Breaking News

Day: November 8, 2017

ထီနောင်ရေကန်

November 8, 2017

လွန်ခဲ့တဲ့ရက်က ကျွန်တော်ရွာပြန်တော့ ရွာအတောင်ဘက်မှာ ဟိုးအရင်က ရေစီးသန်ခဲ့ပြီး ချောင်းကြီးတစင်း ဖြစ်ခဲ့တဲ့ ရေချောင်းလေးဟာ ခုတော့ ရေမစီးတဲ့အပြင် ချောင်းအရာလေးပါ ပျောက်လုနီးသွားပါပြီ။ ချောင်းနာမည်တောင် လူတွေ မေ့တေ့တေ့ဖြစ်ကုန်ပေါ့။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းက အဲဒီချောင်းကို အမီပြုပြီးတော့ ရေအားလျှပ်စစ်တောင်ထုတ်ခဲ့သေးတယ်။ ခုတော့ မိုးတွင်းတောင် ရေမစီးတော့ဘူးတဲ။ နောက်ဆက်ပြန်တော့ နောက်ထပ်ပျောက်သွားပြီဖြစ်တဲ့ ချောင်းတစ်ချောင်းကို ထပ်တွေ့ရပြန်တယ်။ လမ်းမှာ တံတားထိုးထားတာတောင် ချိုင့်ဝှမ်းဖြစ်လို့ တံတားထိုးထားသလား မှတ်ရတယ်။ အဲဒီချောင်းဟာ တချိန်က ရေဘယ်လောက်သန်ခဲ့သလဲဆိုရင် ဆီကြိတ်တဲ့စက်ကို လှည်စေနိုင်ခဲ့တဲ့အထိပါ။ ခုတော့ ချောင်းပါ ပျောက်သွားပါပြီ။ ရွာထဲပြန်ရောက်တော့ အဝီစိတူးနေတာကို တွေ့ခဲ့ရတယ်။ ခုလောလောဆယ် အဝီစိနှစ်တွင်းရှိပြီတဲ့။ ပေ ၃၀၀ တဲ့။ ကျွန်တော့်ရွာနာမည်က အရင်က ဝမ့်ပုန်းပါ။ ကာလရွေ့လျားလာတော့ ပန့်ပုန်းဖြစ်သွားတယ်။ ဝမ့်ပုန်းဆိုတာ […]

Read More