Breaking News

Day: October 12, 2017

သီချင်းများနဲ့အိမ်

October 12, 2017

ကျွန်တော်ငယ်ငယ်က တယ်ဖတ်ခဲ့တဲ့ ဝတ္ထုဆိုလို့ သိုင်းဝတ္ထုရယ်၊ အချစ်ဝတ္ထုရယ်ပဲ ရှိတယ်။ အဲဒီအရှိန်တွေရယ်ကြောင့်လားတော့မသိ။ စိတ်ထဲစွဲနေတဲ့ အိမ်ကလေးက ခမ်းခမ်းနားနား သိပ်မရှိလှဘူး။ ပြီးတော့ လူတွေနဲ့ ဝေးရာမှာ အမြဲဖြစ်လေ့ရှိတယ်။ စိတ်ကူးထဲ အိမ်ကလေးက စိုက်ခင်းတွေရဲ့ အလယ်မှာ ရောက်နေတတ်တယ်။ တောထဲမှာရှိနေပေမယ့် သတ်မှတ်တဲ့အနေနဲ့ စည်းရိုးကိုလည်း သစ်ကိုင်းလေးတွေ ဖြတ်ပြီး ခနော်ခနဲ့လေးစိုက်ပြီး နှီးလေးနဲ့ တန်းလေးကို တုတ်ထားတယ်။ အကျယ်ကြီးလည်း ဟုတ်ဘူးရယ်။ သောက်ရေတွင်း တိမ်တိမ်လေးနဲ့ ခြံထောင်တနေရာမှာ မြေသြဇာလုပ်လို့ရတဲ့ အိမ်သာလေးရှိမယ်။ ခြံထွက်သီးနှံလေးတွေ ရောင်းပြီး ဘဝကို ရပ်တည်မယ်ပေါ့လေ။ သူငယ်ချင်းတွေ ပြောတာတော့ တွေးတဲ့အတွေးကိုက ငမွဲအတွေးတဲ့။ တခါမှလည်း တိုက်တွေ တာတွေကို စိတ်မကူးဖူးဘူး။ အုတ်တံတိုင်းကို မုန်းတတ်တဲ့ အကျင့်ရှိတယ်။ အုတ်ရိုးကြီးကို တွေ့ရင် အော်ဂလီဆန်သလို ဖြစ်တယ်။ […]

Read More