Breaking News

Day: September 28, 2017

ပြစ်မှုမြောက်သောနေ့

September 28, 2017

မနက်ခင်းထောင်ထားသော နာရီက လေးနာရီခွဲတွင် သွင်းထားသော ခပ်ညိမ့်ညိမ့်သီချင်းသံဖြင့် မြည်လာသည်။ ခပ်လှမ်းလှမ်းတွင်ရောက်နေသော ဖုန်းဆီကို အိမ်မှုန်စုံမွှားဖြင့် စမ်းပြီး ပိတ်ရန်ဖြစ်ကြောင်းခလုတ်ကို ဘေးသို့ တချက်ခတ်လိုက်၏။ ပြီးလျှင် ဆက်အိပ်လိုက်သည်။ အပြင်မှ တံခါးဖွင့်သံကြားရသည်။ ကိုရင်များ၏ ခြေသံတရှပ်ရှပ်ကြားရသည်။ ကိုရင်များ အိပ်ယာက ထလာကြလေပြီ။ “သောက်တော်ရေလှဲလေ” အပြစ်တင်သံဖြင့် ကိုရင်တစ်ပါးနှင့်တစ်ပါး အသိပေးသံကို ကြားရသည်။ ခဏနေ သောက်တော်ရေခွက်ကို မမီ့တမီဖြင့် ဆွဲချသံ သော်တော်ရေခွက်ဆေးသံနှင့် သောက်တော်ရေလှဲသံကို ကြားရ၏။ “ညီညီထိုင်ကြ” ကိုရင်များကို ဦးဆောင်ထသော ဦးပဇင်းရှိသည်။ ခါတိုင်းတွင် ဦးသီလာဝံသက ဦးဆောင်ထတတ်သော်လည်း ခုတလော ဦးခတ္တိယမှ ဦးဆောင်ပြီး ကိုရင်များကို နှိုးသည့် အလုပ်ကို လုပ်နေသည်ကို တွေ့ရသည်။ တွေ့ရသည်ဆိုခြင်းမှာ အသံကြားရ၍ ဖြစ်သည်။ ဦးဆောင်ထသော ဦးပဇင်းမှ ထုံးစံအတိုင်း […]

Read More