Breaking News

Day: October 17, 2017

သွေး

October 17, 2017

ပအိုဝ်းကောင်းကလေးတယောက် ဆေးရုံကိုသွားပြီး သွေးလှူတယ်။ သူနာပြုက မေးတယ်။ “မောင်လေး ဘာသွေးလဲ” “ပအိုဝ်းသွေး” သည်ဟာသလေးကိုဖြင့် ပအိုဝ်းတွေ ခဏခဏပြောလို့ ခဏခဏကြားဖြစ်တဲ့ သွေးနဲ့ပတ်သက်တဲ့ ဟာသလေးပါ။ ဗမာ့သွေးဆိုတဲ့နာမည်နဲ့ အွန်လိုင်းမှာတော့ အကောင့်တွေ တွေ့ဖူးတယ်။ ဗမာ့သွေးဆိုတဲ့ စာအုပ်လား သီချင်းလား ရှိတယ်ထင်ပါတယ်။ သွေးဟာ ပအိုဝ်းသွေး ဗမာသွေးလို့ ပြောတာနဲ့အတူ ကချင်သွေး ကရင်သွေး မွန်သွေးဆိုတာလည်း ရှိချင် ရှိမယ်ထင်ရဲ့။ သွေးဟာ ပထမဆုံး လူမျိုးချင်းခွဲခြားလိုက်တယ်။ အမူအကျင့်တွေ ခွဲခြားလိုက်တယ်။ စရိုက်တွေ ခွဲခြားလိုက်တယ်။ သေချာပါရဲ့လားလို့တော့ မေးစရာ ရှိတာပေါ့။ သိပ္ပံဘက်ကတော့ သွေးအမျိုးအစား သို့မဟုတ် သွေးအုပ်စု လို့ပဲ ခွဲလေရဲ့။ သွေးနီဆဲလ်တွေ သွေးရေကြည်တွေ ကြည့်ပြီးတော့ A, B, AB, နှင့် O […]

Read More