြို့ထဲတွင် ပြိုင်ကားထက် မြန်သော အရှိန်ဖြင့် မောင်းလိုက်၏။ ရဲများက အရေးကြီးသည့် အတွက် ဟတ်စကီးဖြင့် လိုက်ရပြန်သည်။ ဟက်ကာသည် တရုတ်တန်းထဲတွင် ပျောက်သွား၏။ ဟက်ကာသည် တရုတ်ဘာသာစကားဖြင့် ပြော၍ ပျောက်ကွယ်သွား၏။ ထိုကဲ့သို့ စိတ်ဝင်စားစရာ များပြားလှသည့် ဇာတ်ကားများစွာမျိုးကို အနောက်တိုင်းက ဖန်တီးသည့်နေရာတွင် စိတ်ကူးသည့်အတိုင်း တီဗွီဖန်သားပြင်တွင် အတိအကျ ဖော်ပြနိုင်၏။ တချို့ဇာတ်ကားများက တွေးကြည့်၍ပင် မရလောက်အောင် ဆန်းပြား၏။…